မိဘသဘောတူသူကို ဘ၀လက်တွဲဖော် ရွေးချယ်မည့် သက်သခင်
မေနှင်းကြည်
ရန်ကုန်၊ မတ် ၂၃
ကိုယ်ကလည်း ချစ်မြတ်နိုးပြီး မိဘများ သဘောတူကြည်ဖြူသူကိုသာ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်သွား မည်ဟု သရုပ်ဆောင် သက်သခင်က မဇ္ဈိမ၏မေးမြန်းမှုကို တရားဝင်ဖြေကြားပေးသည်။
“အချစ်က ကိုယ့်အပေါ် နားလည်နိုင်ပြီး ပေးဆပ်နိုင်မှုလို့ နားလည်တယ်” ဟု ၎င်းက ပြောသည်။ သရုပ် ဆောင်သက်သခင်သည် ၎င်း၏ ဘ၀လက်တွဲဖော်ကို ယခုအချိန်၌ ပရိသတ် ရှေ့မပြနိုင်သေးဘဲ အဆင်ပြေ သည့် အချိန်ရောက်ရှိမှသာ အသိပေးမည်ဟု ဆိုသည်။
လက်ရှိတွင် အနုပညာအလုပ်များကို ကြိုးစားလုပ်သွားမည်ဖြစ်ပြီး အိမ်ထောင်ရေးကိုလည်း မစဉ်းစားရသေး ကြောင်း ဆိုခဲ့သည်။ ယင်းအပြင် အနုပညာရှင် တစ်ယောက်တွင် ချစ်သူရှိပါက ပရိသတ် အားပေးမှုသည် လျော့နည်းသွားမည်ကို စိုးရိမ်လျက်ရှိသော်လည်း ၎င်း၏ ရွေးချယ်မှုကို ပရိသတ်က လက်ခံမည်ဟု ယူဆ ကြောင်း ယုံကြည်မှုများစွာဖြင့် ပြောခဲ့သည်။
၎င်းသည် လက်ရှိတွင် ဟာသဇာတ်ရုပ်များကိုသာ သရုပ်ဆောင်နေရခြင်းကြောင့် မေတ္တာဘွဲ့ဇာတ်ရုပ်များ ကိုလည်း သရုပ်ဆောင်လိုသည်ဟု ပြောခဲ့သည်။ သက်သခင်သည် ၂၀၁၀ ပြည့်နှစ်တွင် မော်ဒယ်အနေဖြင့် အနုပညာလောကထဲသို့ ၀င်ရောက်လာခဲ့ပြီး အကယ်ဒမီ ဗန်းကိုင်အဖြစ် လုပ်ဆောင်ခဲ့ရာမှ ပရိသတ်ပိုမို သိ ရှိလာပြီး ယခုအချိန်၌ ဗီဒီယိုဇာတ်ကား ၂၀ ကို ရိုက်ကူးထားသူ ဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1rlIAvh
Comments
Post a Comment