Skip to main content

စီမံကိန်းနယ်မြေအများစုကို ယနေ့အချိန်အထိ ပိုင်ဆိုင်နိုင်ခြင်း မရှိသေးကြောင်း မြန်...



စီမံကိန်းနယ်မြေအများစုကို ယနေ့အချိန်အထိ ပိုင်ဆိုင်နိုင်ခြင်း မရှိသေးကြောင်း မြန်မာဝမ်ပေါင်ဆို



'မြန်မာဝမ်ပေါင်' ကုမ္ပဏီအနေဖြင့် စီမံကိန်းနယ်မြေအများစုကို ယနေ့အ ချိန်အထိ ပိုင်ဆိုင်နိုင်သေးခြင်း မရှိသေးကြောင်း အထွေထွေမန်နေဂျာ မစ္စတာ ဂန်းရီက ပြောသည်။



''စီမံကိန်းမှာ လက်ရှိမြန်မာနိုင်ငံရဲ့ တရားဥပဒေကို အခြေခံပြီး အစိုးရရဲ့ လမ်းညွှန်မှုနဲ့ မြေယာထောက်ပံ့ကြေးတွေကိုလည်း သုံးကြမ်တိုင်တိုင်ထပ်တိုး ပေးထားပါတယ်။



သို့ပေမယ့် လက်တွေ့မှာတော့ စီမံကိန်းနယ်မြေ အများစုကို ပိုင်ဆိုင်နိုင်ခြင်း မရှိသေးပါဘူး။ ဒီကိစ္စ ရပ်တွေကို အချိန်တိတိကျကျသတ်မှတ် ပြီး နည်းမျိုးစုံနဲ့ ဖြေရှင်းနိုင်ဖို့ လိုအပ်နေပါတယ်''ဟု မစ္စတာ ဂန်းရီက ပြောခြင်း ဖြစ်သည်။



''ကျွန်တော်တို့ စီမံကိန်းစတင်ခဲ့ တာ ၉ နှစ်ရှိပါပြီ။ ကျွန်တော်ဆိုရင်လည်း မြန်မာနိုင်ငံကို ရောက်နေတာ ၈ နှစ်ရှိနေပါပြီ''ဟုလည်း မစ္စတာ ဂန်းရီက ပြောပါသေးသည်။



မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဆီဒီုးနားဟိုတယ်တွင် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတ ကာ လေ့လာရေးဌာန (CSIS) နှင့် နိုင် ငံတကာအပြန်

အလှန်ဆက်ဆံရေးဆိုင်ရာတရုတ် NGO ကွန်ရက် (China NGO Network for International Exchange/CNIE) တို့ ပူးပေါင်းပြုလုပ်သည့် 'ဒုတိယအကြိမ် တရုတ်-မြန်မာစားပွဲဝိုင်းဆွေးနွေးပွဲ'၌ မစ္စတာဂန်းရီက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။



မြန်မာဝမ်ပေါင်ကုမ္ပဏီသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံထားကြောင်း၊ မြန်မာအစိုးရက အကျိုးအမြတ် ၅၁ ရာ ခိုင်နှုန်းကို ရယူမည်ဖြစ်ပြီး မြန်မာစီးပွားရေးဦးပိုင်လီမိတက်နှင့်ဝမ်ပေါင်က ကျန်ရှိသော ၄၉ ရာခိုင်နှုန်းကိုခွဲဝေယူရမည် ဖြစ်ကြောင်း၊ စီမံကိန်းတည်ဆောက်ရေး ကာလတွင် ကျေးရွာများအတွက် နှစ်စဉ် ကန်ဒေါ်လာတစ်သန်းကို ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ထည့်သွင်းထားကြောင်း၊ ထုတ်လုပ်ရေးကာလတွင်မူ လုပ်ငန်းမှ နှစ်စဉ် အသားတင်အမြတ်၏

