လယ်ယာစိုက်ပျိုးရန်၊ မွေးမြူရေး လုပ်ငန်းလုပ်ရန် မြေနေရာ လုံးဝမရှိသည့် မိသားစုများ နှင့် ၀န်ထမ်းများ၊ ပင်စင်စားများကို မြေနေရာ ပေးနိုင်ရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက လုပ်ကိုင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။
လယ်စိုက်ပျိုးရန် မြေယာလုံးဝမရှိသည့် မိသားစုများနှင့် မြေကြီးမရှိသည့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို လာမည့် တစ်နှစ်မှ နှစ်နှစ်အတွင်း မြေပေး နိုင်ရန် တိုင်းဒေသကြီး အစိုးရများက စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဦးစိုးသိန်းက မေလ ၁၁ ရက်တွင် မန္တလေးမြို့ ရွှေပြည်သာဟိုတယ်၌ ပြုလုပ်သည့် လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်တွင် ပြောကြားသည်။
မြေယာမဲ့များကို မြေပေးရန် စတင်စာရင်းကောက်နေပြီဟုဆို - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1l1l6qr
Comments
Post a Comment