Skip to main content

သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ အမည်ထည့်သွင်းရေးသား ကောက်ခံမည်မဟုတ် ရိုဟ...



သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ အမည်ထည့်သွင်းရေးသား ကောက်ခံမည်မဟုတ်



ရိုဟင်ဂျာအမည်သည် နိုင်ငံတော်က လက်မခံသည့် အသုံးအနှုန်းဖြစ်၍သန်းခေါင်စာရင်းကောက်ယူချိန်တွင် ထိုအမည်ကိုထည့်သွင်းရေးသားမည် မဟုတ်ဟု ပြည်သူ့အင် အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။



နှစ်ပေါင်း၃ဝကြာ ဆောင်ရွက်ခြင်း မရှိခဲ့သည့် သန်းခေါင်စာရင်းကောက်ယူ မှုကို ယခုလ ၃ဝ ရက်မှ ဧပြီ ၁ဝ ရက် အထိ တစ်နိုင်ငံလုံး တွင်ဆောင်ရွက်တော့ မည်ဖြစ်သည်။ ထိုသို့ သန်းခေါင် စာရင်း ကောက်ယူခြင်းသည် သတ်မှတ်သည့် အချိန်တစ် ခု၌ နိုင်ငံတွင်း နေထိုင်သူ အားလုံးကို ရေတွက်ခြင်းဖြစ်၍ နိုင်ငံ နယ်နိမိတ်အတွင်းရှိ နိုင်ငံသားအပါအ ဝင် နိုင်ငံခြားသားများအားလည်း ထည့် သွင်းကောက်ခံသွားမည်ဖြစ်သည်။



ထိုသို့ကောက်ခံရာတွင် နိုင်ငံအတွင်း နေထိုင်သူစာရင်း၌ ပြောသူ၏ လူမျိုးစာရင်းအတိုင်း ရေးသားမှတ်တမ်းယူရမည်ဖြစ်၍ ရိုဟင်ဂျာဟူသည့် အမည် ထည့်သွင်းကောက်ခံလာမည်ကို ရခိုင်တိုင်းရင်းသားအများစုက စိုးရိမ်လျက် ရှိသည်။ ယင်းကဲ့သို့ စိုးရိမ်မှုကြောင့် စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မောင် တော၊ ဘူးသီးတောင်နှင့် မြောက်ဦး အစရှိသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့ ၁၃ မြို့တွင် ယခုလ ၁၆ ရက်က ဆန္ဒ ဖော်ထုတ်ပွဲများ ကျင်းပခဲ့ကြသည်။



စိုးရိမ်မကင်းဖြစ်မှုများအပေါ် ဦးမြင့်ကြိုင်က ''မြန်မာနိုင်ငံမှာ လက်မ ခံပါဘူးလို့ ပြောထားတဲ့ဟာကိုမရေးဘူး။ မရှိတဲ့ဟာကို မရေးဘူးလေ။ ဒီကိစ္စကို သမ္မတကလည်း ရှင်းရှင်းလင်းလင်းပြော ထားပြီးသားပါ''ဟု ပြောသည်။ ရခိုင်အမျိုးသား ကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီကို ရိုဟင်ဂျာ ဟု မှတ်တမ်းယူပါက အန္တရာယ်ရှိသည် ဟု သတိပေးသည်။



နိုင်ငံတော် သမ္မတသည် အမျိုး သားအကျိုးစီးပွား အတွက် ဆောင်ရွက် မည်ဟု ပြောကြားထားပြီးဖြစ်သလို ယခု လ

၁၄ ရက်ကလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိ တိုင်းရင်း သားများ၊ ဘင်္ဂါလီများနှင့် တွေ့ဆုံချိန် တွင် အသိအမှတ်မပြုသည့် အမည်ကို ပြောကြားပါက အကျိုးယုတ်မည်ဟု အသိပေးပြောကြားခဲ့သည်။



