Skip to main content

ထိုင်းနိုင်ငံက လူကုန်ကူးခံရသူတွေကို ဘင်္ဂလားဒေ့ရှ် ပြန်ခေါ်မည်



ထိုင်းနိုင်ငံတောင်ပိုင်း ရာဘာခြံတွေထဲမှာ ခေတ်သစ်ကျွန်တွေအဖြစ် လူပွဲစားတွေက ရောင်းစား ခံရတော့မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့အပြီး ထိုင်းနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ် ကို ပြန်ခေါ်မယ့် အကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က မနေ့က ပြောကြား လိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ရာဘာစိုက်ခင်းတွေထဲက လူပွဲစားစခန်းတွေထဲက ဖမ်းဆီးရမိခဲ့တဲ့ လှေစီး မွတ်စလင် ၁၃၄ ဦးထဲမှာအများစုဖြစ်တဲ့ ၁၁ဂ ဦးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်ပြီး ကျန်တဲ့ ၁၆ ဦးဟာ မြန်မာဖက်ကဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။


ဒီဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးပြီးရင် စိစစ်ပြန်ခေါ်မှာဖြစ်ကြောင်း၊ ဒါပေမယ့် ဘင်္ဂလားစကားပြောတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ ပြောလို့မရပဲ မြန်မာဖက်က မွတ်စလင်တွေကလည်း ဘင်္ဂလားစကားပြောပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံခြားကို ထွက်နေတာတွေရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။


ဒီမွတ်စလင်တွေကို အခုလအတွင်း ထိုင်းအာဏာပိုင်တွေက ၂ ကြိမ်ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့ဟာ လှေတွေ နဲ့တဆင့် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်ကနေ မလေးရှားအလာ ထိုင်းကမ်းရိုးတန်း ရာဘာ စိုက်ခင်းတွေထဲမှာ လူပွဲစားတွေကတဆင့်ရောင်းစားဖို့ စီစဉ်နေစဉ်ဖမ်းဆီးမိခဲ့တာလို့ ထိုင်းရဲက ပြောပါတယ်။


ထိုင်းနိုင်ငံက ဘင်္ဂလားဒေ့ရှ်သံရုံးကတော့ ဒီလှေစီးမွတ်စလင်တွေဟာ ပြန်ပေးဆွဲခံလာရတယ်ဆိုတဲ့ ပြောဆို ချက်တွေကို ငြင်းဆိုလိုက်ပြီး လူပေါင်း ၁၃ဝ ကျော် လူမသိသူမသိပြန်ပေးဆွဲဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ပြော ကြားလိုက်ပါတယ်။


ဒီအမှုနဲ့ ပတ်သက်လို့ ထိုင်းလူပွဲစား ၂ ဦးကို ထိုင်းရဲက ပြီးခဲ့တဲ့အပတ်က အရေးယူထားပါတယ်။


RFA Burmese

http://ift.tt/1kBhvP9






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1nv0JIl

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...