အိန္ဒိယနိုင်ငံတွင် သားကြောဖြတ် ခံရပြီးနောက် သေဆုံးခဲ့ ရသည့် အမျိုးသမီး ၁၃ ဦးမှာ ခွဲစိတ်မှု ပြုလုပ်စဉ် အတွင်း ၄င်းတို့အား ထိုးသွင်းပေး ခဲ့သော ကြွက်သတ်ဆေး ပါဝင်သည့် ပဋိဇီဝဆေး နှင့် ဆက်နွှယ်မှု ရှိနိုင်ကြောင်း ဒေသတွင်း အရာရှိများက ပြောကြားသည်။
ကနဦး စစ်ဆေးမှုများ အရ သေဆုံးခဲ့သည့် အမျိုးသမီး များအား ထိုးသွင်း ပေးခဲ့သည့် ပဋိဇီဝဆေးရည် ထဲတွင် ကြွက်သတ်ရာ၌ အသုံးပြုသည့် ဇင့်ဖော့စ်ဖိုက်ဒ် ပါဝင် နေသည်ကို တွေ့ရှိ ခဲ့ကြောင်း ဘီလာစပါ ခရိုင် အုပ်ချုပ်ရေးမှူး သိဒ္ဓတ္ထပါ ဒေသီ က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြား ခဲ့သည်။
ထို့ပြင် သားကြောဖြတ် ခွဲစိတ်မှု မခံယူခဲ့ သော်လည်း အဆိုပါ ပဋိဇီဝဆေးရည် ထိုးသွင်းခံခဲ့ ရသည့် အခြား အမျိုးသမီး ကိုးဦးတွင်လည်း သေဆုံးသူ အမျိုးသမီးများ နှင့်အလားတူ ရောဂါ လက္ခဏာများ ဖြစ်ပေါ် နေကြောင်း ချာဟတ်တီဂါ့ ပြည်နယ် ကျန်းမာရေး ဌာနမှ အတွင်းရေးမှူး အေလော့ခ်ချူ ကလာ က ပြောကြားသည်။
ဇင့်ဖော့စ်ဖိုက်ဒ် ပါဝင်နေသော အဆိုပါ ပဋိဇီဝဆေးဝါး ကို Mahacuar ဆေးဝါး ထုတ်လုပ်မှု စက်ရုံတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှ Ciprofloxacin ဆေးပြားများကို ရောင်းချ ဝယ်ယူမှုများ မပြုလုပ်ရန် နှင့် အဆိုပါ ဆေးပြားများကို တွေ့ရှိပါက လည်း သတင်းပေးပို့ ကြရန် ပြည်သူများထံ သို့ သတိပေးချက်များ ထုတ်ပြန် ထားကြောင်း ကို ချူကလာ က ပြောကြား ထားကြောင်း သိရသည်။
#PyiChitThar
http://ift.tt/1tdzE8I
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tdzCho
Comments
Post a Comment