Skip to main content

အခြေခံဥပဒေ ပြင်ဆင်ရေး မြိတ်၌ နေရာပြောင်း ဆန္ဒပြခွင့်ရရှိ မြိတ်၊ မတ် ၂၇ ဖွဲ့စည်း...



အခြေခံဥပဒေ ပြင်ဆင်ရေး မြိတ်၌ နေရာပြောင်း ဆန္ဒပြခွင့်ရရှိ



မြိတ်၊ မတ် ၂၇



ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် မတ်လ ၂၉ ရက်နေ့၌ လူအင်အား ၃၀၀ ဖြင့် ဆန္ဒထုတ်ဖော်ခွင့်ကို နေရာပြောင်း၍ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မတ်လ ၂၇ ရက်နေ့က ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ ဦးမြတ်ကိုက ပြောကြားသည်။



ယင်း ဆန္ဒထုတ်ဖော်ခွင့်ကို မတ်လ ၂၃ ရက်နေ့က လျှောက်ထားသူ ဦးစိုးပိုင်ဌေးသည် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ လူအင်အား ၁၀၀၀ ဖြင့် မြိတ်တောင်နယ်မြေ ဦးမြတ်လေးလမ်းမကြီး Garden ခန်းမရှေ့မှ ဆိပ်ငယ်ရပ်ကွက် ပုလဲရတနာ ခန်းမရှေ့သို့ ချီတက် ဆန္ဒထုတ်ဖော်သွားရန် လျှောက်ထားခဲ့သည်။



သို့သော် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၅ အရ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ကို၊ မြိတ်မြို့နောက်လယ်ရပ်၊ အမှတ် (၁) ဗောတံတားဆိပ်မှ ဆိပ်ငယ်ရပ်၊ ပုလဲရတနာ ခန်းမရှေ့သို့ နေရာပြောင်း သတ်မှတ်ပေးပြီး ခွင့်ပြုပေးလိုက်သည်ဟု ဦးဆောင်သူ ဦးမြတ်ကိုက ပြောကြားသည်။



၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီ အချိန်အထိ စုဝေးခွင့် ပေးထားပြီး မြိတ်နောက်လယ်ရပ်၊ အမှတ် (၁) နောက်လယ် ဗောတံတားမှ ကမ်းနားလမ်းတစ်လျှောက် ဆိပ်ငယ်ရပ်၊ ပုလဲရတနာ ခန်းမရှေ့သို့ လူအင်အား ၃၀၀ ဖြင့် နံနက် ၈ နာရီမှ နံနက် ၁၀ နာရီ အချိန်အထိ ခွင့်ပေးလိုက်သည်ဟု ရဲတပ်ဖွဲ့၏ အမိန့်စာအမှတ် ၁၀၀၇/၂၀၁၄ တွင် ဖော်ပြထားသည်။



မြိတ် မြိတ်တောင်နယ်မြေ၊ ဦးမြတ်လေးလမ်းမကြီး၊ Garden ခန်းမရှေ့မှ ကမ်းနားလမ်းတစ်လျှောက် ဆိပ်ငယ်ရပ်၊ ပုလဲရတနာ ခန်းမသည်၊ လမ်းတစ်လျှောက်တွင် ခရီးရှည်လွန်းသည့် အတွက် ရဲအင်အား လုံခြုံရေး အတွက် အခက်အခဲရှိပြီး သန်းခေါင်စာရင်း ကောက်ယူရန် အချိန်နီးကပ်လာသည့် အတွက် မူလနေရာများတွင် ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်း လျှောက်ထားသူ ဦးမြတ်ကိုက ရှင်းပြသည်။



အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး တို့အရေး၊ ပုဒ်မ ၄၃၆ အမြန်ဆုံး ပြင်ဆင်ရေး တို့အရေး၊ နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိရေး တို့အရေး၊ ပြည်သူမလိုလားသော ဥပဒေများ အလိုမရှိနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး တို့အရေး စသည့် ကြွေးကြော်သံများနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေး၊ ပြည်သူလိုလားသော သမ္မတအား တိုက်ရိုက် ရွေးချယ်ခွင့် ရရှိရေး၊ ပုဒ်မ ၄၃၆ ချက်ချင်း ပြင်ဆင်ပေး၊ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော ဥပဒေများ အလိုမရှိနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး စသည့် ၁၃ ခုပါ ပိုစတာ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင် ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။



ယင်းဆန္ဒထုတ်ဖော်ပွဲတွင် မြိတ်ခရိုင် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးလှမော်၊ ဦးအောင်နိုင်ဦး၊ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဥက္ကာမင်းနှင့် ဦးဇင်မောင်မောင်တို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပုလဲရတနာ ခန်းမရှေ့တွင် ဟောပြောသွားမည်ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူများထံမှ သိရှိရသည်။



(Dawei Watch)

from The Voice Weekly's Facebook Wall http://ift.tt/1dyhBJh

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...