Skip to main content

စစ်တွေပဋိပက္ခ ညမထွက်ရ အမိန့်ထုတ်၊ INGO ဝန်ထမ်းများကို ရန်ကုန်သို့ အရေးပေါ်ပြန်ပို့...



စစ်တွေပဋိပက္ခ ညမထွက်ရ အမိန့်ထုတ်၊ INGO ဝန်ထမ်းများကို ရန်ကုန်သို့ အရေးပေါ်ပြန်ပို့



ရန်ကုန်၊ မတ် ၂၇



INGO ဝန်ထမ်း နိုင်ငံခြားသား အမျိုးသမီးတစ်ဦးက သာသနာ့အလံကို ဖြုတ်ချရာမှ ဒေသခံနှင့် INGO များကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီး စစ်တွေမြို့ရှိ INGO ဝန်ထမ်းများကို ရန်ကုန်မြို့တော်သို့ အရေးပေါ် ပြန်လည် ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။



Malteser International အမည်ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် နေအိမ်ပိုင်ရှင် လွှင့်ထူထားသော သာသနာ့အလံကို ဖြုတ်ချ၍ မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ခံများထံမှ သိရှိရသည်။



အဆိုပါ အမျိုးသမီးသည် သာသနာ့ အလံကို ဖြုတ်ချကာ ဘောင်းဘီအိတ်ထဲ ထည့်ရာ မဆံ့သဖြင့် ခါးတွင်းထိုးထားခဲ့ရာ ပတ်ဝန်းကျင်က ဒေသခံများနှင့် အချေအတင် ဖြစ်ခဲ့ရာမှ စတင်ကာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှု စတင်ခဲ့ကြောင်း မျက်မြင်များ၏ တွေ့ရှိချက်ကို ကိုးကားကာ မြို့ခံအမျိုးသား တစ်ဦးက ပြောကြားသည်။



သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားခြင်းကို ကန့်ကွက်သည့် အနေနှင့် စစ်တွေမြို့ရှိ နေအိမ်နှင့် အဆောက်အအုံများတွင် သာသနာ့ အလံများကို လွှင့်ထူထားခြင်း ဖြစ်သည်။



“ခါးမှာ ထိုးတော့ ဖင်ကြားမှာ ညှပ်သလို ဖြစ်သွားတယ်။ ဒေသခံတွေက INGO တွေကို နဂိုကတည်းကမှ အစာမကြေတာ” ဟု ၎င်းကဆိုသည်။



သာသနာ့အလံကို ဖြုတ်ချခဲ့သည့် အမျိုးသမီးနှင့် ၎င်း၏ အမျိုးသားတို့ကို ထုတ်ပေးရန် ဒေသခံများက တောင်းဆိုခဲ့ပြီး ယင်းနေ့တွင် Malteser အဆောက်အအုံ အပါအဝင် နေရာငါးခုကို ခဲများဖြင့် ပစ်ခတ်ခဲ့သဖြင့် မိုးပေါ်သို့ထောင်ကာ သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုသည်။



အလံဖြုတ်ချမှုသည် မတ်လ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားပြီး လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှုသည် ည ၈ နာရီကျော်တွင် စတင်ခဲ့ရာ ယင်းရုန်းရင်းဆန်ခတ်မှုကို ရဲတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သံဃာတော်များက ထိန်းသိမ်း ဟန့်တားခဲ့ရကြောင်း၊ သို့သော် ည ၁၁ နာရီ အချိန်အထိ ဟန့်တား၍ မရသဖြင့် သေနတ်ပစ်ခတ် လူစုခွဲရခြင်း ဖြစ်ကြောင်း၊ INGO ဝန်ထမ်း နိုင်ငံခြားသား ၃၂ ဦးနှင့် မြန်မာ ၃၉ ဦးကို ရဲတပ်ဖွဲ့ရိပ်သာတွင် ခေါ်ယူ စောင့်ရှောက်ထားရကြောင်း ၎င်းကဆိုသည်။



လူစုခွဲရန် သေနတ် အချက် ၁၀၀ ကျော် ပစ်ခတ်ခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။



မတ်လ ၂၇ ရက်နေ့တွင် Malteser International၊ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) အပါအဝင် INGO များ၏ ရုံး၊ ဂိုဒေါင် အဆောက်အအုံများကို ဒေသခံများက ခဲများဖြင့် ပစ်ခတ်ဖျက်ဆီးမှု ထပ်မံဖြစ်ပွား၍ သေနတ်နှင့် ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း ဦးရဲထွဋ်က ပြောကြားသည်။



ယင်းသို့ မတည်ငြိမ်မှုများ အရှိန်မြှင့်လာသဖြင့် မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ (ယခင် ည ၁၂ နာရီမှ နံနက် ၅ နာရီ) တိုးမြှင့်ကာ အရေးပေါ် ထုတ်ပြန်လိုက်ကြောင်း မြို့ခံများက ပြောဆိုကြသည်။



မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် တပ်မတော်က ဝင်ရောက် ဟန့်တားနေပြီ ဖြစ်ကြောင်း စစ်တွေမြို့တွင် ရောက်ရှိနေသည့် ဒေသခံ တစ်ဦးက ပြောဆိုသည်။



စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက်တွင် မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ် ဟန့်တားရာ၌ နေအိမ်အပေါ်တွင် ရှိနေသည့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ခါးနောက်ဘက်ကို သေနတ်ဒဏ်ရာ ရခဲ့ပြီး စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူသော်လည်း သေဆုံးခဲ့ကြောင်း ဒေသခံနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။



စစ်တွေမြို့တွင် ဖြစ်ပွားနေသည့် တင်းမာမှုကြောင့် ပျက်စီးမှုများကို ထုတ်ပြန်ခဲ့သော်လည်း အရေးယူ ဆောင်ရွက်မှုများကိုမူ အစိုးရက မတ်လ ၂၇ ရက် ည ၉ နာရီ အချိန်အထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။



စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ကာ စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။



“အဓိကတော့ ကျွန်တော်တို့ လူစုခွဲဖို့နဲ့ နိုင်ငံခြားသားတွေကို ရွှေ့ထုတ်ဖို့ ဦးစားပေး လုပ်နေတာ” ဟု ဦးရဲထွဋ်က ပြောကြားသည်။



အစိုးရသစ် လက်ထက်တွင် ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ် ဇွန်လမှ ယနေ့အထိ ပဋိပက္ခ လေးကြိမ် ဖြစ်ပွားခဲ့သည်။



ရခိုင်တွင် အကူအညီ ပေးနေသည့် INGO ဝန်ထမ်းများ အကြမ်းဖက်ခံရမှုကို လွန်စွာ စိုးရိမ်မိကြောင်း၊ အဆိုပါ ပြဿနာများကို ဖြေရှင်းရာတွင် မြန်မာ အစိုးရကို ကူညီရန် အသင့်ရှိကြောင်း ရန်ကုန်မြို့တော် အခြေစိုက် အမေရိကန်သံရုံးက မတ်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။





from The Voice Weekly's Facebook Wall http://ift.tt/1jcyKrY

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...