Skip to main content

သတင်းစာ သင်တန်းကျောင်း တည်ထောင်ရန် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း ရန်ကုန်၊ မတ်...



သတင်းစာ သင်တန်းကျောင်း တည်ထောင်ရန် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း



ရန်ကုန်၊ မတ် ၂၃



မြန်မာ့စာနယ်ဇင်းသမား အများစု ပါဝင်ရန် ရည်ရွယ်ထားသည့် မြန်မာ စာနယ်ဇင်း သင်တန်းကျောင်း (Myanmar Journalism Institute) တည်ထောင်ရေးအတွက် ဒါရိုက်တာအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကော်မတီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။



အဆိုပါ သင်တန်းကျောင်း ဖြစ်မြောက်ရေးအတွက် ရန်ကုန်မြို့ Orchid ဟိုတယ်တွင် မတ်လ ၂၃ ရက် နေ့က Myanmar Journalism Institute တည်ထောင်ရေး အခမ်းအနား ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ယခင်ဖွဲ့စည်းရန် ရည်ရွယ်ထားသည့် ဒါရိုက်တာ အဖွဲ့အစား ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။



အဆိုပါ သင်တန်းကျောင်းကို ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်၊ ဒိန်းမိတ်နိုင်ငံနှင့် ယူနက်စကို (UNESCO) အဖွဲ့တို့မှ အလှူရှင်များနှင့် မြန်မာနိုင်ငံ အခြေစိုက် ရုပ်သံမီဒီယာ ကုမ္ပဏီတစ်ခုဖြစ်သော Forever Group တို့က မတည်မည် ဖြစ်ကြောင်း IMS ၏ အကြီးတန်း အကြံပေး Mr.Jorgen Ringgard က ပြောကြားသည်။

“သင်တန်းကျောင်းကို လာမယ့် ၁ ရက်နေ့မှာ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ နေရာကတော့ ရှာနေတုန်းပါ။ Forever Groupက ပုဂ္ဂလိက ဖြစ်ပေမယ့် စီမံခန့်ခွဲမှုအပိုင်းမှာ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး” ဟု ၎င်းက The Voice သို့ ပြောကြားသည်။

“မြန်မာနိုင်ငံလို အသွင်ကူးပြောင်းစ နိုင်ငံတွေမှာ ဒီလို Institute တွေက ပိုပြီးလိုအပ်ပါတယ်။ ဒါကို ရေရှည် ရပ်တည်နိုင်ဖို့အတွက် ပြည်တွင်းက မီဒီယာတွေကိုပဲ အားပြုရပါမယ်။ အားလုံးပါဝင်ဖို့လည်း လိုပါတယ်” ဟု ၎င်းကဆိုသည်။



မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကမူ အဆိုပါ သင်တန်းကျောင်းသည် အမှန်တကယ် လွတ်လပ်ပြီး အမှန်တကယ် အမှီအခိုကင်းရန် လိုအပ်သည်ဟု ထောက်ပြသည်။



ဒါရိုက်တာအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီတွင် ပုဂ္ဂလိက ပုံနှိပ်မီဒီယာနှင့် သတင်းဌာနများမှ ကိုယ်စားလှယ် သုံးဦး၊ ပုဂ္ဂလိက ရုပ်သံမီဒီယာမှ ကိုယ်စားလှယ်တစ်ဦး၊ Communit မီဒီယာမှ ကိုယ်စားလှယ်တစ်ဦး၊ အွန်လိုင်း မီဒီယာမှ ကိုယ်စားလှယ်တစ်ဦး၊ လူမျိုးစု မီဒီယာ (ethnic media) မှ ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသမီး စာနယ်ဇင်းသမား ကိုယ်စားလှယ်နှစ်ဦး၊ စာနယ်ဇင်းသမားနှင့် ဆက်စပ်သော အသင်းအဖွဲ့များမှ ကိုယ်စားလှယ်နှစ်ဦး၊ စာနယ်ဇင်းကောင်စီမှ ပုဂ္ဂိုလ်သုံးဦးနှင့် IMS ၏ အကြီးတန်း အကြံပေး အပါအဝင် စုစုပေါင်း ၁၅ ဦးပါဝင်သည်။



Myanmar Journalism Institute သည် ပြည်တွင်းရှိ သင်တန်းသားများကို စာနယ်ဇင်း အတတ်ပညာ စာတွေ့၊ လက်တွေ့တစ်နှစ် သင်ကြားပေးမည့် ဒီပလိုမာသင်တန်း ဖြစ်ကြောင်း၊ Myanmar Journalism Institute သည် အကျိုးအမြတ် မထားသော Institute အဖြစ် ရပ်တည်မည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားထံမှ သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1lfKZGO

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...