Skip to main content

တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တိုင်းဒေသကြီး လေးခုတွင် ယှဉ်ပြိုင်မည်ဟုဆိ...



တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တိုင်းဒေသကြီး လေးခုတွင် ယှဉ်ပြိုင်မည်ဟုဆို



ပုသိမ်၊ မတ် ၂၃



မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လေးခုတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောကြားသည်။



ပုသိမ်မြို့ ကန်သာယာ ပြည်ထောင်စုကွင်းတွင် မတ်လ ၂၂ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် ဒေသခံ လယ်သမား ပါတီဝင်များ တွေ့ဆုံ မိတ်ဆက်ပွဲတွင် ဦးကျော်စွာစိုးက ပြောကြားခဲ့ခြင်း ဖြစ်သည်။



ယင်းတွေ့ဆုံပွဲတွင် တောင်သူလယ်သမား အများစုမှာ ဆင်းရဲတွင်းနက်သည့် အပြင် မြန်မာနိုင်ငံတွင် အနှိမ်အခံရဆုံး လူတန်းစားများ ဖြစ်ကြကြောင်း၊ စပါးပွဲစားက မယားငယ်ထား၍ စက်ပိုင်က တိုက်ဆောက်နေချိန်တွင် လယ်သမား အများစုမှာ ဗိုက်မှောက်နေကြရကြောင်း၊ လယ်သမားများမှာ ခါးတောင်းကျိုက်ပြီး လုပ်ကိုင်နေရသော်လည်း ကျောမွဲဘဝမှ မတက်ကြရခြင်းကြောင့် ယင်းသို့ ယှဉ်ပြိုင်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။



“ဥပဒေကို လယ်သမား အများစုက နားမလည်ကြဘူး။ ဥပဒေ နားလည်တဲ့ လူတစ်စုက ဥပဒေ နားမလည်တဲ့ လူထုကို ဥပဒေ စကားလုံးတွေ သုံးပြီး ဖိနှိပ်မှုများ လုပ်ခဲ့တာကြာပြီ။ လယ်သမားတွေမှာ ပြောပိုင်ခွင့်သာ ရှိပြီး လုပ်ပိုင်ခွင့် မရှိကြဘူး” ဟု ၎င်းကဆိုသည်။



ပုသိမ်မြို့တွင် ကျင်းပသော အဆိုပါ ဆွေးနွေးပွဲကို ဧရာဝတီတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် အဖွဲ့ခွဲက ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ ချောင်းသာ ဒေသတွင် မတ်လ ၂၂ ရက်နေ့က ပါတီရုံးခွဲ တစ်ခု ထပ်မံ ဖွင့်ခဲ့ကြောင်း ဆွေးနွေးပွဲသို့ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့် မြို့နယ်၊ ရေကြည်မြို့နယ်၊ ငပုတော မြို့နယ် အတွင်းရှိ မြို့နယ်ခွဲနှင့် ကျေးရွာ အသီးသီးမှ ပါတီဝင် တောင်သူလယ်သမား ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဧရာဝတီတိုင်းဒေသကြီး၏ တိုင်းစည်းရုံးရေး အဖွဲ့ဝင် ဦးသန်းဝင်းက ပြောကြားသည်။



“ကျွန်တော်တို့က လယ်သမားအရေး ဆောင်ရွက်ပေးမယ့် လူကိုပဲ မဲပေးမှာပါ။ လွှတ်တော်ထဲမှာ လယ်သမားအရေး ပြောဆိုပေးမယ့် အမတ်တွေ နည်းနေပါတယ်” ဟု ပုသိမ်မြို့နယ် ဂွေးချောင်းရွာမှ လယ်သမားကြီး ဦးကုလားက ပြောကြားသည်။



မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီသည် မြန်မာနိုင်ငံရှိ အခြေခံ လူတန်းစား ဖြစ်သော လယ်သမားများကို ကိုယ်စားပြုကြောင်း၊ လယ်သမား အများစုရှိသော ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် ပါတီရုံးခွဲပေါင်း ၃၃ ရုံး ရှိပြီး ပါတီဝင် တစ်သန်းခွဲခန့် ရှိကြောင်း ယင်းပါတီ မှတ်တမ်းများအရ သိရှိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1hdHsSr

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...