Skip to main content

ပျောက်ဆုံး မလေးရှားလေယာဉ်ကို ရှာဖွေနေသည့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ခါးပတ်ကြိုးများနှင့် ကုန်တင်သစ်သား အခင်းပြားတစ်ခု ရှာတွေ့





ပက်သ်၊ မတ်၂၃

ဂြိုဟ်တုဓာတ်ပုံများမှ ရရှိသော သဲလွန်စများအရ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံး မလေးရှား လေယာဉ်ကို ရှာဖွေလျက်ရှိရာ ပြီးခဲ့သော စနေနေ့က လေယာဉ်၊ သင်္ဘောတို့တွင် ကုန်စည် သယ်ဆောင်ရာ၌ အသုံးပြုသော သစ်သား အခင်းပြားတစ်ခုကို ခါးပတ်ကြိုး (သို့မဟုတ်) သိုင်းကြိုးများနှင့်အတူ ရှာဖွေတွေ့ရှိခဲ့သည်ဟု သြစတြေးလျ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

“အတိအကျ ပြောဖို့တော့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင် ကျွန်တော်တို့မှာ အလွန်ယုံကြည် အားထားရတဲ့ သဲလွန်စတွေ အတော်များများ ရရှိထားပြီဆိုတာ ထင်ရှားပါတယ်” ဟု သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က ပြောကြားခဲ့သည်။


ပျောက်ဆုံး မလေးရှားလေယာဉ်၏ အစိတ်အပိုင်း ဖြစ်နိုင်ဖွယ်ရှိသော အရာဝတ္ထုနှစ်ခုကို သြစတြေးလျ ဂြိုဟ်တုက ထောက်လှမ်း တွေ့ရှိခဲ့သော ရေပြင်ဧရိယာ အနီး၌ တရုတ်ဂြိုဟ်တုက လေယာဉ် အပျက်အစီး အပိုင်းအစဟု ယူဆရသော အရာဝတ္ထုတစ်ခု ထောက်လှမ်းတွေ့ရှိခဲ့သည့် နေ့မှာပင် ရှာဖွေရေး တပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ကုန်တင် သစ်သားအခင်းပြား တစ်ခုကို သိုင်းကြိုးများနှင့်အတူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။


ထို့အတူ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် ပြင်သစ် အာဏာပိုင်များကလည်း သြစတြေးလျနှင့် တရုတ်ဂြိုဟ်တုတို့ သဲလွန်စများ ထောက်လှမ်း တွေ့ရှိထားသည့် ရေပြင်ဧရိယာတွင် ပျောက်ဆုံး လေယာဉ်၏ အစိတ်အပိုင်းဟု ယူဆရသော အရာဝတ္ထုတစ်ခုကို ဂြိုဟ်တုမှ တစ်ဆင့် တွေ့ရှိထားကြောင်း ကြေညာခဲ့ပြီး ဂြိုဟ်တု ဓာတ်ပုံများကို မလေးရှား အာဏာပိုင်များထံ ပေးပို့ခဲ့သည်။


ကုန်တင်သစ်သား အခင်းပြားများကို လေယာဉ်များတွင်သာမက သင်္ဘောများတွင်လည်း အသုံးပြုလေ့ ရှိသဖြင့် ယခုတွေ့ရှိသော သစ်သားအခင်းပြားမှာ ပျောက်ဆုံး မလေးရှားလေယာဉ်မှ ဖြစ်သည်ဟု အတိအကျ ယူဆရန် မဖြစ်နိုင်သော်လည်း သဲလွန်စများ တစ်ခုပြီးတစ်ခု တွေ့လာရသဖြင့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ရှာဖွေရေး လုပ်ငန်းများကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။


သြစတြေးလျ အနောက်ဘက် ကမ်းခြေမှ အနောက်တောင်ဘက် မိုင်ပေါင်း ၁၅၀၀ ကျော်ဝေးသော သမုဒ္ဒရာ ရေပြင်တွင် စစ်ဘက်လေယာဉ် လေးစင်း၊ အရပ်ဘက်လေယာဉ် လေးစင်းနှင့် စစ်သင်္ဘော တစ်စီးတို့ဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် သြစတြေးလျ နိုင်ငံတို့ကလည်း အဆိုပါ ဧရိယာသို့ သင်္ဘောများ ထပ်မံစေလွှတ်ထားသည်။

“ရှာဖွေတဲ့နေရာမှာ လေယာဉ်တွေ၊ သင်္ဘောတွေ ပိုများလာလေလေ ဂြိုဟ်တုက တွေ့ထားတဲ့ အရာဝတ္ထုတွေကို ရှာတွေ့ဖို့ ပိုပြီး နီးစပ်လေလေပါပဲ” ဟု တိုနီအက်ဘော့က ပြောကြားသည်။


လူ ၂၃၉ ယောက်ကို တင်ဆောင်သွားသော မလေးရှားလေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီးသည် မတ်လ ၈ ရက်နေ့တွင် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် ဗီယက်နမ် လေပိုင်နက် အတွင်းသို့ ဝင်ခါနီး၌ မြေပြင် ထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။


စတင်ပျောက်ဆုံးခါစ စက်ချို့ယွင်းကာ တောင်တရုတ် ပင်လယ်အတွင်း ပျက်ကျသွားခြင်း ဖြစ်မည်ဟု ယူဆပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်း စုံစမ်းတွေ့ရှိမှုများအရ လေယာဉ်သည် မြေပြင်စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် မူလလမ်းကြောင်းအတိုင်း ဆက်မသွားဘဲ နောက်ကြောင်း ပြန်လှည့်ကာ နောက်ထပ် ၇ နာရီခန့် ပျံသန်းခဲ့ကြောင်း တွေ့ရှိရသဖြင့် ရှာဖွေသည့် ဧရိယာကို ထပ်မံတိုးချဲ့ခဲ့ရသည်။


ထို့အပြင် လေယာဉ်ကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်း ပြောင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း စုံစမ်း တွေ့ရှိထားရသဖြင့် အကြမ်းဖက်မှု (သို့မဟုတ်) ပြန်ပေးဆွဲမှု ဖြစ်မည်ဟု ယူဆမှုများလည်း ရှိနေသည်။


The Voice Weekly






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1jttIW8

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...