Skip to main content

စပါးဈေး ကျပ်သုံးသိန်းခွဲအောက် ပြုတ်မကျရန် အရန်ဆန်ကော်မတီ ထိန်းညှိပေးမည်ဟုဆို...



စပါးဈေး ကျပ်သုံးသိန်းခွဲအောက် ပြုတ်မကျရန် အရန်ဆန်ကော်မတီ ထိန်းညှိပေးမည်ဟုဆို



ရန်ကုန်၊ မတ်လ ၂၇



စပါးဈေး ကျဆင်းနေမှုကြောင့် စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် လယ်သမားများ အတွက် နွေစပါးသစ် ပေါ်ချိန်တွင် စပါးတင်းတစ်ရာ ပေါက်ဈေး ကျပ်သုံးသိန်းခွဲအောက် ကျဆင်းမသွားရန် အရန်ဆန် ကြီးကြပ်ရေး ကော်မတီက ထိန်းညှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။



လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ နွေစပါးများ စတင်ပေါ်နေပြီ ဖြစ်ရာ ယခုနှစ် တစ်ဧက အထွက်နှုန်းသည် ပျမ်းမျှ တင်း ၆၀ ဝန်းကျင်ခန့်သာ ထွက်ရှိခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နွေစပါး ထွက်နှုန်းအောက် တင်း ၂၀ ခန့် အထွက်နှုန်း လျော့ကျခဲ့ကြောင်း၊ ယင်းသို့ အထွက်နှုန်း ကျဆင်းခဲ့သည့် နှစ်တွင် စပါးဈေးနှုန်းများပါ ကျဆင်းလျက် ရှိခြင်းကြောင့် ဒေသခံ စိုက်ပျိုးရေး တောင်သူများမှာ စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန်ပင် အခက်တွေ့လျက် ရှိကြောင်း အဆိုပါ ဒေသခံ လယ်သမားများက ပြောကြားသည်။



“စပါး စပေါ်တုန်းကတော့ တင်းတစ်ရာ ကျပ်လေးသိန်းလောက် အထိ ဖြစ်လိုက်သေးတယ်။ အခု ဧည့်မထ အုပ်စုတွေက သုံးသိန်းဝန်းကျင်မှာ ရှိတော့တယ်။ ဈေးပြုတ်ကျတာ တစ်လခွဲလောက်ရှိပြီ။ ဝယ်သူတောင် မရှိတော့ဘူး။ ဘဏ်ကြွေးဆပ်ဖို့ အခက်တွေ့နေတယ်။ ဟင်္သာတ လယ်သမားတွေ စုပြီး ပြည်ထောင်စု ဝန်ကြီးဆီ တင်ပြဖို့ လုပ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အခြေစိုက် လယ်သမားအရေး လှုပ်ရှားသူ ဦးဝင်းခိုင်စိုးက ဆိုသည်။



အလားတူ စပါးဈေး နှိမ်ဝယ်ယူမှု ခံနေရခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်းရှိ လယ်သမားများ စုပေါင်း၍ အခြေခံ စပါးဈေး တင်းတစ်ရာ ကျပ်လေးသိန်းနှုန်း သတ်မှတ်မပေးပါက ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ ဒေသခံ လယ်သမားများထံမှ သိရသည်။



“အခု ဧည့်မထ အုပ်စုဝင်တွေက အလေးချိန်ပေါ် မူတည်ပြီး လေးသိန်းဝန်းကျင်လောက် ဈေးပေါက်နေပါတယ်။ ဒီဈေးက လယ်သမားတွေအတွက် အဆင်ပြေပါတယ်။ ဒီထက် ဈေးကျသွားမယ် ဆိုရင် လယ်သမားတွေအနေနဲ့ အသင်းချုပ်ကို ဆက်သွယ်ပါ။ သုံးသိန်းခွဲအောက် ကျသွားတယ် ဆိုရင်တော့ အရန်ဆန် ကော်မတီကနေ ဆန်ဝယ်ယူ ပေးသွားမှာပါ” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။



ပြီးခဲ့သည့် မတ်လဆန်းပိုင်းရက်များ အတွင်းက တရုတ် ဆန်ဈေးကွက်၏ ဆန်ဝယ်ယူမှုများ ထိုးကျသွားခဲ့ခြင်းကြောင့် ပြည်တွင်းရှိ ဆန်စက်ပိုင်ရှင်များ အနေဖြင့် ဆန်ဝယ်ယူ ကြိတ်ခွဲနိုင်မှု မပြုနိုင်၍ ယင်းသို့ ပြည်တွင်း စပါးဈေးများ ကျသွားခြင်း ဖြစ်သည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင် အခြေစိုက် ဆန်လုပ်ငန်းရှင် ဦးကျော်ကျော်က ပြောကြားသည်။



တရုတ်နှစ်သစ်ကူး ကာလမှ စတင်၍ အရောင်းအဝယ် အေးခဲ့သော တရုတ်နိုင်ငံ၏ ဆန်ဝယ်ယူမှုများ ယခုရက်ပိုင်းအတွင်း ပြန်လည် စတင်လာပြီ ဖြစ်ပြီး ပြည်တွင်းရှိ ကုန်သည် အချို့သည်လည်း ဆန်သိုလှောင်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ယင်းကြောင့် ဆန်ဈေး ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာမည့် အနေအထား ရှိ၍ စပါးဈေးများပါ လိုက်ပါ မြင့်တက်လာနိုင်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက သုံးသပ်သည်။



လက်ရှိ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း နွေစပါး တင်းတစ်ရာ (ပေါင် ၅၀) လျှင် ၃၆၀,၀၀၀ ကျပ်မှ ၃၇၀,၀၀၀ ကျပ်ခန့် ဈေးဖြတ် ဝယ်ယူနေခြင်းကြောင့် ဒေသ၌ ပုံမှန် ချိန်တွယ် ရောင်းဝယ်သည့် စပါးတင်း တစ်ရာ ၄၆ ပေါင်ဖြင့် တွက်မည်ဆိုပါက စိုက်ပျိုးတောင်သူများ အမှန်ရရှိနေသည့် စပါးတင်းတစ်ရာ ပေါက်ဈေးသည် ၃၃၀,၀၀၀ ကျပ်ခန့်သာ ဈေးရလျက် ရှိကြောင်း အဆိုပါဒေသ စပါးရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။





from The Voice Weekly's Facebook Wall http://ift.tt/1jVyZpI

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...