Skip to main content

လေဖြတ်သည့်ဘေး အသိပေး ဝေးကြပါစေ






အသက်ငယ်သူတွေက ပြောကြပါမယ် အသက်ကြီးမှ လေဖြတ်တာပါ အဲလိုအထင်တွေက လုံးဝ မဟုတ်ပါဘူး လေဖြတ်တယ်ဆိုတာ အသက်ကြီးမှဖြတ်တာ မဟုတ်ပါဘူး အသက်ငယ်ရယ်သူတွေလဲ လေဖြစ်တက်ပါတယ် ။ ဒီဘက်နှစ်တွေမှာဆို အသက်ငယ်ငယ်နဲ့ လေဖြတ်တာတွေ ပိုများနေပါပြီ။

ရောဂါအခံကြောင့် လေဖြတ်ခြင်းလည်း ဖြစ်နိုင်ပါတယ် ။ ဘယ်လိုရောဂါတွေလဲကို ပြောရရင်

၁။ ဆီးချိုရောဂါကြောင့် လေဖြတ်ခြင်း၊

၂။ သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်း၊

၃။ နှလုံးရောဂါကြောင့် လေဖြတ်ခြင်း၊

၎။ အရက်သေစာ အလွန်သောက်စားမှုကြောင့် လေဖြတ်ခြင်း၊

၅။ ခါးကြောရိုး နာဗ်ကြောတွင် ထိခိုက်ဒဏ်ရာကြောင့် လေဖြတ်ခြင်း တို့ ဖြစ်ကြပါတယ် ။

လေဖြတ်သည့်လူနာကို အေးအေးဆေးဆေးနေထိုင်သက်သောင့်သက်သာဖြစ်စေရန် အရင်ထားပေးရပါမယ် ၊ ဦးနှောက်သွေးကြောပိတ် (Cerebral Infarct)လို့ပဲ ဖြစ်ဖြစ်၊ ဦးနှောက်သွေးကြောပေါက် (Cerebral Haemorrhage) လို့ လေဖြတ်တာပဲဖြစ်ဖြစ်၊ လေဖြတ်တဲ့ဝေဒနာဟာ တကြိမ်၊ တရက်တည်းနဲ့ ဖြစ်မယ် ကုသမယ် ရောဂါပျောက်သွားမယ်ဆိုတာ မဟုတ်သည့်အတွက် တရက်ထက်တရက် ခန္ဓာကိုယ်ပျက်စီးမှုဟာ ရက်ဆက်ပြီး ပိုပိုဆိုးလာတတ်ပါတယ် ။ အဲလိုဖြစ်တက်သည့်ကို အထူးသတိထားပေးရပါမယ် ။

တစ်ချို့ က ဖြစ်လာတော့မှာကို မသိကြပါဘူး တစ်ချို့ လေဖြတ်တော့မယ်ဆိုရင် ဦးစွာ ဖြစ်ပေါ်လာသည့်အကြောင်းအရာတွေ လာတက်ပါတယ် အဲဒါကတော့


ပထမရက်မှာ ပါးရွဲ့ လာပြီး လေးလံထုံထိုင်လာပြီး မျက်လုံးပြူးတယ်ဆိုရင် နောက်ရက်မှာ လက်မြှောက်မရ၊ နောက်ရက်မှာ ဗုန်းဗုန်းလဲ စသည်ဖြင့် နောက်ဆုံးကျမှ တကယ်ကို လေဖြတ်ခြင်း (Completed Stroke) အဆင့်သို့ ရောက်ရှိဖြစ်သွားရပါတယ် ။


တစ်ချို့ လူတွေဆိုရင် အကြောက်တရားမရှိကြဘူးလို့ တောင် ပြောရမယ်ထင်တယ် ကိုယ့်က ပထမအကြိမ်မှာ လေဖြတ်လေဖြန်းသည့် ဝေဒနာကို ခံစားရတာကို ကျန်းမာရေး အသိတွေ ဆောင်ရန်ရှောင်ရန်တွေကို အလေးမထားတော့ ဒုတိယအကြိမ်မြောက်၊ တတိယအကြိမ်မြောက် လေဖြန်းတယ်၊ လေဖြတ်တယ် ဆိုတာတွေ ဖြစ်ပေါ်ခံစားရတက်ကြပါတယ် ။


