Skip to main content

ယူနန်အခြေစိုက် သတင်းဌာန မင်္ဂလာမြန်မာရုံးခွဲ မြန်မာနိုင်ငံတွင် ဖွင့်မည် ရန်ကုန်၊...



ယူနန်အခြေစိုက် သတင်းဌာန မင်္ဂလာမြန်မာရုံးခွဲ မြန်မာနိုင်ငံတွင် ဖွင့်မည်



ရန်ကုန်၊ မတ် ၂၃



တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အစိုးရအောက်ရှိ ကူမင်း အခြေစိုက် တရုတ်သတင်းဌာန တစ်ခုဖြစ်သော မင်္ဂလာမြန်မာ သတင်းဌာနက ရန်ကုန်မြို့တွင် ရုံးခွဲတစ်ခုကို ယခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းဌာန ရုံးအဖွဲ့မှူးက ပြောကြားသည်။



တရုတ်နိုင်ငံ၏ တစ်ခုတည်းသော မြန်မာသတင်း ဌာနကို မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနက ရုံးခန်း လာရောက် ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း မတ်လ ၁၀ ရက်နေ့က ခွင့်ပြုချက် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။



တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ပြီး နောက်ပိုင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသော ကဏ္ဍများကို တရုတ်-မြန်မာ ချစ်ကြည်ရေးကို အဓိကထား ဖော်ပြသော မဂ္ဂဇင်း ဖြစ်သည့်အပြင် www.yunnan gateway.com ဟူသည့် အင်တာနက် စာမျက်နှာကို ဖွင့်လှစ်ထားပြီး မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ဘာသာစကားများဖြင့် သတင်းများ လွှင့်တင်ကြောင်း ၎င်းကဆိုသည်။



“ဧပြီ ၃ ရက်နေ့မှာ အသိပေး ရှင်းလင်းပွဲ ရန်ကုန်မှာ လုပ်ဖို့ရှိတယ်” ဟု ပြောဆိုသော်လည်း နေရာနှင့် လုပ်ငန်း ဆောင်ရွက်ရန် အခြေအနေကိုမူ ၎င်းက ပြောကြားခြင်း မရှိပေ။



အဆိုပါ မဂ္ဂဇင်းမှာ တစ်လလျှင် အုပ်ရေ တစ်သောင်းကျော်ကို မြန်မာနိုင်ငံသို့ အခမဲ့ ပို့ပေးပြီး မန္တလေးမှ တစ်ဆင့် ဖြန့်ချိကြောင်း အဆိုပါ သတင်းဌာန အယ်ဒီတာ တစ်ဦးက ဆိုသည်။



မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း အစိုးရသစ် တက်လာပြီး နိုင်ငံရေး အပြောင်းအလဲများနှင့်အတူ သတင်းမီဒီယာများ အပေါ် ထိန်းချုပ်မှု အချို့ လျှော့ပေါ့လာခဲ့ပြီး နောက်ပိုင်း VOA အပါအဝင် ပြည်ပ သတင်းဌာနများ ဖြစ်သော RFA၊ DVB၊ AFP၊ AP၊ Reuters၊ Channel News Asia နှင့် မဇ္ဈိမ စသော သတင်းဌာနများသည် ၂၀၁၂-၂၀၁၃ ခုနှစ် ကာလအတွင်း မြန်မာနိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်ခဲ့သည်။

from The Voice Weekly's Facebook Wall http://ift.tt/1jl5uBK

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...