မိုဆူးလ် ၊ ၁၂-၁၂-၂၀၁၄
ISIS စစ်သွေးကြွ အဖွဲ့သည် ၄င်းတို့အဖွဲ့ အတွင်းမှ ခေါင်းဆောင်များ အနက် ခေါင်းဆောင် တစ်ဦးကို ဘဏ္ဍာရေး ဆိုင်ရာ အကျင့်ပျက် ခြစားမှု၊ လျှို့ဝှက် ကြံစည်မှုနှင့် အီရတ် မြောက်ပိုင်းရှိ မိုဆူးလ်မြို့ကို လျစ်လျူရှုခြင်း ကဲ့သို့သော ပြစ်မှုများဖြင့် ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း သိရသည်။
မူအာမာသော်ဟာလာ အမည်ရှိ အဆိုပါ ကွပ်မျက်ခံ စစ်သွေးကြွ ခေါင်းဆောင် သည် မိုဆူးလ်မြို့ အတွင်းရှိ အခွန်ငွေများကို ကောက်ယူရသည့် အရာရှိ တစ်ဦးဖြစ်ပြီး ယင်းမြို့ အနီးတွင် တည်ရှိသော အန်နက်ဂါမြို့ အတွင်းရှိ ၄င်း၏ နေအိမ်ရှေ့တွင် ဒီဇင်ဘာ ၈ ရက်က ခေါင်းဖြတ် ကွပ်မျက်ခံခဲ့ ရခြင်းဖြစ်ကြောင်း ဒေသတွင်း အရာရှိတစ်ဦး က ပြောကြားသည်။
ISIS စစ်သွေးကြွ များသည် သော်ဟာလာ ၏ ညီဖြစ်သူ ဖာတီရန် ကိုလည်း ဖမ်းဆီး ခဲ့သည်ဟု သိရသည်။ ဖာတီရန် သည် အီရတ် သမ္မတဟောင်း ဆက်ဒမ်ဟူစိန် အစိုးရအဖွဲ့၏ လျှို့ဝှက် ထောက်လှမ်းရေး ဌာနတွင် ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးအဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်သည်။
ထို့ပြင် ISIS စစ်သွေးကြွ အဖွဲ့သည် သော်ဟာလာ ၏ ညီမဖြစ်သူ နီရန် ကိုလည်း ရှာဖွေလျက် ရှိကြောင်း သိရသည်။ နီရန် သည် နီနဝေပြည်နယ် ရေလုပ်ငန်း ဆိုင်ရာဦးစီးဌာန တွင် စာရင်းပိုင်း ဆိုင်ရာ တာဝန်ယူ ထားသည့် အမျိုးသမီး တစ်ဦးဖြစ်ပြီး ၄င်းလုပ်ငန်းကို ဗန်းပြ၍ ISIS စစ်သွေးကြွ အဖွဲ့အတွက် ထောက်လှမ်းမှုများ ပြုလုပ်ပေးနေသည့် အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း သိရသည်။
#PyiChitThar
http://ift.tt/1zEI6oD
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1zEI6oH
Comments
Post a Comment