Skip to main content

အစိုးရနှင့် လက်နက်ကိုင် ဆက်ဆံရေးရုံးများ ဆက်တိုက်တွေ့ဆုံမှုကြောင့် တိုက်ပွဲများြ...



အစိုးရနှင့် လက်နက်ကိုင် ဆက်ဆံရေးရုံးများ ဆက်တိုက်တွေ့ဆုံမှုကြောင့် တိုက်ပွဲများ ပြန်လည် ငြိမ်သက်ဟုဆို



ရန်ကုန်၊ မတ် ၁၈



ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် ယခုလအစပိုင်းက တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဆက်ဆံရေးရုံများနှင့် အစိုးရတို့ ဆက်တိုက် တွေ့ဆုံမှုကြောင့် တိုက်ပွဲများ ပြန်လည် ငြိမ်သက်လာကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဦးစိုင်းဦးက ပြောကြားသည်။



ရှမ်းပြည်နယ်အတွင်း မတ်လဆန်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း တောင်ကြီးမြို့တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ဆက်ဆံရေး ခြောက်ဖွဲ့ တွေ့ဆုံပြီးနောက် တိုက်ပွဲများ ပြန်လည် ငြိမ်သက်သွားကြောင်း ၎င်းက ရှင်းပြသည်။

“အခု တိုက်ပွဲတွေ ပြန်ငြိမ်သွားပါတယ်။ နှစ်ဖက်တွေ့ဆုံတာကြောင့် ဆက်ဆံရေးပိုင်းတွေ ပိုအဆင်ပြေလာတယ်လို့ မြင်ပါတယ်” ဟု ၎င်းကဆိုသည်။



ထို့အပြင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ဆက်ဆံရေးရုံးများ တွေ့ဆုံခဲ့ပြီးနောက် နှစ်ဖက်ထိတွေ့မှုများ လျှော့ချရေး ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် သုံးလတစ်ကြိမ် တွေ့ဆုံရန် သဘောတူညီခဲ့ကြောင်း RCSS/SSA ထံမှသိရသည်။



မတ်လဆန်းပိုင်းတွင် ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်အချို့တွင် အစိုးရနှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပွားခဲ့ခြင်းမှာ အစိုးရဘက်မှ နယ်မြေရှင်းလင်းခြင်း မဟုတ်ဘဲ တပ်အပြောင်းအရွှေ့ လမ်းကြောင်းများ ကြိုတင်ချိတ်ဆက်မှု မရှိခြင်းကြောင့် ဖြစ်ပြီး သတင်းအချက်အလက် ဆက်သွယ်ရေးကို ပိုမို မြန်ဆန်စေမည့် နည်းလမ်းများကို ပူးပေါင်း ညှိနှိုင်းသွားမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှ သိရသည်။



ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မိုင်းလား လက်နက်ကိုင်တပ်ဖွဲ့၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့မှ ကိုယ်စားလှယ်များနှင့် ပြည်နယ်အစိုးရ၊ တပ်ပိုင်းဆိုင်ရာ အရာရှိများ၊ မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများ မတ်လ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် တွေ့ဆုံကာ တိုက်ပွဲများ လျှော့ချနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

from The Voice Weekly's Facebook Wall http://ift.tt/1cYbLAz

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...