Skip to main content

လယ်တောပြန်ရွာသားကို သျှမ်းသူပုန်ဟုဆိုကာ အစိုးရစစ်တပ် တလကြာ ဖမ်းဆီးစစ်ဆေး













ဓါတ်ပုံ- ၁ လ ကြာဖမ်းဆီးစစ်ဆေးခံရသူ စိုင်းမြင့်ကျော်

ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် တတ်မောက် ကျေးရွာမှ ရွာသား တဦး မြန်မာ အစိုးရ စစ်တပ်က သျှမ်းသူပုန်ဟုဆိုကာ ဖမ်းဆီး ရိုက်နှက်ကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။


ဦးလုံးယန္န ပါခမ်းဆာတို့၏သား စိုင်းမြင့်ကျော်အား လယ်တောမှအပြန် စစ်ကြောင်းပြန် ခိုလမ်အခြေစိုက် ရလခတိုင်းမှ စစ်သားကဖမ်း ဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်း ဆွေမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။


“နိုဝင်ဘာလဆန်းက သူ့ကိုလမ်းမှာတွေ့ရင်း ဖမ်းသွားတာတဲ့။ ဒီဇင်ဘာ ၁၁ ရက်က ပြန် လွှတ်လာတာ။ တလ တိတိဘဲ။ သျှမ်းစစ်သားနဲ့ပတ်သက် လားဆိုပြီး နေ့တိုင်းရိုက်ပြီး စစ် တယ်တဲ့သူ့ကို။ စစ်တိုင်းလည်း သူက ဗိုက်ဆာတယ်ဘဲပြောတယ် ၊ ဒါကြောင့် သူ့ကိုပြန် လွှတ်တယ်လို့ စစ်တပ်ကပြောတယ်တဲ့။ အိမ်ရောက်တော့လဲ အဲ့တိုင်းဘဲ ထမင်း ဆာတယ် ဘဲပြောနေတယ်သူ။ ဘာဖြစ်သွားလဲမသိဘူး” ဟု ဆွေမျိုးတော်စပ်သူ အမျိုးသား တဦးက ပြောသည်။


ခိုလမ်မြို့အစိုးရ၏ စစ်တပ်အတွင်း တလကြာ ဖမ်းဆီးရိုက်နှက်ခံရသော စိုင်းမြင့်ကျော်သည် ယခင်က ကျန်းမာရေးကောင်းမွန်သူ သန်မာသန်စွမ်း သူဖြစ်ကြောင်း၊ အသက် ၃၀ ဝန်းကျင် အရွယ်ရှိပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ကြောင်း သျှမ်းစစ်သားနှင့်ပတ်သက်ခြင်းမရှိ ကြောင်း လဲချားရောက်တတ်မောက် ရွာခံ ရပ်မိရပ်ဖ တဦးကလည်းပြောသည်။


ခိုလမ်မြို့ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ပြန်ကြားရေးနှင့် ဆက်ဆံရေးရုံးတာဝန်ခံတဦးက “ အခုလို အဖမ်းခံရရင် မိဘဆွေမျိုးနဲ့ ရပ်ရွာအုပ်ချုပ်ရေးနဲ့ ရွာခံတချို့နဲ့အတူတူ ကျနော် တို့ဆက်ဆံရေးရုံးကို လာပြီး တိုင်ပင်ရ မှာလေ။ ဒါမှကျနော်တို့ ကူညီဆောင် ရွက်ပေးနိုင်မှာပေါ့။ လူထုအခက်အခဲတွေ ကူညီဖြေ ရှင်းဖို့ကျနော်တို့ရုံးဖွင့် ထားတာဘဲလေ” ဟုပြောဆိုပါသည်။


ယခုနှစ်နှောင်းပိုင်းအတွင်း ရွာသားများအား သျှမ်းစစ်သားဟုစွပ်စွဲကာ ဖမ်းဆီးရိုက်နှက်မှု ပြန်လည်များပြားလာကြောင်း လဲချားမြို့ခံများကပြောသည်။


သျှမ်းသံတော်ဆင့်

Panglong(Burmese)

http://ift.tt/1lQu8oX






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wy5Msw

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...