Skip to main content

အစိုးရနှင့် တိုက်ပွဲအတွင်း KIA ဗိုလ်တဦးကျ



ကချင်ပြည်နယ် မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ ဗိုလ် ဖောင်ဂျေး လဒွဲ (Du Hpauje La Doi) ကျဆုံးခဲ့သည်ဟု KIA တပ်ရင်း ၁၂ နှင့် ၂၇ မှ တာဝန်ရှိသူများက ပြောသည်။

အစိုးရ၏ တပ်ရင်း ခမရ (၃၁၇) တပ်အင်အား ၁၀၀ ခန့်သည် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေသို့ ဝင်ရောက်လာသဖြင့် နမ်ဆာ (Nam Sa) နှင့် ခပရာ (Hka Pra) အကြား ဒန်စပါ (Dang Sa Pa) တွင် နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီထိ ငါးနာရီကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်း ဖြစ်သည်။


“ဒီနေ့တော့ ဗုံးကွဲသံဘဲ ကြားတယ်။ မနေ့ကတော့ ရင်း ၂၇ နယ်မြေ Nam Sa နဲ့ Hka Pra ကြား Dang Sa Pa မှာ ၁ နာရီကနေ ညနေ ၅ နာရီထိ တိုက်ပွဲဖြစ်တာ ၅ နာရီကျော်ကြာ ဖြစ်တယ်။ အစိုးရ စစ်တပ်က မဂျီဘွမ် (Maji Bum) တပ်စခန်းဘက် တက်လာတာ ကျနော်တို့ တပ်ဖွဲ့နဲ့ လမ်းမှာ ထိပ်တိုက်တွေ့လို့ တိုက်ပွဲဖြစ်တာ။ ကျနော်တို့ဘက်က တယောက် ကျသွားတယ်” ဟု KIA တပ်ရင်း ၂၇ မှ တပ်ရင်းမှူး လဘန်ဂျွန်းအောင် (Dap Up Labang Jawn Awng) က ပြောသည်။


ထိုတိုက်ပွဲအတွင်း KIA တပ်ရင်း ၁၂၊ တပ်ရင်း ၂၇ တို့မှ တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ တပ်ရင်း ၁၂ မှ ဗိုလ်ဖောင်ဂျေး လဒွဲ (Du Hpauje La Doi) ကျဆုံးခဲ့ပြီး အစိုးရ စစ်တပ်ဘက်ကလည်း အကျအဆုံးနှင့် ဒဏ်ရာရရှိသူများ ရှိသည်ဟု သိရကြောင်း သူက ဆိုသည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစိုးရ စစ်တပ်ဘက်မှ ပလောင်ဒိန်ဆာ (Balawng Dingsa) တပ်စခန်းသို့ လမ်းမအတိုင်း တက်မည်ဟု KIO ဗဟိုဌာနချုပ်ကို ကြိုတင် ခွင့်တောင်းခဲ့သော်လည်း အစိုးရစစ်တပ်က လမ်းမအတိုင်းမသွားဘဲ တောလမ်းမှ ဝင်ရောက်ခဲ့သဖြင့် KIA တပ်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တပ်ရင်းမှူး လဘန်ဂျွန်းအောင် (Dap Up Labang Jawn Awng) က ပြောသည်။


ကိုင်ထိပ်၊ နမ်ခမ်းနှင့် မန်းဝင်းကြီးဘက်မှ အစိုးရ စစ်တပ်များ သိမ်းယူထားသော KIA တပ်ရင်း ၁၂ တပ်စခန်းဟောင်း ပဂျီဘွမ် (Maji Bum)နှင့် တပ်ရင်း ၂၇ ပလောင်ဒိန်ဆာ (Balawng Dingsa) တပ်စခန်းများသို့ ဝင်ရောက်သွားသော်လည်း ပြန်လည် ဆင်းသွားခြင်း မရှိသေးကြောင်း သူက ဆိုသည်။


“ကျနော်တို့က ဗဟိုက ညွန်ကြားတဲ့အတိုင်း ကျနော်တို့ လမ်းအတိုင်း ဖယ်ပေးပါဆိုလို့ ဘေးကို ဖယ်ပေးထားပါတယ်” ဟု သူက ပြောသည်။


လက်ရှိ KIA တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေ အနီးတစ်ဝိုက် အစိုးရ၏ တပ်မ ၈၈ လက်လောက်ခံ တပ်ရင်းများ အပါအဝင် အနည်းဆုံး တပ်ရင်း ၁၀ ရင်းခန့် အခြေစိုက်နေဆဲ ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။


နိုဝင်ဘာလ ၁၈ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သော ဂျန်ကြိုင်ခရပ် (Jan Chyai Hket) အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ နိုဝင်ဘာလ ၁၆ ရက်ကလည်းခရှန် (Hka Shang)၊ ဂျန်ကြိုင်ခရပ် (Jan Chyai Hket) အနီး KIA တပ်ရင်း ၂၇ တပ်နှင့် အစိုးရ၏ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။


ပြီးခဲ့သည့် ဧပြီလအတွင်းက မန်စီမြို့နယ်အတွင်း KIA တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည် ထောင်နှင့်ချီသည် တရုတ်နယ်စပ် မိုင်ဂျာယန် (Mai Ja Yang)၊ ဗန်းမော် (Man Maw)နှင့် မန်ဝင်းကြီး (Man Win Gyi) ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။


Kachin News Group

http://ift.tt/1tdzDlh











KIA ဗဟိုဌာနချုပ် လိုင်ဇာအနီး ရှေ့တန်းတနေမှ စစ်သားတဦး




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tdzEWs

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3