Skip to main content

ခရိုင်စည်ပင် ရွေးကောက်ပွဲ ၀င်မည့်သူနှင့် အုပ်ချုပ်ရေးမှူးတို့ ဖမ်းဆီးခဲ့သော ကားမှန်ခွဲမှု ရဲစခန်းတွင် နှိပ်စက်ခံ ရ၍သေဆုံးခြင်း မိသားစုကတိုင်ကြား



ရန်ကုန်၊ နိုဝင်ဘာ ၂၇

တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင် ရပ်ကွက်၊ အောင်တေ ဇလမ်း၊ အမှတ် (၁၀/ခ)တွင် နေထိုင်သူ(ဦးသက်လွင်) အား မျက်နှာချင်းဆိုင်အိမ်မှ ကားမှန် ကိုခွဲသည်ဟုဆိုကာ ရပ်ကွက်ဖွံ့ဖြိုး တိုးတက်ရေး ဥက္ကဋ္ဌက ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးသို့ နံပါတ်တုတ်ဖြင့် ရိုက်နှက်ခေါ်ဆောင်သွားခဲ့ပြီး တာမွေ ရဲစခန်း ရောက် စဉ်၌လည်း ထပ်မံညှဉ်း ပန်းနှိပ်စက်ကာ အမှုစစ်ဆေးခဲ့ သည့်အတွက် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


အောက်တိုဘာ ၆ နေ့တွင် အထက်ပါရပ်ကွက်ရှိ မျက်နှာချင်း ဆိုင်အိမ်မှကားမှန်ကွဲသည်ကို မိမိ၏ ခင်ပွန်းပြု လုပ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခ်ါဆောင် သွားခဲ့ပြီး ညှဉ်းပန်းနှိပ်စက်အမှုစစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ အမှုစစ်ဆေး သည့်အတွက် မိမိကရဲစခန်းသို့လိုက်သွား၍ခင်ပွန်းတွင် အစာအိမ်ရောဂါနှင့် စိတ်ဝေဒနာရောဂါရှိသဖြင့် နှိပ်စက် မှုများ မပြုလုပ်ရန် တောင်းပန်ခဲ့ပြီးအောက် တိုဘာ၇ရက်တွင် မိမိခင်ပွန်းအား သွားရောက်ထုတ်ယူခဲ့ကြောင်း၊ နံပါတ်တုတ်ဖြင့် ခေါင်းသို့ ၃ ချက် အရိုက်ခံရပြီး လက်မောင်း၊ ကျောကုန်းနှင့် ပေါင်တို့၌လည်း ရိုက်နှက် ခံထားရ သဖြင့် အညိုအမည်းများစွဲနေကာ ယင်းဒဏ်ရာများကြောင့် အောက်တိုဘာ ၁၃ရက်တွင် သေဆုံးသွားခဲ့ရ ကြောင်း ဇနီးဖြစ်သူ ဒေါ်စန်းအေးကပြောသည်။…


ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌ ဦးရဲခေါင်က ““အုပ်ချုပ်ရေးမှူးရှိတယ်၊ ရာအိမ်မှူး ခေါင်းဆောင်ရှိတယ်၊ ဦးက ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌဆိုတော့ တိုင်ကြားသူ ရှိတဲ့အခါမှာ အဆင်ပြေအောင်လို့ ညှိနှိုင်းပေးတယ်။ ရဲကခေါ်သွားတယ်။ ဦးတို့ တာဝန်က ဒီလောက်ပဲ။ ရဲစခန်း ကလာ ခေါ်တာပါ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။


ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ ဦးရဲခေါင်သည် ခရိုင်စည်ပင်ရွေးကောက်ပွဲ မ၀င်ခင်က ပြည်ထောင်စုကြံ့ ခိုင်ရေးပါတီဝင် ရပ်ကွက်စည်းရုံးရေးမှူး တစ်ဦးဖြစ်ပြီး စည်ပင်ရွေး ကောက်ပွဲတွင် ပါတီနိုင်ငံရေးကင်းရှင်းရ မည်ဖြစ်သဖြင့် နုတ်ထွက် ထားသူတစ်ဦးဖြစ်ပြီး ယခုတွင် ရန်ကုန် တိုင်းဒေသကြီး တောင်ပိုင်း ခရိုင် စည်ပင်ရွေး ကောက်ပွဲအား ခရိုင် အဆင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။


သေဆုံးခဲ့ရခြင်းနှင့် စပ်လျဉ်း၍ ကျန်ရစ်သူမိသားစုက အမှုမှန် ပေါ်ပေါက်ရေး အတွက် စုံစမ်းစစ် ဆေးပါရန် အမျိုး သားလူ့အခွင့်ရေး ကော်မရှင်သို့ တိုင်ကြားထားပြီး ယင်းတိုင်ကြားမှုနှင့် ပတ်သက်၍ နိုဝင် ဘာ၂၈ရက် နေ့လယ် ၁နာရီတွင် တာမွေမြို့နယ် NLD ရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ် မည်ဖြစ်သည်။


““ကာယကံရှင်ရဲ့ ဇနီးတွေ ဆွေမျိုးတွေ အနီးပတ်ဝန်းကျင်က လူတွေပါ ကျွန်တော်တို့ခေါ်စစ်ပြီးပြီ။ အထောက် အထားဓာတ်ပုံလည်း ရှိတယ်။ သျှင်ပါဂူ ဆေးရုံသွားတယ်။ ၁၃ ရက်က သျှင်ပါဂူက လက်မခံ တော့ ဆေးရုံကြီး သွား တယ်။ လမ်းမှာတင်ဆုံးတာပေါ့””ဟု တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ရှေ့နေ ဦးစံတင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။


အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ တာမွေမြို့နယ်ရဲစခန်းသို့ မြန်မာ သံတော်ဆင့် သတင်းဂျာနယ်မှ ဆက်သွယ်မေးမြန်းခဲ့ရာ မည်သူမျှပြော ဆိုခြင်းမရှိဘဲ ဖုန်းချသွားသည်။


တင်ဇာအောင်

မြန်မာသံတော်ဆင့်သတင်းဌာန- http://ift.tt/1t7d2bL


ပုံညွှန်းစာ - ဦးသက်လွင်အား ဥပဒေမဲ့ဖမ်းဆီးပြီး ညှဉ်းပန်း နှိပ်စက် ခံရသဖြင့် သေဆုံးခဲ့ရာတွင် ဦးဆောင်ဖမ်းဆီးခဲ့သူ ဆိုသူ ဦးကြူလွင်(ခ)ဦးရဲခေါင်က ခရိုင် စည်ပင် ရွေးကောက်ပွဲဝင်ရန်အတွက် လိုက်လံစည်းရုံးရာတွင် ဝေငှခဲ့ သည့် visiting card ကတ်။






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uOPbwt

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3