သတင်းတိုများ
ယူနိုက်တက်အမရဘဏ် ယခုနှစ်အတွင်း ATM ငွေထုတ်စက်များ ထပ်မံထားရှိမည်
၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်နှင့် မန္တလေးနှစ်မြို့အတွင်း ATM ငွေထုတ်စက်အလုံး ၇၀ ခန့်ထားရှိသွားမည်ဟု ယူနိုက်တက်မရဘဏ် (UAB) မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။
လက်ရှိတွင်ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးသုံးမြို့အတွင်း ATM စက် အလုံးရေ ၂၂ လုံးထားရှိပြီး ဖြစ်သည်ဟုလည်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ကျောက်မျက်ရတနာ ဈေးရောင်းပွဲတော် ကျင်းပမည်
Star Event Production မှ ဂျွန်လွင် စီစဉ်ကျင်းပသော New Star Grem & Jewellery ၏ (၂၁)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား မတ်လ ၂၅ ရက်တွင် Sedona Hotel တွင် ကျင်းပမည်ဖြစ်ပြီး မတ်လ ၂၆ ရက်တွင် ကျောက်မျက်ရတနာ ဈေးရောင်းပွဲကို အမှတ် ၃၀၊ ရွှေတိဂုံ ဘုရားလမ်းတွင် အထူးဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်သည်ဟု အဆိုပါပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1rlIzrb
Comments
Post a Comment