တပ်ဖွဲ့ဝင်သစ်များကို နှိပ်စက်မှုပြုလုပ်ခဲ့ကြောင်း သီရိလင်္ကာစစ်တပ်ဝန်ခံ
သည်တိုင်းအော့ဖ်အိန္ဒိယ
ကိုလံဘို၊ မတ် ၂၃
အမျိုးသမီးတပ်ဖွဲ့ဝင်သစ်များအား ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း သီရိလင်္ကာစစ်တပ်က ၀န်ခံပြောကြားခဲ့သည်ဟု မတ်လ ၂၃ ရက်က သည်တိုင်းအော့ဖ်အိန္ဒိယသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စစ်တပ်အရာရှိများက တမီးလ်သူပုန်များအပေါ် ဆက်ဆြံပုမှုများနှင့် ပတ်သက်ပြီးစွပ်စွဲမှု အမျိုးမျိုးထွက်ပေါ် ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ယခုကဲ့သို့ ၀န်ခံခြင်းသည် အလွန်ရှားပါးသည့် အဖြစ်အပျက်တစ်ခုဖြစ် သည်။
အတိုက်အခံများ ရေးသားလွှတ်တင်ထားသည့် အင်တာနက်ဝက်ဘ်ဆိုဒ် စာမျက်နှာပေါ်မှ ဗွီဒီယိုရိုက်ကွက် များမှာ အစစ်အမှန်ဖြစ်ကြောင်း စစ်တပ်ပြောခွင့်ရသူ တစ်ဦးက ၀န်ခံခဲ့သည်။ ထိုဗွီဒီယို ရိုက်ကွက်များ သည် အမျိုးသမီးတပ်ဖွဲ့ဝင်များအား စစ်သားများက နှိပ်စက်နေသည်ကို ရိုက်ကူးထားခြင်း ဖြစ်သည်။ သင် တန်းဆရာများအနေဖြင့် တပ်ဖွဲ့ဝင်သစ်များအပေါ် စစ်စည်းကမ်းဖောက်ဖျက်မှုအတွက် အရေးယူဒဏ်ခတ် ရာတွင် လိုသည်ထက်ပိုပြီး အာဏာသုံးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
သီရိလင်္ကာစစ်တပ်၏ စစ်ရဲတပ်ဖွဲ့ဝင်များ တာဝန်ယူပြုလုပ်နေသည့် စုံစမ်းစစ်ဆေးမှုများအရ အဆိုပါဗွီဒီယို မှအဖြစ် အပျက်များမှာ မှန်ကန်ကြောင်းစစ်တပ် ပြောခွင့်ရပုဂ်္ဂိုလ်ဗိုလ်မှူးချုပ် ရူဝန်ဝါနိဂါသူရိယက ကြေညာ ချက်တစ်ခုတွင် ပြောဆိုခဲ့သည်။
တပ်သားသစ်များကို စစ်စည်းကမ်းဖောက်ဖျက်မှုအတွက် အပြစ်ပေးနေပုံသာဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားခဲ့သည်။ ယင်းဗွီဒီယိုကို စစ်သားတစ်ဦးက ဖုန်းဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1rlIBiP
Comments
Post a Comment