Skip to main content

ပုဂ္ဂလိကဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျဝယ်ယူသည့်စနစ် ပြည်သူများ စိတ်ဝင်စားမှုနည်း မျိုးသ...



ပုဂ္ဂလိကဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျဝယ်ယူသည့်စနစ် ပြည်သူများ စိတ်ဝင်စားမှုနည်း



မျိုးသန့်



မန္တလေး၊ ဧပြီ ၈



ပုဂ္ဂလိကဘဏ်များမှ အရစ်ကျစနစ်ဖြင့် ကုန်ပစ္စည်းဝယ်လိုသူများမှာ သက်ဆိုင်ရာဌာနအာမခံချက်၊ ပစ္စည်း တန်ဖိုးထက် ပိုမိုသည့်ငွေစာရင်း ဖွင့်လှစ်ထား သူအာမခံချက်စသည်တို့ လိုအပ်သဖြင့် အများစုက စိတ်ဝင် စားမှု နည်းပါးလျက်ရှိကြောင်း သိရသည်။



ကုန်ပစ္စည်းသစ်များကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူရာတွင် ဘဏ်တိုးပေးဆောင်ရမှုများခြင်း၊ အာမခံထားရှိ ရမှုများခြင်း၊ လိုချင်သည့် ကုန်ပစ်္စည်းအမှတ်တံဆိပ်ကိုဝယ်ယူရန် မလွယ်ကူခြင်းနှင့် လိုချင်သည့်ကုန်ပစ္စည်း အလွယ်တကူမရရှိခြင်းတို့ကြောင့်ဖြစ်သည်။



“ဘဏ်တွေမှာ အရစ်ကျစနစ်နဲ့ ကုန်ပစ်္စည်းတွေကို ရောင်းချပေးမယ်ဆိုတုန်းကတော့ ၀မ်းသာပေမယ့် လုပ်ရမယ့်အချက်တွေ၊ အာမခံတွေ၊ အတိုးနှုန်းထားတွေကများတော့ စိတ်မ၀င်စားတော့ပါဘူး”ဟု ချမ်း အေးသာစံမြို့နယ်တွင် နေထိုင်သော ကုမ္ပဏီဝန်ထမ်း ကိုမျိုးကိုက ပြောသည်။



အရစ်ကျစနစ်ဖြင့် ၀ယ်ယူလိုသူများထံမှ ၀န်ထမ်းဖြစ်လျှင် လက်ရှိဌာနမှ အာမခံပေးနိုင်သော တာဝန်ရှိသူ တစ်ဦး၏ထောက်ခံချက်၊ ၀ယ်မည့်ပစ္စည်းတန်ဖိုး ထက်ပိုသော ငွေစုစာရင်းထားရှိသူတစ်ဦး၏ ထောက်ခံ ချက်၊ သက်ဆိုင်ရာနယ်မြေတာဝန်ခံ၏ ထောက်ခံချက်တို့အပြင် ဘဏ်က အခြားအချက်အလက်များ တောင်းဆိုသဖြင့် စိတ်ဝင်စားမှု လျော့ကျလာခြင်းဖြစ်သည်။



“၀န်ထမ်းဖြစ်တယ်ဆိုရင် အဲဒီဌာနတာဝန်ရှိသူရဲ့ထောက်ခံချက်ပေးရပါ့မယ်။ နောက်ပြီး ပစ္စည်းတန် ဖိုး ထက်ပိုတဲ့ ငွေပမာဏကို ဘဏ်မှာငွေစာရင်းဖွင့်ထား သူရဲ့ထောက်ခံချက်လိုပါမယ်။ အဲဒါအပြင် မှတ်ပုံ တင်နဲ့ ထောက်ခံချက် တချို့လိုအပ်ပါတယ်။ အတိုးကလည်း ပစ္စည်းပေါ်မူတည်ပြီး သတ်မှတ်သွားမှာပါ။ လတ်တလောမှာ ဒီစနစ်နဲ့ဝယ်ဖို့ပြောတဲ့သူ သိပ်မရှိပါဘူး””ဟု ပုဂ်္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူက ပြောသည်။



ခေတ်စနစ်အသစ်ပြောင်းလာခြင်း၊ ငွေကြေး ဆိုင်ရာကို ပြည်တွင်း ပြည်ပ ပိုမိုလုပ်ဆောင်လာခြင်း များကြောင့် စီးပွားရေးလုပ်ငန်းများတွင် အဆင်ပြေ သော်လည်း ပြည်ပနိုင်ငံများကဲ့သို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမှုပိုင်းတွင် ကုမ်္ပဏီများ၏ အာမခံချက်ပေးအပ်မှုနည်းနေသေးခြင်း၊ လုပ်ထုံးလုပ်နည်းကို ပြည်သူများက နားလည်မှု အားနည်းနေသေးခြင်း စသည်တို့ကြောင့် ယခုကဲ့သို့ အဆင်မပြေမှုများကို ကြုံတွေ့နေရခြင်းဖြစ်သည်။



ယခုအခါ ပုဂ္ဂလိကဘဏ်များက အရစ်ကျစနစ်ဖြင့် တိုက်ခန်း၊ ကား၊ ဆိုင်ကယ်၊ ဖုန်း၊ ကင်မရာစသည့် ပစ်္စည်းများကို ရောင်းချပေးလျက်ရှိသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/Q4zhkU

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...