''၇၃ တုန်းကလည်း ဘင်္ဂါလီ၊ ၈၃ တုန်းကလည်း ဘင်္ဂါလီနဲ့ပဲ ကောက်ခဲ့ တယ်။ ၂ဝ၁၁ တုန်းက စစ်တမ်းကောက် တုန်းကလည်း ဘင်္ဂါလီပဲ။ ၂ဝ၁၄ ကျမှ ရိုဟင်ဂျာဆိုဘယ်ဖြစ်မလဲ။ ရိုဟင်ဂျာမရှိ ဘူးလို့ပြောထားပြီးပြီ''ဟု ဦးမြင့်ကြိုင်က ပြောသည်။ ၁၂ ရက်တိုင်တိုင် သန်းခေါင်စာ ရင်းကောက်ယူရာတွင် လူဦးရေနှင့်အိမ် အကြောင်းအရာ မေးခွန်း ၄၁ခုကို မေး မြန်းသွားမည်ဖြစ်သည်။ မေးမြန်းကောက် ယူမှုကို ဆရာ၊ ဆရာမ တစ်သိန်းနှစ် သောင်းကျော် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင်

မြို့နယ်စာရင်း ကောက်စာ ရင်းစစ်သင်တန်းကို ၆ ရက်တာ သင်တန်းပေးလျက်ရှိသည်။



''ရခိုင်မှာ ကောက်မယ့်သူက ရခိုင် ဆရာ၊ ဆရာမတွေချည်းပဲ။ တရားဝင်မရှိတဲ့ နာမည်ကိုသူဘယ်လိုရေးမလဲ'' ဟု ရိုဟင်ဂျာဖြည့်စွက်ကောက်ခံမှုရှိလာ နိုင်မည့်အပေါ်

တွေးဆဝေဖန်ထောက်ပြ နေမှုများအား ဦးမြင့်ကြိုင်က ဖြေရှင်း ချက်ပေးသည်။ သို့သော်လည်း စစ်တွေမြို့ခံတစ်ဦး ဖြစ်သူ ဦးသန်းထွန်းကသန်းခေါင်စာရင်း ကောက်ခံသည့်အခါတွင် ပြောသည့်အ တိုင်း ဖြည့်စွက်ရမည်ဆိုသည့် အချက် ရှိ၍ ယုံကြည်၍ မရနိုင်ဟုဆိုသည်။



ရိုဟင်ဂျာဟု မှတ်တမ်းယူလိုက်ပါ က ၎င်းတို့က ထိုမှတ်တမ်းကိုကိုင်၍ တိုင်းရင်းသားဟု ပြောလာနိုင်သောကြောင့် အစိုးရက ပြတ်ပြတ် သားသား ဆောင်ရွက်ရန်လိုအပ်ပြီး

တိကျသော အသိပေးမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ ထိုသို့မဟုတ်ပါက သန်းခေါင်စာရင်းကို သပိတ်မှောက်သည့် အခြေအနေ မျိုး ဖြစ်သွားနိုင်ကြောင်း ဦးသန်းထွန်းက စိုး ရိမ်မှုကို ထုတ်ပြောသည်။



၁၉၇၃၊ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်းကောက်ခံမှုစာရင်းအရ နိုင်ငံအတွင်း၌ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိသည်ဟု စာရင်းရှိနေပြီး လက်ရှိအခြေ အနေတွင် ၎င်းစာရင်းကို တိတိကျကျလက်ခံ၍မရသည့် အခြေအနေရှိနေသည်။ ထိုသို့ပြန်လည် စာရင်းကောက်ယူမှုနှင့် ပတ်သက်၍လည်း တိုင်းရင်းသားမျိုးနွယ်စုများ၏ သတ်မှတ်နံပါတ်

ထားရှိမှုများကိုလည်း တိုင်းရင်းသား အချို့က ကန့်ကွက်မှုရှိနေသည်။ သို့ သော်လည်း ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်းကောက်ယူရန်လိုအပ်သည့် စာရွက်စာတမ်းများကိုမူ ဗြိတိန်၌ ကန်ဒေါ်လာ ၆ သန်း အကုန်အကျခံကာ ရိုက်နှိပ်ပြီးဖြစ်သည်။



မေဇင်ဝင်း၊ သုတလင်း

from Popular Myanmar News Journal's Facebook Wall http://ift.tt/1lNpbiX

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...