Skip to main content

သတင်းထောက်သေဆုံးမှု အဖွဲ့ ၃ဝ ကျော် သဘောထားထုတ်ဖေါ်မည်



အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံး ခဲ့ရတဲ့ အပေါ် နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ခံရမူနဲ့ တရားမဲ့ သတ်ဖြတ်အနိုင်ကျင့်ခံရမူအဖြစ် အရပ်ဘက်အဖွဲ့အစည်း ၃ဝ ဝန်းကျင်က ဒီကနေ့ သဘောထားထုတ်ဖေါ်ကြမယ်လို့ သိရပါတယ်။

ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ် နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေကို သတင်းလိုက်ယူနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့လို့ လိုက်လံစုံစမ်းရာမှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောဆိုခဲ့ပြီး၊ လူပျောက်မှုနဲ့ အမှုဖွင့်ခဲ့သလို၊ သတင်းစာရှင်းလင်းပွဲလည်းကျင်းပခဲ့ပါတယ်။


သတင်းမီဒီယာနဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာလည်း ဒီသတင်းပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တက်က သတင်းထုတ်ပြန်ခဲ့ရာမှာ ကိုပါကြီးဟာ KKO အဖွဲ့လို့ ခေါ်တဲ့ ဗိုလ်မှူးစောဆန်းအောင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိကြောင်း၊ စက်တင်ဘာလ ၃ဝ ရက်နေ့က သူ့ကိုဖမ်းမိခဲ့ပြီး ထိန်းသိမ်းထားစဉ်မှာ အောက်တိုဘာလ ၄ ရက်နေ့ညက သေနတ်လုပြီး ထွက်ပြေးဖို့ကြိုးစားခဲ့ရာမှာ ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့လို့ မြှုပ်နှံ သဂြိုလ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။


ဒါပေမဲ့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေကတော့ ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာတွေရှိကြောင်း၊ နိုင်ငံသားတစ်ဦးအပေါ် တရားဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၅ ရက် မနေ့က ရန်ကုန်မြို့ ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းမှာ နိုင်ငံရေးအင်အားစုတွေ၊ လူမူရေးအဖွဲ့အစည်းတွေစတဲ့ အဖွဲ့ ၁၉ ဖွဲ့က ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။


ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး Generation wave အဖွဲ့က ကိုမိုးသွေးက အခုလိုပြောပါတယ်။


"၈၈ မျိုးဆက် အခြေခံကျောင်းသားများသမဂ္ဂပေါ့နော်၊ နောက်ပြီးတော့ လူ့ဘောင်သစ်ပါတီတို့ စသည်ဖြင့် အင်အားစုတွေအားလုံး ကျနော်တို့ Generation wave အပါအဝင်ပေါ့၊ အင်အားစုတွေ အများကြီးတက်ကြတယ်လေ၊ တက်ပြီးတော့ အဓိကတော့ ကျနော်တို့ ကိုပါကြီး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့တွေ ဘယ်လိုပြန်ပြီးတော့မှ ကျနော်တို့ရဲ့ သဘောထားတွေဘယ်လိုလဲ ဆိုတာကို ဆွေးနွေးတယ်၊ ကျနော်တို့ တရားမျှတမှုတွေ ပေါ်ပေါက်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးတယ်"


အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်တိုဘာလ ၂၆ ရက်၊ ညနေလေးနာရီ၊ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ “ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့အတွက် သဘောထားထုတ်ဖော်သည့်လှုပ်ရှားမှု ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်ရွက်ကြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။


အဲ့ဒီလှုပ်ရှားမူမှာ အစည်းအဝေးတက်ရောက်ခဲ့တဲ့အဖွဲ့ ၁၉ ဖွဲ့အပြင်၊ တခြားအဖွဲ့တွေပါ ပူးပေါင်းပါဝင်မှာ ဖြစ်လို့ စုစုပေါင်း အဖွဲ့ ၃၃ ဖွဲ့က သဘောထားဖေါ်ထုတ်ကြမယ်လို့ သိရပါတယ်။


RFA Burmese

http://ift.tt/1kBhvP9






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1oISB8b

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...