Skip to main content

နေပြည်တော် အာဆီယံထိပ်သီး အစည်းအဝေးတွင် သတင်းထုတ်ပြန်မှုအားနည်းဟု နိုင်ငံတကာ သတင်း...



နေပြည်တော် အာဆီယံထိပ်သီး အစည်းအဝေးတွင် သတင်းထုတ်ပြန်မှုအားနည်းဟု နိုင်ငံတကာ သတင်းထောက်များ ဝေဖန်



နေပြည်တော်တွင် ကျင်းပနေသော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းဝေးတွင် ဆွေးနွေးမှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုအားနည်းကြောင်း နေပြည်တော်အာဆီယံ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သတင်းယူနေသော နိုင်ငံတကာ သတင်းမီဒီယာများမှ သတင်းထောက်များက ဝေဖန်ပြောဆိုခဲ့သည်။



အာဆီယံထိပ်သီး အစည်းအဝေးပွဲကို မေ ၁၀ ရက်နှင့် ၁၁ ရက်များ၌ နေပြည်တော်မြို့၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ အမှတ်(၁)တွင် ပြုလုပ်နေခြင်းဖြစ်ပြီး နိုင်ငံတကာ သတင်းမီဒီယာများမှ သတင်းထောက် ၄၀၀ ကျော် တက်ရောက်သတင်းယူနေခြင်း ဖြစ်သည်။ ထိုသို့ သတင်းရယူရာတွင် အိမ်ရှင်နိုင်ငံအနေဖြင့် သတင်းထုတ်ပြန်မှု အားနည်းနေကြောင်း နိုင်ငံတကာ သတင်းထောက်များက ဝေဖန်ပြောဆိုခဲ့ကြခြင်းဖြစ်သည်။



“အခုချိန်မှာက တောင်တရုတ်ပင်လယ် အရေးအခင်းနဲ့ ပတ်သက်ပြီး ဒီအာဆီယံထိပ်သီး အစည်းအဝေးကို စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အဲဒီအတွက် သတင်းရေးသားဖို့အတွက် အခုဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အချက်အလက်တွေ များနိုင်သမျှ များများလိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အစည်းအဝေးမှာ ၀င်ရောက်ဆွေးနွေးတဲ့ သူတွေနဲ့လည်း တွေ့ခွင့်မရှိပါဘူး။ အစည်းအဝေးနဲ့ပတ်သက်လို့ ဘာမှလည်းထုတ်ပြန်ချက်တွေ မလုပ်တဲ့အတွက် ဘာဆိုဘာမှကို မသိရဘူး ဖြစ်နေပါတယ်။ အရင်တစ်ခေါက် ဘရူနိုင်းမှာ ကျင်းပတုန်းကဆိုရင် အစည်းအဝေး တစ်ခုပြီးတိုင်း ကျွန်တော်တို့ကို စာရွက်စာတမ်းတွေ အများကြီးပေးပါတယ်။ အခု ဒီအခမ်းအနားမှာလည်း အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။ အာဆီယံအနေနဲ့ ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။ ပိုပြီး စနစ်တကျရှိဖို့လည်း လိုအပ်ပါတယ်” ဟု ဂျပန်နိုင်ငံ Akahata သတင်းဌာနမှ သတင်းထောက် မစ္စတာမက်ဆုမိုတိုက ပြောကြားသည်။



နှစ်ရက်ကြာ ကျင်းပခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးပွဲ ပထမနေ့၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အ၀န်းကောင်စီ အစည်းအဝေး၊ အာဆီယံပူးပေါင်းဆောင်ရွက်မှုကောင်စီ အစည်းအဝေး၊ စီးပွားရေးဝန်ကြီးများ အစည်းအဝေး အစရှိသည့် အစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့သော်လည်း သတင်းစာရှင်းလင်းမှုများ ပြုလုပ်ခြင်း၊ ဆွေးနွေးမှုအချက်အလက် စာရွက်စာတမ်းများ ဝေငှခြင်းတို့မရှိဘဲ ညနေသတင်းစာရှင်းလင်းပွဲ ရောက်မှသာ သတင်းအချက်အလက်များ ရရှိနိုင်မည်ဟု ပြောဆိုခဲ့ပြီးနောက် နိုင်ငံတကာ သတင်းထောက်များက ယခုကဲ့သို့ ဝေဖန်ပြောဆိုနေကြခြင်း ဖြစ်သည်။



