Skip to main content

သတင်းတိုများ တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုဒုတိယ၀န်ကြီးချုပ် တွန်းအားပေး တ...



သတင်းတိုများ



တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုဒုတိယ၀န်ကြီးချုပ် တွန်းအားပေး



တရုတ်နိုင်ငံသည် ယွမ်ငွေကြေးလည်ပတ်မှုအတွက် ဈေးကွက်အရင်းခံအတိုးနှုန်းနှင့် ငွေကြေးလဲလှယ်နှုန်း တို့ကို ဖော်ဆောင်သွားမည်ဟု တရုတ်ဒုတိယ၀န်ကြီးချုပ် ကျန်ဂေါင်လီက တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်နေသည့် နိုင်ငံခြားအဆင့်မြင့် အရာရှိများသို့ ပြောသည်ဟု ရိုက်တာသတင်းဌာနက မတ်လ ၂၂ ရက်တွင် ရေးသားဖော်ပြသည်။



တရုတ်နိုင်ငံသည် မျှတပွင့်လင်းသော ဈေးကွက်ဥပဒေများနှင့်အညီ ခေတ်မီလွတ်လပ်ပြီး ယှဉ်ပြိုင်နိုင်သော ဈေးကွက်စနစ်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်ဖွံ့ဖြိုးမှု ဖိုရမ်တွင် ကျန်ကပြောခဲ့သည်။



ယူကရိန်းသို့ ငွေကြေးကူညီပေးမည်ဟုအီးယူကတိပြု



ဘဏ္ဍာရေး ယိမ်းယိုင်နေသည့် လတ်တလောအခြေအနေသည် ယူကရိန်းစီးပွားရေးအတွက် အဓိကပြဿနာ ဖြစ်ပြီး ဘတ်ဂျက်လိုငွေပြမှု အကျပ်အတည်းမှ ကယ်တင်ရန်အတွက် ဥရောပသမဂ္ဂကိုယ်စားများက ယူက ရိန်းသို့ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ အကူအညီပေးသွားရန် ဥရောပကော်မရှင်က သဘောတူခဲ့သည်ဟု ဗွိုက်အော့ဖ် ရုရှသတင်းဌာနက မတ်လ ၂၃ ရက်တွင် ရေးသားဖော်ပြသည်။



ဂျာမနီနိုင်ငံမှ တန်ဖိုးကြီး Audi A3 ဆီဒင်ကားများ အိန္ဒိယတွင် ရောင်းချမည်



ဂျာမနီလုပ် ဇိမ်ခံကားအမျိုးအစား တစ်မျိုးဖြစ်သော ဈေးကြီးမြင့်သည့် Audi A3 ကားများကို အိန္ဒိယတွင် ယခုနှစ်လယ်မှစကာ ရောင်းချသွားမည်ဖြစ်ကြောင်း ဘင်းစနစ်စတန်းဒက် သတင်းဌာနက မတ်လ ၂၃ ၇က်တွင် ရေးသားဖော်ပြသည်။



Audi A3 Sedan ဇိမ်ခံကားများကို ဥရောပရှိနိုင်ငံအနည်းငယ်တွင်သာ ရောင်းချလျက်ရှိပြီး လာမည့် ဧပြီလ ရောက်မှသာ အမေရိကန်တွင် ရောင်းချမည်ဖြစ်သူဟုလည်း ဘင်းစနစ်စတန်းဒက် သတင်းဌာနက ရေး သား ဖော်ပြခဲ့သည်။



သကြားထုတ်လုပ်မှု ငါးရာခိုင်နှုန်းကျဆင်းနိုင်ဖွယ်ရှိကြောင်း ISMA ခန့်မှန်း



အိန္ဒိယ သကြားစက်ရုံ အဖွဲ့အစည်း ISMA က ယခုနှစ်သကြားရာသီတွင် သကြားထုတ်လုပ်မှုသည် တန် ချိန် ၂၃၈ သိန်းတန်ချိန်ရှိမည်ဟု ခန့်မှန်းထားသည်ဟု သည်အီကွန်နော့မစ်တိုင်းမ် သတင်းဌာနက မတ်လ ၁၈ ရက်တွင် ရေးသားဖော်ပြသည်။



ယင်းပမာဏသည် ပြီးခဲ့သည့်နှစ် သကြားထုတ်လုပ်မှု တန်ချိန် ၂၃၁ သိန်း တန်ချိန်နှင့် နှိုင်းယှဉ်လျှင် ငါးရာ ခိုင်နှုန်း လျော့နည်းမည့် လက္ခဏာဖြစ်သည်ဟု သည်အီကွန်နော့မစ်တိုင်းမ် သတင်းဌာနက ရေးသားဖော် ပြသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/OQjupk

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...