လာအိုအသင်းက ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်၊ မြန်မာက ၃ ပွဲကစား ရမှတ် ၇ မှတ် ရရှိထားတဲ့အတွက် လာအိုနဲ့ မြန်မာ လက်ရွေးစင်အသင်းဟာ နောက်ဆုံး အုပ်စုပွဲစဉ် ကစားဖို့ ကျန်နေသေးပေမယ့်လည်း အုပ်စုကနေ နောက်တဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
အုပ်စုအတွင်းမှာ တီမောက ၄ ပွဲကစား ၄ မှတ် ရရှိခဲ့ပြီး တပွဲ ကစားဖို့ ကျန်နေသေးတဲ့ ကမ္ဘောဒီးယားက ၃ မှတ်နဲ့ ဘရူနိုင်းကတော့ အမှတ်မရရှိသေးပါဘူး။
မြန်မာနဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်မယ့် အုပ်စု နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အုပ်စုပထမနေရာကို ရတဲ့အသင်းက စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်းတို့နဲ့ စင်ကာပူ နိုင်ငံမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အုပ်စုဒုတိယ ရခဲ့ရင်တော့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နဲ့ ဗီယက်နမ်နိုင်ငံမှာ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
By ဒီဗွီဘီ
http://ift.tt/1nv0I7k
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1nv0I7m
Comments
Post a Comment