“ဒီအာဆီယံထိပ်သီး အစည်းအဝေးမှာ သတင်းထုတ်ပြန်မှု အားနည်းနေပါတယ်။ အစည်းအဝေးတွေ ပြီးသွားပေမယ့် သတင်းထုတ်ပြန်ချက်တွေ ထွက်မလာပါဘူး။ ဘာတွေဆွေးနွေးခဲ့တယ် ဆိုတာကို မသိရဘူး။ အရင်လုပ်ခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ အစည်းအဝေးတစ်ခု ပြီးတာနဲ့ ဆွေးနွေးခဲ့တဲ့ ကိစ္စရပ် အကျဉ်းချုပ်ကို သတင်းထုတ်ပြန်ပေးလေ့ ရှိတယ်။ အခု ဘာမှမရှိဘူး။ ဒီနေ့ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ မီဒီယာသမားတွေ ၀င်ခွင့်ရှိတယ်ဆိုတာ ဓာတ်ပုံရိုက်ဖို့ ဗီဒီယိုရိုက်ဖို့လောက်ပဲ။ ကျွန်တော်တို့ဆီမှာ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ ရှိပေမယ့် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ ဆုံးဖြတ်ချက်တွေ တစ်ခုမှ မသိရတဲ့အတွက် သတင်းတင်ပြလို့ မရနိုင်သေးပါဘူး။ တကယ်လို့ အပြည့်အစုံ မဟုတ်တောင် ပြောလို့ရသလောက် ဘာအကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်ဆိုတာ အကြမ်းဖျင်းတော့ ထုတ်ပြန်ပေးသင့်ပါတယ်” ဟု ဗွီအိုအေမြန်မာသတင်းထောက် စည်သူနိုင်က ပြောကြားသည်။



လက်ရှိနေပြည်တော်၌ ကျင်းပနေသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် သတင်းထောက်များအတွက် စီစဉ်ထားမှုများနှင့် ပတ်သက်၍ အားနည်းမှုများ ရှိနေကြောင်း သတင်းထောက်အများအပြားက ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ထိုသို့ပြောကြားပြီးချိန်၌လည်း သတင်းထုတ်ပြန်မှု အားနည်းခြင်းမှာ ဆက်ရှိနေခဲ့သည်။



ထိုင်းနိုင်ငံ National Multimedia Group မှ Onravee Tangmeesang ကလည်း “မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် ပထမဆုံး တာဝန်ယူတာ၊ အာဆီယံထိပ်သီး အစည်းအဝေးပွဲကို ပထမဆုံးကျင်းပတာ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိနေမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ လက်ရှိကြုံတွေ့ရတဲ့ အခြေအနေဟာ မျှော်လင့်ထားတာထက်ကို အများကြီး အားနည်းနေပါတယ်။ မြန်မာနိုင်ငံရဲ့ရှေ့က အာဆီယံဥက္ကဋ္ဌအဖြစ် လုပ်သွားတဲ့ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းနိုင်ငံတွေကိုလည်း မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ပြီး လေ့လာခိုင်းခဲ့ပြီးပါပြီ။ အဲဒီကနေ သူတို့တွေ လေ့လာသင်ယူခဲ့သင့်ပါတယ်။ မြန်မာနိုင်ငံက တာဝန်ရှိသူတွေ အနေနဲ့ သတင်းအချက်အလက်တွေကို ထိမ်ချိန်ထားသလို မြင်မိပါတယ်။ အနည်းဆုံးတော့ အစည်းအဝေးတစ်ခုပြီးတိုင်း သတင်းထုတ်ပြန်ချက်တစ်စောင် ဒါမှမဟုတ် သတင်းဖြစ်စဉ် အကျဉ်းချုပ်ကို မီဒီယာတွေကို ပြောပြသင့်ပါတယ်။ အခုက ဗွီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေရပေမယ့် သတင်းအကြောင်းအရာကို ဘာမှ မသိရသေးပါဘူး” ဟု ပြောကြားသည်။



မေ ၁၀ ရက်က ပြုလုပ်ခဲ့သော အစည်းအဝေးများ၏ အကြောင်းအရာအချို့ကို ထိုနေ့ညနေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးချိန်မှ ထုတ်ပြန်ခဲ့သည့်အတွက် သတင်းထောက်များအနေဖြင့် သတင်းအချက်အလက်ရရှိခြင်း အချိန်နောက်ကျမှု အပါအ၀င် အခြားကြန့်ကြာမှု များစွာကိုလည်း ကြုံတွေ့ခဲ့ကြရသည်။



ထိုကဲ့သို့ ထိပ်သီးအစည်းအဝေးပွဲတွင် သတင်းထုတ်ပြန်ချက် အားနည်းသည်ဆိုသည့် ပြောဆိုမှုများနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်က “အရင်အာဆီယံပွဲတွေနဲ့ မတူတာက အခုထိပ်သီး အစည်းအဝေးမှာက ဆွေးနွေးတာတွေ၊ ဆုံးဖြတ်ချက်ချရတာတွေ အတော်များပါတယ်။ အဲဒါကြောင့် အစည်းအဝေးလည်း အရင်ကထက် ပိုကြာပါတယ်။ ဘာတွေ ဆုံးဖြတ်ကြမလဲဆိုတာက အစည်းအဝေး မပြီးမချင်း မသိရတဲ့အတွက်ကြောင့် အားလုံးဆွေးနွေး ဆုံးဖြတ်သွားပြီးပြီ ဆိုတော့မှ သတင်းထုတ်ပြန်နိုင်တာပါ။ သတင်းထုတ်ပြန်မှု အားနည်းနေတာ မဟုတ်ပါဘူး” ဟု ပြန်လည်တုံ့ပြန် ပြောကြားသည်။



အာဆီယံထိပ်သီး အစည်းအဝေးပွဲသို့ လာရောက်သော သတင်းထောက်များကို လုံခြုံရေးအရ စစ်ဆေးမှုပြုလုပ်နေစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)







from Eleven Media Group's Facebook Wall http://ift.tt/1oHc9Vu

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3