လမ်း ၄၀ အလယ်ဘလောက်နှင့် မဟာဗန္ဓုလ လမ်းထောင့်တွင် ကားပါကင်ထိုးရာမှ ဆိုက္ကားသမားနှင့် ကားသမား ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းအချိန်တွင် ခိုက်ရန်ဖြစ်ပွား ကြောင်းသိရသည်။
ဘေးပတ်ဝန်းကျင်ကပြောပြချက်အရ ကားသမားက တောင်းပန်သည့်ကြားမှ ဆိုက္ကားသမားက ကားမှန်ကို ရိုက်ခွဲလိုက်ကြောင်း၊ ယင်းကြောင့် အနီးဝန်းကျင်မှ ကားသမားများရောက်လာပြီး ၀ိုင်းဝန်းထိုးကြိတ် ရိုက်နှက်လိုက်ကြောင်း၊ Probox ကားမှ ကားသမားလည်း မောင်းပြေးသွားကြောင်း၊ ဆိုက္ကားသမားမှာ မဟာဗန္ဓုလလမ်းပေါ်တွင် ပက်လက်လပြီး သတိလစ်သွားကြောင်း သိရသည်။
၎င်းကိစ္စနှင့် ကျောက်တံတားရဲစခန်းကို သွားရောက်မေးမြန်းရာ မြို့နယ်မှူးက ''အခု ဆေးစစ်ဖို့ ဆေးရုံကိုသွားရမယ်။ အမှုဖွင့်မလား၊ မဖွင့်လား မသိသေးဘူး။ ဘယ်လိုပုဒ်မနဲ့ တရားစွဲမလဲဆိုတာ ဆေးစာအပေါ် မူတည်ပါ တယ်။ ဒါကြောင့် ညနေကြမှ လာရောက်သတင်းယူကြပါ'' ဟု ပြောသည်။
သဒ္ဓါထက်အိုင်(လှန်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
http://ift.tt/1pl2P7H
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/16doJs9
Comments
Post a Comment