Skip to main content

မလေးရှားရောက် တရားမဝင် မြန်မာများ အထောက်အထား ထုတ်ပေးရန် တစ်ကျော့ပြန်စ ရန်ကုန်၊...



မလေးရှားရောက် တရားမဝင် မြန်မာများ အထောက်အထား ထုတ်ပေးရန် တစ်ကျော့ပြန်စ



ရန်ကုန်၊ မေ ၁၁



မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာများကို နှစ်နိုင်ငံ သဘောတူညီမှု စနစ်အရ ဧပြီလ၂၄ ရက်နေ့မှ စတင်ကာ အထောက်အထား ထုတ်ပေးလျက် ရှိကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။



ယင်းအစီအစဉ်ကို ခြောက်လကြာ လုပ်ကိုင်ရန် မလေးရှားအစိုးရက ခွင့်ပြုထားပြီး လက်ရှိတွင် တရားမဝင် နေထိုင်နေသည့် မြန်မာငါးရာကျော် လာရောက် လျှောက်ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။



တရားဝင် အထောက်အထား ရရှိရေးအတွက် လျှောက်ထားလိုသည့် မြန်မာလုပ်သားများသည် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးရန် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ပြရမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။



တရားမဝင် လုပ်သားများကို တရားဝင် လုပ်ကိုင်ခွင့် ရရှိရန် ဆောင်ရွက်ပေးသည့် အစီအစဉ် (6P) ကို လုပ်ကိုင်ရန် မလေးရှားနိုင်ငံသို့ စေလွှတ်ခဲ့သည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ စုစုပေါင်း အရာရှိ ၁၂ ဦး ပါဝင်သည့် အထူးအဖွဲ့က ဆက်လက် လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း ဦးမျိုးအောင်က ရှင်းပြသည်။



အထောက်အထား ပြုလုပ်သူများသည် နိုင်ငံကူးလက်မှတ်အတွက် ရင်းဂစ် ၈၀ (မြန်မာကျပ်ငွေ ၂၅,၀၀၀) နှင့် ဝန်ဆောင်ခ ရင်းဂစ် ၇၀ ပေးရမည် ဖြစ်ပြီး နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၊ ပျက်စီးသွားသူများ ဆိုပါက နိုင်ငံကူးလက်မှတ် တန်ဖိုး၏ သုံးဆ (ရင်းဂစ် ၂၄၀) ကို ဒဏ်ကြေး ဆောင်ရမည် ဖြစ်သဖြင့် စုစုပေါင်း ရင်းဂစ် ၃၉၀ ပေးရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။



6P အစီအစဉ် ပြုလုပ်စဉ်က မြန်မာလုပ်သား ငါးထောင် လာရောက် လျှောက်ထားသည့်အနက် သုံးထောင်ကို အထောက်အထား ထုတ်ပေးပြီး ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။



6P အစီအစဉ်တွင် ပွဲစားများ လိမ်လည်မှု၊ သံရုံး လုပ်ငန်းစဉ်များ ကြန့်ကြာမှု အပါအဝင် အခက်အခဲများကြောင့် လုပ်သားအများစု အထောက်အထား မရရှိခြင်း ဖြစ်ကြောင်း မလေးရှား နိုင်ငံရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။



မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် ပြီးပါက မြန်မာသည် တရားမဝင် လုပ်သား တတိယ အများဆုံးဖြစ်ပြီး မြန်မာလုပ်သား ၂၅၇,၀၀၀ ရှိသည့်အနက် ၁၁၃,၀၀၀ မှာ တရားဝင် လုပ်သားများ ဖြစ်ကြောင်း မလေးရှား အစိုးရက ထုတ်ဖော် ပြောဆိုထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/RFgY6T

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3