Skip to main content

အစိုးရ၏ကတိများ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ဆောင်ရွက်ရန် ဦးခင်အောင်မြင့် တ...



အစိုးရ၏ကတိများ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ဆောင်ရွက်ရန် ဦးခင်အောင်မြင့် တိုက်တွန်း



နေပြည်တော်၊ မတ် ၁၈



အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများက လွှတ်တော်အတွင်း လာရောက် ပြောကြားထားသည့် ကတိများကို လွှတ်တော် သက်တမ်းကုန်ဆုံးချိန် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း အကောင်အထည် ဖော်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်း ပြောကြားသည်။



လွှတ်တော်သက်တမ်း ၂ နှစ်ခန့်သာ ကျန်တော့သည့် အချိန်တွင် ဆောင်ရွက်ရန် ကျန်ရှိသည့် ကတိကဝတ်များနှင့် ပတ်သက်ပြီး လာမည့် ဘဏ္ဍာနှစ်များတွင် ဘတ်ဂျက်ငွေ ထည့်သွင်း တောင်းခံရန်လည်း မတ်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။



ကတိပေးထားပြီး ဆောင်ရွက်ရန် ကျန်သည့် ကိစ္စများအတွက် ဘတ်ဂျက်ငွေကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်နှင့် နောက်ဆက်တွဲ ရန်ပုံငွေ သို့မဟုတ် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်နှင့် ယင်းနှစ်၏ နောက်ဆက်တွဲ ရန်ပုံငွေ စာရင်းများတွင် ထည့်သွင်း တောင်းဆိုနိုင်ရန် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီအနေနှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးရမည့်အပြင် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ညှိနှိုင်းရန် လိုကြောင်း ၎င်းကဆိုသည်။

“အဲဒီ ဘဏ္ဍာနှစ်တွေမှာမှ မပါဘူးဆိုရင် လွှတ်တော် ဆက်ပြီးသွားတဲ့အခါ အကြွေးတွေ ကျန်ပြီးတော့မှ ဒီဥစ္စာက မကောင်းတဲ့ အနေအထား ဖြစ်ပါတယ်။ တကယ်လို့ အခက်အခဲရှိလို့ ကျွန်တော့်ကို တင်ပြစရာရှိရင်လည်း တင်ပြပေးပါ” ဟု ဦးခင်အောင်မြင့်က အစိုးရဌာနများသို့ တောင်းဆိုသည်။



အချို့အစိုးရအဖွဲ့ တာဝန်ရှိသူများ အနေနှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို လေးစားမှု မရှိကြောင်း၊ ယင်းသို့ ပြုမူခြင်းကြောင့် မေးခွန်းနှင့် မသက်ဆိုင်သည့် အဖြေများကို ပြန်လည် ဖြေဆိုခြင်း၊ အချို့သော မေးခွန်းနှင့် အဆိုများသည် ကတိကဝတ်အဖြစ် အတည်မပြုနိုင်ခဲ့သည့်အပြင် အတည်ပြုနိုင်ခဲ့သည့် ကတိများကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ ဦးပေါ်လျှံလွင်က ဆိုသည်။

“လွှတ်တော် ကိုယ်စားလှယ်ရဲ့ မေးမြန်းချက်ဟာ ကိုယ့်ဟာနဲ့ကိုယ် ထပြီးတော့ စိတ်ကူးပေါက်ရာ မေးမြန်းတာ မဟုတ်ဘူး။ ပြည်သူများရဲ့ တကယ်တင်ပြချက်အရ ဒါတော့မေးပေးပါ၊ ဒါတော့ လိုအပ်ပါတယ်ဆိုတဲ့ တင်ပြချက်ကို ပြည်သူ့ကိုယ်စား လာပြောရတဲ့ကိစ္စပါ” ဟု ၎င်းက ပြောဆိုသည်။



လွှတ်တော်အတွင်း ကိုယ်စားလှယ်များ၏ မေးခွန်းများ၊ အဆိုများနှင့် ပတ်သက်ပြီး အစိုးရ ဝန်ကြီးဌာနများက ကတိပြု ဖြေဆိုရာတွင် ဘတ်ဂျက်ငွေ တောင်းခံရရှိပါက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဖြေကြားချက်များမှာ အများဆုံး ဖြစ်ကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီထံမှ သိရသည်။



အမျိုးသား လွှတ်တော်တွင် ကျင်းပပြီးခဲ့သည့် ပုံမှန်အစည်းအဝေး ရှစ်ကြိမ်အနက် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း၊ ကြယ်ပွင့်မပြ မေးခွန်းနှင့် အဆိုပေါင်း ၁၄၈၂ ခုကို သက်ဆိုင်ရာ အစိုးရအဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားထားသည့်အနက် ၈၉၄ ခုကို ဆောင်ရွက် ပြီးစီးခဲ့ပြီး ၅၁၅ ခုမှာ ဆောင်ရွက်ဆဲဖြစ်ကာ ၇၃ ခု ဆောင်ရွက်ရန် ကျန်ရှိနေကြောင်း အထက်ပါ ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1nCEWOt

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...