ရန်ကုန်၊ နိုဝင်ဘာ ၃၀
၃၀.၁၁.၂၀၁၄ရက်နေ့ ၁၄၄၀ အချိန်တွင် ဒေါပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒေါပုံမြို့နယ်၊ ဗမာ အေးရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ နေအိမ်တိုက်ခန်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းရှိ တိုက်ဒုတိယထပ်နေ ဦးကျော်မြင့် (စိစစ်ဆဲ)မှာ နေအိမ်တွင်မရှိဘဲပြင်ပသို့ သွားရောက်နေစဉ် အခန်းအတွင်း၌ လျှပ်စစ်မီးချောင်း ဖွင့်ထားခဲ့ရာ မီးပလပ်ခုံ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာမှ မွေ့ယာနှင့် သုံးထပ်သားပြားတို့အား ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်
ကြောင်း၊ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် မီသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ် ခဲ့သဖြင့် ၁၄၄၃အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့် အတွက် ဦးကျော်မြင့် (စိစစ်ဆဲ)အား ဒေါပုံမြို့မ ရဲစခန်း(ပ)၂၉၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://feedproxy.google.com/~r/thithtoolwin/yIWV/~3/LrWaP-ckCHE/blog-post_4443.html
Comments
Post a Comment