လေဖြတ်ရောဂါတွေမှာ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်ကြပါတယ် ။သိသာထင်ရှားသော အချက်များကို ပြောပြရရင်ဖြင့်

တချို့က ပါးတခြမ်းရွဲ့၊ မျက်စိမှိတ်မရဘဲ ပြူးနေသည့်ပုံစံမျိုး ၊ နှုတ်ခမ်းပိတ်မရ ဖြစ်တယ်။

တစ်ချို့ လူတွေရဲ့ ခန္ဓာကိုယ်အတွင်းမှ အင်မတန်ဆိုးဝါးတဲ့ အနံ့များထွက်တယ်။

တချို့ ဝေဒနာရှင်တွေမှာ လျှာပဲလေဖြတ်တာ လျှာစောင်းသွားတယ်။ လျှာတိုဝင်သွားတယ်။အဲလိုဖြစ်သည့်အတွက် ပြောသည့် စကားမပီတော့ဘူး။

တချို့က မှတ်ဥာဏ်ပိုင်းဦးနှောက်ကို ထိမိဖြစ်ပေါ်သည့်အတွက်ကြောင့် ကိုယ့်နာမည်ကအစ အကုန်မေ့ကုန်တယ်။ ပြန်မပြောတတ်တော့ဘူး။

တချို့ ပါးစပ်ကနေ သွားရည်တွေ ကျကျနေတက်တယ်။

တစ်ချို့ ဆိုရင် လူနာသွားမေးလို့ မြင်လိုက်ရင် ဝမ်းနည်းစိတ်တွေဖြစ်ပေါ်သည့်အတွက် ငိုတယ်တာတွေရှိသလို တစ်ချို့ လူနာတွေမှာ ရယ်နေတက်တာလည်း ရှိပါတယ် ။

တစ်ချို့ လေဖြတ်ပုံက ဘယ်ခြေ-ညာလက်၊ ညာခြေ-ဘယ်လက်၊ စသည်ဖြင့် ထောင့်သန်းဖြတ်ခြင်း တို့ ဖြစ်ကြပါတယ် ။


လေဖြတ်ဝေဒနာဟာ အသက်ရှင်သန်နေပေမဲ့ လူသားတစ်ယောက်ပြု့ မှု့ ဆောင်ရွက်နိုင်ခြင်းကို ဆုံးရှုံးစေနိုင်သည့် အလွန်ပင် ဆိုးရွားသော ရောဂါတစ်ခုဖြစ်သလို့  လူ့သက်တမ်းကိုလည်း ဆုတ်ယုတ်တိုတောင်စေနိုင်သည့်ရောဂါဖြစ်ပါတယ် ဒါကြောင့် မဖြစ်ခင်ကို မကျရောက်ခင် အသိဖြင့် ကျန်းမာရေး အမြင်များသိရှိဖို့ လိုအပ်ပါသည် ။


ဒါကြောင့် နေကောင်းကျန်းမာနေစဉ်မှာ တစ်ချို့ တစ်လေမှာ လေဖြတ်ရင် ဖြတ်ပါစေဆိုပြီး ဖြစ်သလိုနေထိုင်ကြပါတယ် ဒါဟာ လုံးဝကို မထားသင့် မနေထိုင်သင့်သည့် စိတ်ဖြစ်ပါတယ် ။ ဖြတ်သွားခဲ့ရင် နောက်ဆက်တွဲ လူမှု့ အဖွဲ့ အစည်းနှင့် မိသားစုရေးရာတွေမှာ ပေးဆပ်ရမည့် တန်းဖိုးတွေ များပါတယ် အဲလို့ ဖြစ်စဉ်များကို အသိပေးတင်ပြခဲ့သည့် ကျန်းမာရေး ပို့ စ်များလဲ များစွာရှိခဲ့ပါတယ် ။


လေဖြတ်ခြင်းဆိုတာ ကိုယ်ဘယ်လိုပုံစုံမျိုးနဲ့ လေဖြတ်မယ်ဆိုတာ ကြိုတင်မှန်းဆ လို့ မရပါဘူး ဒါကြောင့် ကြိုမသိနိုင်တဲ့အတွက် လေဖြတ်စေနိုင်မည့် အကြောင်းရင်းများစွာကို ကျန်းမာရေး အသိမြင်ခြင်းဖြင့် သတိကြီးစွာ စားသောက်နေထိုင်ကြပါလို့ ရေးသားတင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။


Mg Mandalay





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1EZZJhL

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...