Skip to main content

တောင်တရုတ် ပင်လယ်အရေး အာဆီယံ အသိုက်အဝန်း ဖော်ဆောင်ရေးကို မထိခိုက်ဟုဆို နေပြည်ေ...



တောင်တရုတ် ပင်လယ်အရေး အာဆီယံ အသိုက်အဝန်း ဖော်ဆောင်ရေးကို မထိခိုက်ဟုဆို



နေပြည်တော်၊ မေ ၁၁



မြန်မာနိုင်ငံတွင် ကျင်းပနေသော အာဆီယံထိပ်သီး အစည်းအဝေးတွင် ဖိလစ်ပိုင်၊ ဗီယက်နမ် အပါအဝင် အဖွဲ့ဝင်နိုင်ငံများ အစိုးရိမ်ဆုံးသော ကိစ္စဖြစ်သည့် တောင်တရုတ် ပင်လယ်အရေး အငြင်းပွားမှုမှာ ၂၀၁၅ ခုနှစ်အလွန် အာဆီယံ အသိုက်အဝန်း ဖော်ဆောင်ရေးကို ထိခိုက်မှု မရှိနိုင်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် လီယောင်မင်က ပြောကြားသည်။



အာဆီယံ၏ ရပ်တည်ချက်အတိုင်း အကြမ်းဖက်ခြင်း၊ ထိပ်တိုက် ရင်ဆိုင်နည်းတို့ မသုံးဘဲ တရုတ်နိုင်ငံနှင့် ညှိနှိုင်း ဆွေးနွေးနေသည့် အတွက် စိုးရိမ်ဖွယ် မရှိကြောင်း လီယောင်မင်က မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် မီဒီယာစင်တာ၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။



တောင်တရုတ်ပင်လယ် အငြင်းပွားမှုအတွက် တရုတ်နှင့် အာဆီယံနိုင်ငံများ လိုက်နာရမည့် စည်းမျဉ်း (DOC) မှာ အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးသည့်အတွက် အငြင်းပွားမှုများ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် သက်ဆိုင်ရာ နိုင်ငံများ လိုက်နာရန် လုပ်ထုံးလုပ်နည်း (COC) ကို ဆက်လက် ဆောင်ရွက်နေကြောင်း မစ္စတာ လီယောင်မင်က ရှင်းပြသည်။



(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အဖွဲ့ဝင် နိုင်ငံများက အာဆီယံ အသိုက်အဝန်းအတွက် လမ်းညွှန်မြေပုံ ရေးဆွဲရန် အဓိက လုပ်ဆောင်ရမည် ဖြစ်သော်လည်း တောင်တရုတ် ပင်လယ်အရေးက မီဒီယာများတွင် ပိုမိုစိုးမိုးခဲ့သည်။



တောင်တရုတ် ပင်လယ်အရေးသည် အာဆီယံအတွက် အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်ပြီး အခြားအရေးကြီးသည့် အာဆီယံ အသိုင်းအဝိုင်း ကဲ့သို့သော ကိစ္စရပ်များစွာ ရှိသေးကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ဆိုသည်။



ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေးနှင့် ပထဝီ ရေပိုင်နက်တို့ကို ထိခိုက်လာနိုင်သည့် အတွက် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်းကို ထိခိုက်မည်ကို စိုးရိမ်မှုများ ရှိကြသော်လည်း အာဆီယံ၏ ရပ်တည်ချက်အတိုင်း အဆိုပါအရေးကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဟု လီယောင်မင်က ပြောဆိုသည်။



ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံတို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် တောင်တရုတ် ပင်လယ်အရေးကို မဆွေးနွေးဘဲ ချန်လှပ်ထားခဲ့ပြီး မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ ရာထူး လက်ခံစဉ် ပြန်လည် ဆွေးနွေးခဲ့သည်။



၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်း စတင် ထူထောင်ရန် ရည်မှန်းထားသော်လည်း အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုဇုန်တွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့မှာ ၂၀၁၈ ခုနှစ်တွင်မှ ပါဝင်ရမည် ဖြစ်သည်။







from The Voice Weekly's Facebook Wall http://ift.tt/1la3nMc

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...