Skip to main content

အသေးစားရွှေတူးဖော်ရေး လုပ်ငန်းများတွင် CN ဓာတုပစ္စည်း အသုံးပြုခွင့်ပေးရန် လွှတ်တော်...



အသေးစားရွှေတူးဖော်ရေး လုပ်ငန်းများတွင် CN ဓာတုပစ္စည်း အသုံးပြုခွင့်ပေးရန် လွှတ်တော်တင်



နေပြည်တော်၊ မတ် ၁၈



ရွှေတူးဖော်ရှာဖွေရာတွင် ထည့်သွင်း အသုံးပြုရသည့် ဆိုင်ရာနိုက် (CN) ဓာတ်ဆေး (ဓာတုပစ္စည်း) ကို အသေးစား ရွှေထုတ်လုပ်ငန်းများတွင် တရားဝင် အသုံးပြုခွင့်ပေးရန် မတ်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ သတ္တုနှင့် သယံဇာတရေးရာ ကော်မတီ အတွင်းရေးမှူး ဦးလှဆွေက တင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။



သတ္တုတွင်း ဝန်ကြီးဌာနက ရွှေတူးဖော်ရေး လုပ်ငန်းများအနေနှင့် တရားဝင် ခွင့်ပြုထားခြင်း မရှိသော ဆိုင်ရာနိုက် ဓာတုပစ္စည်းများကို အသေးစား ရွှေတူးဖော်ရေး လုပ်ငန်းများတွင် သုံးစွဲနေမှုများစွာ ရှိနေသောကြောင့် တရားဝင် ခွင့်ပြုပြီး စနစ်တကျ အသုံးပြုရန် ညွှန်ကြားပါက ပတ်ဝန်းကျင် ထိခိုက်မှု နည်းလာမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောဆိုသည်။



အဆိုပါဆိုင်ရာ နိုက်ဓာတ်ဆေး တစ်တန်လျှင် ပြင်ပပေါက်ဈေး ကျပ်ဆယ်သိန်း ဝန်းကျင်သာ ရှိသော်လည်း တရားဝင် ခွင့်ပြုထားမှု မရှိခြင်းကြောင့် အသေးစား လုပ်ငန်းရှင်များ အနေနှင့် ယင်းဓာတ်ဆေး အသုံးပြုခွင့်ရရှိသည့် ကုမ္ပဏီကြီးများထံမှ တစ်တန်လျှင် ကျပ်သိန်း ၈၀ နှင့် ၁၀၀ အကြား ပေးဝယ်နေရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ကုမ္ပဏီကြီးတွေမှာ အဲဒါ ပြန်ရောင်းစားတာနဲ့တင် ကိုက်နေပြီ။ ဒါကြောင့် အကုန်လုံးကို ရောင်းပေးဖို့ပြောတာ။ သူတို့က စိုးရိမ်တယ် ပြောတယ်။ မစိုးရိမ်နဲ့ အကုန်လုံးက ကျွမ်းကျင်နေကြပြီ။ သွားကြည့်လိုက်။ နိုင်ငံတကာမှာက ဆိုင်ရာနိုက် သုံးခွင့်ပြုတယ်၊ ပြဒါးမသုံးရဘူး။ ဒီမှာက ပြောင်းပြန် ဖြစ်နေတယ်” ဟု ဦးလှဆွေက ဆိုသည်။



မြန်မာနိုင်ငံတွင် ရွှေထုတ်လုပ် လုပ်ငန်းများ၌ အဆိုပါ ဆိုင်ရာနိုက် ဓာတ်ဆေးကို စနစ်တကျ ကိုင်တွယ်သုံးစွဲခြင်း၊ သိုလှောင်မှု၊ စွန့်ပစ်မှုများ အားနည်းခြင်းများကြောင့် သတ္တုတွင်း ဝန်ကြီးဌာနက ကုမ္ပဏီများထံသို့ ညွှန်ကြားချက်များ ထုတ်ပြန်ကာ တားဆီးထားခြင်း ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ပြောကြားသည်။



သို့သော် အကြီးစား ရွှေထုတ်လုပ်ရေး ကုမ္ပဏီများကိုမူ သတ်မှတ် ဧရိယာအတွင်း သိုလှောင်သုံးစွဲရန် လုံခြုံရေး အစီအမံများ ရေးဆွဲစေကာ အကန့်အသတ်ဖြင့် သုံးစွဲခွင့်ပြုထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။



ဆိုင်ရာနိုက်သည် ဓာတ်ပြု ဖြစ်စဉ်အတွင်း ဟိုက်ဒရိုဂျင် ဆိုင်ရာနိုက် (HCN) အဆိပ်ဓာတ်ငွေ့ ထွက်ရှိနိုင်ပြီး စွန့်ပစ်ရေအတွင်း Free Cyanide ပါဝင်မှု သုည ဒသမ ၁ ရာခိုင်နှုန်း( 0.1 mg/litre) ထက် ကျော်လွန်ပါက သက်ရှိ သတ္တဝါများအတွက် အန္တရာယ် ဖြစ်စေနိုင်သည့်အပြင် သုံးစွဲရာတွင်လည်း ကျွမ်းကျင်မှု မရှိပါက အသက်အန္တရာယ် ထိခိုက်စေကြောင်း ဦးသန်းထွန်းအောင်က ရှင်းပြသည်။



ရွှေတူးဖော် ထုတ်လုပ်ရာတွင် ပြဒါး အသုံးပြု ထုတ်လုပ်နည်းနှင့် ဆိုင်ရာနိုက် အသုံးပြုထုတ်လုပ်နည်း နှစ်မျိုးရှိသည့်အနက် ပြဒါးကို မျက်မြင်ရွှေ (Place Gold) ခေါ် မြစ်၊ ချောင်းများတွင် ရွှေကျင်သည့် လုပ်ငန်းများ၌ အသုံးပြုပြီး ကျောက်ဆောင်များအတွင်း ဝင်အောင်းနေသည့် ကျောက်ရွှေ (Primary Gold) ကိုမူ ဆိုင်ရာနိုက် အသုံးပြုမှသာ ရွှေရရှိမှု ကောင်းမွန်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနထံမှ သိရသည်။





from The Voice Weekly's Facebook Wall http://ift.tt/OAt3se

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...