Skip to main content

အထက်သံလွင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပျက်စီး လယ်ယာမြေနှင့် ရော်ဘာခြံများ လေ...



အထက်သံလွင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပျက်စီး လယ်ယာမြေနှင့် ရော်ဘာခြံများ လျော်ကြေးမရဟုဆို



ကွမ်းလုံ၊ မတ် ၂၃



အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်နေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ယင်းစီမံကိန်းများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများနှင့် ရော်ဘာခြံများအတွက် လျော်ကြေးများ မရရှိသေးကြောင်း ကွမ်းလုံမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးအယ်လ်တိန်းဘောင်က ပြောကြားသည်။



စီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ တာဝန်ရှိသူများ ကွမ်းလုံမြို့ မြို့မိမြို့ဖများနှင့် မတ်လ ၁၉ ရက်နေ့က ကွမ်းလုံမြို့ သံလွင်ဦး ခန်းမတွင် ပြုလုပ် ကျင်းပခဲ့သော အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။



လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက စီမံကိန်းအတွက် လမ်းဖောက်လုပ်ရာတွင် ဒေသခံ ပြည်သူများ ပိုင်ဆိုင်သည့် ရော်ဘာခြံများမှ ရော်ဘာ အပင်ရေ ငါးသောင်းကျော် ပျက်စီး သွားခဲ့သဖြင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက လျော်ကြေးပေးမည်ဟု ပြောပြီး အကြိမ်ကြိမ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း လျော်ကြေးပေးခြင်း မရှိသေးကြောင်း ဦးအယ်လ်တိန်းဘောင်က ဆိုသည်။



“လယ်ယာမြေနဲ့ ရော်ဘာခြံတွေအတွက် လျော်ကြေး အမြန်ဆုံးပေးဖို့ လိုတယ်။ အခု လုပ်ငန်း ထပ်စတဲ့ အချိန်မှာ ပျက်စီးဦးမယ့် လယ်ယာမြေတွေ၊ ရေကာတာရဲ့ ရေဝပ် ဧရိယာတွေကြောင့် ပျက်စီးဦးမယ့် လယ်ယာမြေတွေကို တိတိကျကျ တွက်ချက်ပြီး လျော်ကြေးတွေ အရင်ပေးဖို့ လိုတယ်။ အဲဒီလို မလုပ်ဘူး ဆိုရင်တော့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။



ပျက်စီး လယ်ယာမြေ၊ ခြံမြေ တစ်ဧကို ပေးလျော်မည့် လျော်ကြေးနှုန်းထား များကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။



အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ် စီမံကိန်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hanergy Holding Group Limited နှင့် မြန်မာနိုင်ငံမှ Asia World Company Limited တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။



အထက်သံလွင် ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မည် ဆိုပါက ပြည်သူများကို အန္တရာယ် မကျရောက်အောင် လုပ်ဆောင်မည်ဟု လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများက တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အာမခံကြောင်း အခိုင်အမာ ကတိပေးရန် လိုကြောင်း ဦးအယ်လ်တိန်းဘောင်က ဆိုသည်။



ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ခြင်းနှင့် ရေလှောင်တမံကြောင့် ဆုံးရှုံးမည့် ရွာ၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ စိုက်ပျိုးမြေများ၊ သီးနှံပင် များတို့ အတွက် မူလထက် သာလွန်သော အဆောက်အအုံ များနှင့် ကျေးရွာ အသစ်များ ဆောက်လုပ်ပေးမည့် အပြင် လယ်ယာမြေ အသစ် များ ဖော်ထုတ်ပေးပြီး ငွေကြေး ထောက်ပံ့ခြင်း၊ လျော်ကြေး ပေးလျော်ခြင်း၊ နစ်နာကြေးများ ပေးအပ်မည် ဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများမှ တာဝန်ရှိသူများက တရားဝင် ပြောဆိုခဲ့သည်။



အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း မြို့နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် နောင်ဖ ရေအားလျှပ်စစ် စီမံကိန်းနှင့် သံလွင်မြစ်အတွင်း စီးဝင်သော နမ့်မ မြစ်ပေါ်တွင် တည်ဆောက်မည့် မန်တောင်း ရေအားလျှပ်စစ် စီမံကိန်းတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hydrochina Corporation နှင့် မြန်မာနိုင်ငံမှ IGOEC တို့ အကျိုးတူ ပူးပေါင်း အကောင်အထည် ဖော်နေသည်။



“သံလွင်မြစ်က ကျွန်တော်တို့ တန့်ယန်းမြို့နယ် တစ်ခုတည်း ပိုင်တာ မဟုတ်ဘူး။ ဖြတ်သန်းစီးဆင်းတဲ့ အထက်၊ အလယ်၊ အောက်မှာရှိတဲ့ ပြည်သူလူထု အားလုံး ရဲ့ သဘောတူညီမှု ရဖို့လိုတယ်။ အချိန်ကာလ တစ်ခုပေးပြီး လူထုဆန္ဒကို ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူဖို့ လိုတယ်” ဟု တန့်ယန်းဒေသခံ တစ်ဦးက ပြောကြားသည်။



သံလွင်မြစ်ပေါ်တွင် တည်ဆောက်နေသည့် အဆိုပါ စီမံကိန်းများသည် ဘေးထွက် ဆိုးကျိုးများသည်ဟု ဆိုကာ စီမံကိန်းများကို ရပ်တန့်ပေးရန် အဖွဲ့အစည်းပေါင်း ၁၃၁ ဖွဲ့က တောင်းဆိုထားသည်။



နေမျိုးနွယ်

from The Voice Weekly's Facebook Wall http://ift.tt/1iSLiEL

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3