Skip to main content

ကွင်းစလန်းမုန်တိုင်းကြောင့် လူသောင်းချီ လျှပ်စစ်မရ



သြစတြေးလျနိုင်ငံ ​Queensland ​(ကွင်းစလန်း) ​ပြည်နယ် ​အရှေ့တောင်ပိုင်းမှာ ​၁၀ ​နှစ်အတွင်း ​အဆိုးဝါးဆုံး ​မုန်တိုင်း ​ကျရောက်ခဲ့ရာက ​လူပေါင်း ​သောင်းနဲ့ချီ ​လျှပ်စစ် ​ပြတ်တောက်မှု ​ဒဏ်ကို ​ခံနေရပါတယ်။

အဲဒီ ​မုန်တိုင်းအတွင်း ​လူ ​၁၂ ​ဦးသာ ​အနည်းငယ် ​ဒဏ်ရာ ​ရတဲ့အတွက် ​အဲဒီအပေါ် ​ကျေးဇူးတင်ရမယ်လို့ ​ကွင်းစလန်းပြည်နယ် ​ဝန်ကြီးချုပ် ​Campbell ​Newman ​က ​ပြောပါတယ်။


လူတွေကို ​ထိခိုက်မှု ​နည်းပေမယ့်လည်း ​မုန်တိုင်းကြောင့်၊ ​လမ်းတွေ၊ ​အဆောက်အဦးတွေ၊ ​ကားတွေ ​ပျက်စီးတဲ့အတွက် ​ဒေါ်လာ ​သန်း ​၁၀၀ ​ဖိုးလောက် ​နစ်နာ ​ဆုံးရှုံးရပါတယ်။


မိုးသည်းထန်မှုနဲ့ ​အတူ ​ဂေါက်သီးထက်ကြီးတဲ့ ​မိုးသီးတွေကြောင့်လည်း ​ကားတွေ၊ ​အိမ်ခေါင်မိုးတွေ ​ပျက်စီးခဲ့ရပါတယ်။


အာမခံ ​ကုမ္ပဏီကလည်း ​လျော်ကြေးတွေ ​ရဖို့ ​လျှောက်ထားတဲ့ ​လျှောက်လွှာ ​အခုပေါင်း ​၃၀၀၀ ​ရရှိပြီး ​ဒေါ်လာ ​၂၅ ​သန်းလောက် ​လျော်ရမယ့်ကိန်း ​ဆိုက်နေပါတယ်။


ကွင်းစလန်း ​ပြည်နယ် ​အရှေ့တောင်ပိုင်းက ​စာသင်ကျောင်း ​၁၇ ​ကျောင်းကိုလည်း ​ပိတ်ချထားရပါတယ်။


မုန်တိုင်းကြောင့် ​လူပေါင်း ​၉၀၀၀၀ ​(၉သောင်း) ​လောက် ​လျှပ်စစ်ပြတ်တောက်မှု ​ဒဏ်ကို ​ခံခဲ့ရပြီး ​လူပေါင်း ​၄၀၀၀၀ ​လောက်ကိုတော့ ​လျှပ်စစ်တွေ ​ပြန်ရအောင် ​ညတွင်းချင်း ​လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။


ဒီညနေ ​၆ ​နာရီမှာတော့ ​၈၀% ​လောက် ​လျှပ်စစ်မီးတွေ ​ပြန်ရဖို့ ​မျှော်လင့်နေကြပါတယ်။


အာရုဏ်ဦးအချိန်ကစပြီး ​စစ်သားအယောက်ပေါင်း ​၂၀၀ ​လောက် ​လုပ်အားပေး ​လုပ်နေကြပြီ ​ဖြစ်ပါတယ်။


ဖိလစ်ပိုင်မှာလည်း ​မုန်တိုင်းဝင် ​လူ ​၄ ​ယောက်လောက်သေ


ဖိလစ်ပိုင်နိုင်ငံ ​တောင်ပိုင်းနဲ့ ​အလယ်ပိုင်းမှာ ​ရေကြီးမှုနဲ့ ​မြေပြိုမှုတွေ ​ဖြစ်ပေါ်တဲ့အတွက် ​အနည်းဆုံး ​လူ ​၄ ​ဦးသေဆုံးပြီး ​၁၂ ​ယောက်ထက်မနည်း ​ပျောက်ဆုံးနေပါတယ်။


ဖိလစ်ပိုင်နိုင်ငံက ​ခရိုင်နဲ့ ​မြို့ ​၈ ​ခုတို့မှာ ​ရေကြီး၊ ​မြေပြိုမှုတွေ ​ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။


မုန်တိုင်းကြောင့် ​ရေကြီး၊ ​မြေပြိုမှုတွေ ​ဖြစ်ပေါ်တာဖြစ်ပြီး ​Jagna ​ဆိုတဲ့မြို့မှာတော့ ​အရေးပေါ် ​အခြေအနေ ​ကြေညာထားပါတယ်။


စာသင်ကျောင်းတွေ၊ ​ရုံးတွေကို ​ပိတ်ချထားရပြီး ​လူပေါင်း ​တစ်ထောင်လောက်ကို ​လုံခြုံရာ ​ပို့ဆောင်ထားသလို ​အရေးပေါ် ​အစားအသောက်တွေ ​ဝေငှနေပြီ ​ဖြစ်ပါတယ်။


မုန်တိုင်းကြောင့် ​ဗုဒ္ဓဟူးနေ့ကတည်းက ​သင်္ဘောနဲ့ ​လေယာဉ် ​သွားလာမှုတွေကို ​ရပ်တန့်ခဲ့ရပါတယ်။


ဒီရက်ပိုင်းအတွင်း ​ရာသီဥတု ​ဆိုးဝါးမှုတွေ ​ဖြစ်ပွားနိုင်တယ်လို့လည်း ​မိုးလေဝသဌာနက ​သတိပေးထားပါတယ်။


ABC Radio Australia

http://ift.tt/1vVTmgr






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vVToEW

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3