Skip to main content

ဘွဲ့ရအလုပ်လက်မဲ့များ စိုက်ပျိုးမွေးမြူရေးလုပ်မည်ဆိုက မြေနေရာနှင့်ချေးငွေထုတ်ပေးမ...



ဘွဲ့ရအလုပ်လက်မဲ့များ စိုက်ပျိုးမွေးမြူရေးလုပ်မည်ဆိုက မြေနေရာနှင့်ချေးငွေထုတ်ပေးမည်



အောင်ကိုဦး| တနင်္လာနေ့၊ မေလ ၁၂ ရက် ၂၀၁၄ ခုနှစ်



ဘွဲ့ရအလုပ်လက်မဲ့များ စိုက်ပျိုးမွေးမြူးရေးလုပ်ကိုင်မည်ဆိုပါက မြေနေရာနှင့် ချေးငွေထုတ်ပေးမည်ဟု မန္တလေးမြို့ရှိ ရွှေပြည်သာ ဟိုတယ်၌ မေလ ၁၁ရက်က ပြုလုပ်သော လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း က ပြောသည်။



အဆိုပါ လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူငယ်ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူလူငယ်များ ၃၀၀ ကျော် တက်ရောက်ခဲ့သည်။



ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက “ဘွဲ့ရအလုပ်လက်မဲ့တွေနဲ့ ပတ်သက်ပြီး ပညာတတ်တွေကို စိုက်ပျိုးရေး မွေးမြူရေး လုပ်စေချင်ပါတယ်။ ပညာတတ်တွေလုပ်ရင် ပိုအောင်မြင်ပါတယ်။ အသင်းအဖွဲ့တွေဖွဲ့ပြီး လုပ်ကိုင်မယ်ဆိုရင် မြေတွေ ချပေးသွားမှာဖြစ်ပြီး ချေးငွေတွေလည်း ထုတ်ချေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။



တက်ရောက်လာသော အသင်းအဖွဲ့များမှ လူငယ်များသည် ယခုလို ဖိုရမ်မျိုးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခွင့်ရသောကြောင့် အလွန်ပင်တန်ဖိုးရှိကြောင်း၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိလာကြောင်း၊

အလုပ်အကိုင်အခွင့်အလမ်းကို ကိုယ်တိုင်ဖန်တီးယူသည်က ကောင်းကြောင်း ၀န်ကြီးများက ယခုလိုလမ်းညွှန်ပေးခြင်းကို ကြိုဆိုကြောင်း၊ လူငယ်များကလည်း အမှန်တကယ်မြေယာများ ချပေးပြီး ချေးငွေများ ထုတ်ပေးလျှင် ဘွဲ့ရလူငယ်များ စုစည်းပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် စီစဉ်သွားမည်ဟု တက်ရောက်လာသော ဘွဲ့ရလူငယ်တစ်ဦး ဖြစ်သူ ကိုမျိုးကိုကိုနိုင် က ပြောသည်။



ယင်းလူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ် ပွဲတွင်၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် တိုင်းရင်းသားအရေးများကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “၂၀၀၈ ဖွဲ့စည်းပုံက ကျွန်တော်တို့ပိုင်တာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံကိုပိုင်တာ ပြည်သူသန်း ၆၀ ကျော်က ပိုင်တာပါ။ သန်း၆၀က တောင်းဆိုရင် ပြင်ပေးမယ်။ တည်မြဲနေတဲ့ ဥပဒေဆိုတာ မရှိပါဘူး။ လွှတ်တော်ကလည်း

ပြင်ဆင်ဖို့ဆောင်ရွက်နေတယ်။ အစိုးရအဖွဲ့ကလည်း ပြင်သင့်ပြင်ထိုက်တာကို ပြင်ဖို့ လုပ်နေပါတယ်”ဟု ပြောကြားသည်။



ထို့ပြင် လူငယ်များနှင့်ပတ်သက်ပြီး နည်းပညာ၊ အသိဥာဏ်၊ အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ လူငယ်ကိုယ်စားပြုဖိုရမ်များ များများပြုလုပ်ရန်လိုကြောင်း၊ ထို့ပြင်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို သိလာမည့်အပြင် နိုင်ငံရေးအရွေ့များကိုလည်း မီအောင်လိုက်နိုင်မည်ဖြစ်ကြောင်းနှင့် လူငယ်အချင်းချင်းလည်း ပိုမိုရင်းနှီးလာပြီး ချိတ်ဆက်လုပ်ကိုင်သွားနိုင်မည်ဟု တက်ရောက်လာသော လူငယ် ကိုကိုလင်းက ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1sjgBu4

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...