Skip to main content

ဦးဆန်းဆင့်ကို ဘာတွေနဲ့ စွပ်စွဲခဲ့သလဲ



သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးက ရာဇဝတ်မှု မကင်းသော ယုံကြည်အပ်နှံမှုကို ဖေါက်ဖျက်မှု(ငွေကြေး အလွဲ သုံးစားမှု) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ (၃)လ လောက် ရုံးတင်စစ်ဆေးပြီး အခုလို စီရင်ချက်ချခဲ့တာပါ။

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့တဲ့ စွပ်စွဲချက်တွေထဲမှာ တရုတ်နိုင်ငံမှာ ရွှေတိဂုံစေတီတော် ပုံတူ စေတီတဆူတည်တာနဲ့ ပတ်သက်တဲ့ အစည်းအဝေးတခုအတွင်း အခုအစိုးရက အတု၊ နောက်တက်လာမယ့် အစိုးရကသာလျှင် အစစ်ဖြစ်တယ်လို့ ဝန်ကြီး ဦးဆန်းဆင့်က ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း တခုအပါအဝင် ဖြစ်တယ်လို့ ဦးဆန်းဆင့်ဘက်က လိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးတင်ထွန်းက ပြောပါတယ်။


နောက်တခါ သံဃာ့ဂိုဏ်းပေါင်းစုံ အစည်းအဝေးမှာ သမ္မတနဲ့ ဒု သမ္မတ တို့ မတက်ရောက်ဘူး ဆိုတဲ့ ခေါင်းစီးနဲ့ သံတော်ဆင့် ဂျာနယ်မှာ မျက်နှာဖုံး သတင်းဖေါ်ပြတဲ့ အပေါ် ဦးဆန်းဆင့်က ညစာစားပွဲတခုမှာ ပြောကြားခဲ့တယ်လို့ စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။


ဒီလို ပြောဆိုခဲ့တာတွေ မရှိဘူးဆိုတာကို သူတို့ဘက်က သက်သေပြနိုင်ခဲ့တယ်လို့ ရှေ့နေကြီး ဦးတင်ထွန်းက ပြောပါတယ်။


ဦးဆန်းဆင့်အပေါ် မဟာသန္တိ သုခကျောင်း ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု စွပ်စွဲချက်ဟာ ဦးဆန်းဆင့်နဲ့ပတ်သက်မှုမရှိပဲ ဂျာနယ်တွေနဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။


သံတော်ဆင့်ဂျာနယ် မျက်နှာဖုံးမှာ သမ္မတနဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ ဘက်က မရပ်တည်ဘူးဆိုတဲ့ ခေါင်းစီးနဲ့ ဖေါ်ပြချိန်မှာပဲ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ အပေါ် ဝေဖန် ပြောကြားမှုတွေ ရှိလာတဲ့ အပေါ် အဖြစ်မှန်ကို ဦးဆန်းဆင့်ရဲ့ တိုက်တွန်းချက်နဲ့ ရေးသားတဲ့ ဆောင်းပါးရှင် ဦးဓမ္မရဲ့ ဆောင်းပါး အတွင်းမှာပါလာခဲ့တယ်လို့ ဆိုပါတယ်။


ဒီ ဆောင်းပါးကို တိုင်းနဲ့ပြည်နယ်က သာသနာရေး ဦးစီးမှုးတွေ သိစေလိုတဲ့ အတွက် ဦးဆန်းဆင့်က အဲဒီဂျာနယ်ကို ပေးပို့ခဲ့တာကို နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတဲ့ ခေါင်းစီးပါ ဂျာနယ်ကို ဖြန့်ဝေတယ်ဆိုပြီး စွပ်စွဲခဲ့တာလို့ ပြောပါတယ်။


ဦးဆန်းဆင့်ဟာ သံတော်ဆင့်ဂျာနယ်နဲ့ ပတ်သက်မှုမရှိပဲ ပုဂ္ဂိုလ်ရေးအရ သတင်းဆောင်းပါးတွေ ထည့်ပေးတာသာ ဖြစ်တယ်လို့ ရှေ့နေကြီက ဆိုပါတယ်။


သူတို့အနေနဲ့ လာမယ့် သီတင်းပတ်မျာ အယူခံဝင်နိုင်အောင် ပြင်ဆင်နေတယ်လို့ တရားလွှတ်တော် ရှေ့နေကြီး ဦးတင်ထွန်းက ပြောပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

http://ift.tt/1DnGAaV











၃ လလောက် ရုံးတင်စစ်ဆေးပြီး စီရင်ချက်ချခဲ့




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1DnGAaW

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...