မုံရွာမြို့ နန္ဒဝန်ရပ် နယ်မြေ(၆)နေ အသက်(၁၆)နှစ် အရွယ် အမျိုးသမီး ငယ်တစ်ဦးကို အိမ်ဖော် အလုပ် ရမည်ဟု သွေးဆောင် စည်းရုံးကာ ပြည့်တန်ဆာ လုပ်ငန်းကို စေခိုင်းခဲ့သူ အမျိုးသမီး နှစ်ဦးအား မုံရွာ မြို့နယ် ရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခွဲက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ညနေ ၆ နာရီခွဲ တွင် မ---- (၁၆)နှစ်သည် အိမ်နီးချင်း ဒေါ်အေးမြအိမ် သို့ တီဗွီသွားကြည့်စဉ် ဒေါ်အေးမြက ဟုမ္မလင်းမြို့နယ် နမ့်တောတွင် အိမ်ဖော်လုပ်လျှင် တစ်လ ကျပ်ခြောက်သောင်း ရမည်ဟုပြောရာ မိခင်နှင့်တိုင်ပင်၍ သဘောတူကာ ထိုနေ့ ညတွင်းချင်းပင် မစံပယ်နှင့်အတူ ဒေါ်အေးမြပါလိုက်၍ သူမအား ခေါ်ဆောင်သွားခဲ့ကြသည်။ ထိုသို့ခေါ်ဆောင်ရာတွင် ဟုမ္မလင်းသို့မဟုတ်ဘဲ သပိတ်ကျင်းမြို့နယ် ကျည်တောက်ပေါက်ကျေးရွာသို့ခေါ်ဆောင်ကာ ပြည့်တန်ဆာလုပ်ငန်းတွင် အခြားမိန်းမငယ် ၁၄ ဦးနှင့်အတူ လုပ်ကိုင်နေရစဉ် အောက်တိုဘာ ၂၃ ရက်တွင် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ မစံပယ်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးမှုများရှိနေသောကြောင့် မစံပယ်၏သား မောင်ရဲလင်းက ဆိုင်ကယ်ဖြင့် မုံရွာသို့လိုက်ပို့စဉ် ထန်းတောရပ် ဆယ်ပေချောင် ကန်ပတ်လမ်းအနီးချထားခဲ့ရာ နယ်မြေမှူး ဦးကျော်မြင့်ထွန်းနှင့် ရာအိမ်မှူး ဦးအေးတို့ထံ အကူအညီတောင်း၍ နေအိမ်သို့ပြန်ကာမိခင်နှင့်အတူ နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့သဖြင့် တာဝန်ရှိသူများက ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)
The Mirror Daily
http://ift.tt/1n2DVIZ
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uWSKBf
Comments
Post a Comment