၂ ရာခိုင် နှုန်းကို လူမှုစီးပွားတာဝန်ယူမှု(CSR) လုပ်ငန်းများအတွက် ထည့်ဝင်သုံးစွဲသွားရန်ရှိကြောင်း သိရှိရသည်။



မြန်မာဝမ်ပေါင်ကုမ္ပဏီအနေဖြင့် ၂ဝ၁၃ ခုနှစ်အတွင်းဝယ် စီမံကိန်းနယ်မြေကျေးရွာများအတွက် ကျောင်းဆောင်များ၊ မူကြိုကျောင်းများနှင့်စာကြည့်တိုက်များ တည်ဆောက်ပေးခြင်း၊ စာအုပ်နှင့် ပရိဘောဂများလှူဒါန်းခြင်း၊ ပတ်ဝန်းကျင်ကျေးရွာ ၅ဝ ကျော်အတွက် နေ့စဉ် ကန်ဒေါ်လာ ၃ သိန်းအကုန် အကျခံကာ အခမဲ့ကျန်းမာရေးစောင့် ရှောက် ကုသမှုများပြုခြင်း၊ ဒေသခံများ လျှပ်စစ်မီးနှင့် သောက်ရေသန့်ရရှိရေး အတွက် ကျပ်သိန်းပေါင်း ၄၈ဝဝ ကျော် အကုန်အကျခံကာ စီစဉ်ပေးခြင်း၊ ကျေး ရွာ ၇ ရွာအတွက်လမ်းများဖောက် လုပ် ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။



''မြန်မာဝမ်ပေါင်ရဲ့လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပွင့်လင်းမြင်သာမှု ရှိရေးအတွက် လုပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ လူတန်းစား အလွှာအ သီးသီး ဝိုင်းဝန်းပါဝင် လုပ်ဆောင်နိုင် ရေး အတွက်ကိုလည်း ကျွန်တော်တို့က ကြိုဆိုနေပါတယ်''ဟု မစ္စတာ ဂန်းရီက ပြောပါသည်။



''သတင်းမီဒီယာတွေအနေနဲ့ လည်း တာဝန်ခံနိုင်တဲ့ သဘောထားတွေ နဲ့တကွ သတင်းမှန်တွေကို ထုတ်ပြန်ရေး သားနိုင်ရေးအတွက် လုပ်ဆောင်ပေးကြ ဖို့ကိုလည်း ကျွန်တော်တို့က ရိုးသားစွာ မေတ္တာရပ်ခံပါတယ်။ သက်ဆိုင်တဲ့ သတင်းအချက်အ လက်တွေကိုလည်း ကျွန်တော်တို့ရဲ့ http://ift.tt/1osaiUM နဲ့ http://ift.tt/1osaiUW အင်တာနက်ဝက်ဘ်ဆိုက်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်''ဟု မစ္စတာဂန်းရီက ပြောပါသေးသည်။



'ဒုတိယအကြိမ် တရုတ်-မြန်မာ စားပွဲဝိုင်းဆွေးနွေးပွဲ'သို့ မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း (MDRI) နှင့် မဟာဗျူဟာနှင့် နိုင်ငံတ ကာလေ့လာရေးဌာန (CSIS)မှပုဂ္ဂိုလ် များ၊ တရုတ်နှင့် မြန်မာ NGO အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထား သောစာနယ်ဇင်းများနှင့် အခြားဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။



နှစ် နိုင်ငံပြည်သူများ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုနှင့် နားလည်မှုများ တိုး မြင့်လာစေရေးကို ရည်ရွယ်၍ ဆွေးနွေး ပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။



'ပထမအကြိမ် တရုတ်-မြန်မာ စားပွဲဝိုင်းဆွေးနွေးပွဲ'ကို တရုတ်နိုင်ငံ ကူ မင်းမြို့တွင် ၂ဝ၁၃ ခုနှစ် မေလအတွင်းက ကျင်းပခဲ့ကြောင်း သိရသည်။



PN-002





from Popular Myanmar News Journal's Facebook Wall http://ift.tt/1osakw5

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...