Skip to main content

သမီးကလေးကျေးရွာ နေသူများကို ကြံ့ခိုင်ရေးပါတီက မြေကွက်ချပေးမည် ရန်ကုန်၊ မတ် ၂၃...



သမီးကလေးကျေးရွာ နေသူများကို ကြံ့ခိုင်ရေးပါတီက မြေကွက်ချပေးမည်



ရန်ကုန်၊ မတ် ၂၃



ပဲခူးတိုင်းဒေသကြီး အလိုင်နီ ကျေးရွာရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ခိုလှုံလျက် ရှိသော သမီးကလေး ကျေးရွာနေ ပြည်သူများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီရန်ပုံငွေဖြင့် လှည်းကူးမြို့နယ် ဖောင်ကြီးမြို့အနီး ဝါးယားကုန်း ကျေးရွာတွင် မြေ ၁၁ ဧက ဝယ်ယူကာ မဲစနစ်ဖြင့် မြေကွက် ချပေးမည် ဖြစ်ကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက The Voice သို့ ပြောကြားသည်။



ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ အဖွဲ့က တပ်ပိုင်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟု ဆိုကာ အင်အားသုံး ဖယ်ရှားခံရသော သမီးကလေး ကျေးရွာနေသူ လူဦးရေ ၅၀၀ ကျော် ရှိသည့် အိမ်ထောင်စု ၁၅၇ စုကို အိမ်ထောင်တစ်စုလျှင် ပေ ၄၀၊ ပေ ၆၀ မြေကွက် အခမဲ့ ပေးအပ်မည် ဖြစ်ကြောင်း သမီးကလေး ကျေးရွာသူ ကျေးရွာသားများ ထံမှ သိရှိရသည်။



“အိမ်ထောင်စု အားလုံးအတွက် မြေကွက်တွေ ရိုက်ပြီးပြီ။ စက်ရေတွင်း နှစ်တွင်းက လောလောဆယ် တစ်တွင်း တူးပြီးလို့ သောက်သုံးရေ ရနေပြီ။ ပဲခူးတိုင်းဘက်က မတ်လ ၃၀ ရက်နေ့ အပြီး ရွှေ့ပေးမယ် ဆိုတာကြောင့် အချိန်မီ ပြောင်းရွှေ့နိုင်အောင် ဆောင်ရွက်နေတယ်။ မဲစနစ်နဲ့ မြေနေရာပေးမှာ ဖြစ်လို့ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ပြီး ပြောင်းရွှေ့လာ သူတွေရဲ့ ရှေ့မှာတင် မြင်သာစွာ မဲနှိုက်ခိုင်းမှာပါ” ဟု လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ရှင်းပြသည်။



အောင်သိဒ္ဓိကျောင်းတွင် ခိုလှုံနေသော သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၁၅၇ စုအနက် တစ်ဝက်ခန့်မှာ အခမဲ့နေရာ ချထားပေးမည့် ဝါးယားကုန်း ကျေးရွာသို့ ပြောင်းရွှေ့ပြီးပါက စိုက်ပျိုးလုပ်ကိုင်ရန် မြေနေရာ မရှိသောကြောင့် လိုက်ပါ မပြောင်းရွှေ့လိုကြောင်း အဆိုပါ ကျေးရွာသူ ရွာသားများထံမှ စုံစမ်း သိရှိရသည်။



“လိုက်မနေမယ့် အိမ်ထောင်စုက တစ်ဝက်လောက် ရှိတယ်။ နေရေး အဆင်ပြေပေမယ့် စားရေးအတွက် အလုပ်အကိုင် အဆင်မပြေတာကြောင့် မလိုက်ချင်တာလို့ သိရတယ်။ ဒါပေမဲ့ ပဲခူးတိုင်းက ဒီလ ၃၀ ရက်နေ့ အပြီးသတ် ရွှေ့ခိုင်းတာကြောင့် ကျောင်းမှာ ဆက်ထားလို့ မရတော့ဘူး။ အဆင်ပြေမယ့် တစ်နေရာ ရှာပြီး ကူညီပေးရုံပဲ ရှိတော့တယ်” ဟု အောင်သိဒ္ဓိကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။



အောင်သိဒ္ဓိကျောင်းတွင် ခိုလှုံနေသူများကို အလှူရှင်များက ကျေးရွာ ဖယ်ရှားခံရစဉ်က နေ့စဉ်လာရောက် လှူဒါန်းခဲ့ကြသော်လည်း ယခုရက်ပိုင်းတွင် လာရောက် လှူဒါန်းသူများ မရှိသောကြောင့် နေ့စဉ် စားသောက် ကုန်ကျစရိတ် ငွေကျပ် နှစ်သိန်းနီးပါးခန့် အခက်အခဲ ကြုံတွေ့နေရကြောင်း ကျောင်းထိုင် ဆရာတော်ထံမှ သိရှိရသည်။



“အဓိက နေစရာရှိမှ ဖြစ်မှာ။ မြေနေရာ အခမဲ့ပေးမယ့် ဝါးယားကုန်း ရွာဘက်မှာ စိုက်ပျိုးစရာ မြေမရှိလို့ မပြောင်းချင်ဘူး ဆိုတာထက် အာဏာပိုင် အဖွဲ့အစည်းတွေက အကြိမ်ကြိမ် နှင်ထုတ် ခံနေရမှု မရှိတဲ့ ကိုယ်ပိုင်မြေ နေရာမှာ ကြုံရာအလုပ် လုပ်ကိုင်ပြီး မိသားစု ဘဝကို အေးဆေး ရပ်တည် နေထိုင်ခွင့်ရရင် ကျေနပ်ပြီ” ဟု ဖောင်ကြီးမြို့ ဝါးယားကုန်း ကျေးရွာအနီး မြေနေရာသို့ လိုက်ပါ ပြောင်းရွှေ့ နေထိုင်မည့်မည့် သမီးကလေး ကျေးရွာသား ကိုကျော်စိန်ဦးက ပြောကြားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1oSdiKx

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...