Skip to main content

ထိုင်ဝမ်သမ္မတက တရုတ်နှင့် ကုန်သွယ်မှုစာချုပ်ကိစ္စ ပြီးပြတ်အောင် လုပ်ဆောင်မည် ရိုက်...



ထိုင်ဝမ်သမ္မတက တရုတ်နှင့် ကုန်သွယ်မှုစာချုပ်ကိစ္စ ပြီးပြတ်အောင် လုပ်ဆောင်မည်



ရိုက်တာ



တိုင်ပေ၊ မတ် ၂၃



ထိုင်ဝမ်သမ္မတ မာယင်ဂျိုးသည် နိုင်ငံတွင် လက်ရှိအငြင်းပွားနေသော တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး သဘောတူညီမှု စာချုပ်ကိစ္စကို ပြီးပြတ်အောင် လုပ်ဆောင်ရန် လုပ်အပ်နေသည်ဟု ပြောကြားလိုက်ပြီး ပါလီမန် အဆောက်အအုံကို သိမ်းပိုက်ထားသော ဆန္ဒပြသူများကိုလည်း ဒီမိုကရေစီစနစ်ကို လေးစားမှု ရှိရန်နှင့် အဆောက်အအုံမှ ပြန်လည်ထွက်ခွာရန် တနင်္ဂနွေနေ့က မေတ္တာရပ်ခံ တောင်းဆိုလိုသည်ဟု ရိုက်တာသတင်းဌာနက မတ်လ ၂၃ ရက်တွင် ရေးသားဖော်ပြသည်။



၎င်းကုန်သွယ်မှု သဘောတူညီမှုစာချုပ်ကို ထိုင်ဝမ်ပါလီမန်က ခွင့်ပြုပေးလိုက်ခြင်းသည် ထိုင်ဝမ်နှင့်တရုတ် နိုင်ငံတို့အကြား ပိုမိုကြီးမားသော စီးပွားရေးပေါင်းစည်းမှု လမ်းကြောင်းကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ပြီး ထိုင်ဝမ်သို့ တရုတ်ဝန်ဆောင်မှု ကဏ္ဍ ၈၀နှင့် တရုတ်နိုင်ငံသို့ ထိုင်ဝမ်ဝန်ဆောင်မှုကဏ္ဍ ၆၄ ရပ်တို့ကို ရင်းနှီးမြှုပ်နှံရန် လမ်းဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။



သို့ရာတွင်လည်း ဆန္ဒပြသူများသည် ၎င်းစာချုပ်ကြောင့် ထိုင်ဝမ်နိုင်ငံအပေါ် တရုတ်တို့၏ စီးပွားရေးလွှမ်းမိုး မှုများ ရှိလာမည်ကို စိုးရိမ်ပူပန်လျက် ရှိသည်။ ထိုင်ဝမ်နိုင်ငံ၏ ကုန်တင်ပို့မှုတွင် အများဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ယင်းစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်းမရှိခဲ့လျှင် နိုင်ငံ၏စီးပွားရေးတွင် ထိခိုက်မှုများ ရှိ မည်ဟု သမ္မတမာက ထိုင်ပေမြို့တွင် သတင်းထောက်များကို ပြောသည်။



သမ္မတ မာသည် ၂၀၀၈ ခုနှစ် ၎င်းအာဏာရလာကတည်းက တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု စီးပွားရေး ကဏ္ဍတို့တွင် သဘောတူညီမှု စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ထို့ပြင် သမ္မတက ထိုင်ဝမ် နိုင်ငံသည် အမေရိကန်နိုင်ငံ ဦးဆောင်သော နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်သည့် စီးပွားရေး ပူးပေါင်းမှု အဖွဲ့ အစည်း Trans Pacific Partnership နှင့် ပူးပေါင်းနိုင်ရန်အတွက် ၎င်းစာချုပ်တွင် လက်မှတ်ရေးထိုးခြင်း ကိစ္စမှာ မရှိမဖြစ် အရေးပါသည်ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ သမ္မတက ဆန္ဒပြသူ လူငယ်များ၏ နိုင်ငံချစ်စိတ် ပြင်းထန်မှုကိုလည်း နားလည်သဘောပေါက်သည်ဟု ဆိုသည်။ သို့ရာတွင် ပါလီမန် အဆောက်အအုံကို တရားမ၀င် သိမ်းပိုက်ထားခြင်းသည် အစိုးရ၏ လုပ်ငန်းဆောင်တာကိစ္စရပ်များကို ထိခိုက်စေသဖြင့် ပြန်လည်ရုတ်သိမ်းသင့်သည်ဟု ပြောကြားသည်။



ထိုင်ဝမ်နိုင်ငံ၏အဓိက အတိုက်အခံပါတီဖြစ်သော တိုးတက်သော ဒီမိုကရက်တစ်ပါတီက ၎င်းစာချုပ် ကြောင့် နိုင်ငံရှိ အသေးစားဝန်ဆောင်မှုကုမ္ပဏီများနှင့် နိုင်ငံ၏စီးပွားရေး ပျက်စီးထိခိုက်မည်ကို စိုးရိမ်မိ သည်ဟု ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1rlIBPR

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...