၁၈.၁၁.၂၀၁၄ ရက်နေ့ ၂၀၂၀ အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်း အတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ ကရင်ပြည်နယ်၊ ဘားအံမြို့နေ ယာဉ်မောင်း ကိုအောင်ကျော်ဟိန်း မောင်းနှင်လာ သော 7D---Toyo Ace ယာဉ်သည် ရိပ်သာရပ်ကွက်၊ လမ်းလယ်ကျွန်းအမှတ်(၁၁၆)အရောက် လမ်းဖြတ်ကူးသူ လှည်းကူးမြို့နယ်နေ ကိုမင်းမင်းထွေးအား ဝင်ရောက်တိုက်မိခဲ့ပါသည်။
ထိုသို့ တိုက်မိခဲ့သဖြင့် ကိုမင်းမင်းထွေးမှာ ယာချိုစောင်း၊ နဖူး၊ ယာပါးတို့တွင် ပွန်းပဲ့ဒဏ်ရာများ၊ ခါး၊ ရင်ဘတ်၊ ဝဲ/ယာခြေထောက်တို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် လှည်းကူးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားခဲ့ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုအောင်ကျော်ဟိန်းအား လှည်းကူးမြို့မရဲစခန်းယာဉ်(ပ) ၉၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
http://ift.tt/1oASl5N
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1p1lZX2
Comments
Post a Comment