Skip to main content

ရွေးကောက်ပွဲကော်မရှင်ကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်လာနိုင်သလား စည်သူအောင်မြင...



ရွေးကောက်ပွဲကော်မရှင်ကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်လာနိုင်သလား



စည်သူအောင်မြင့်



အားလုံးသိကြတဲ့အတိုင်း အရင်စစ်အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြု၊ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပပြီး အပြောင်းအလဲတစ်ခုကို စတင်ခဲ့ပါတယ်။ အပြောင်းအလဲ ပုံသဏ္ဌာန် ဘယ်လိုပဲရှိပါစေ၊ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဘက်ကို သွေးထွက်သံယို တစ်စုံတစ်ရာမရှိဘဲ ညင်ညင်သာသာ ပြောင်းလာနိုင်တာ၊ နောက်တက်တဲ့ အစိုးရအဖွဲ့ကလည်း နိုင်ငံရေးအရ၊ စီးပွားရေးအရ ဖြေလျော့မှုတွေ လုပ်ခဲ့တာမို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ချီးကျူးကြိုဆိုခဲ့ကြပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ဆိုတာ ပေါ်ပေါက်တည်ရှိနေပြီ ဖြစ်ပေမယ့် တကယ့်တကယ် ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်နဲ့ ရွေးကောက် တင်မြှောက်ထားတာတွေတော့ မဟုတ်ပါဘူး။ အကူးအပြောင်းကာလအတွက် အရင်စစ်အာဏာရှင်တွေက စနစ်တကျဖန်တီးနေရာချသွားသူတွေ ဖြစ်ပါတယ်။



ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံဟာ ဒီမိုကရေစီခရီးကို နောက်တစ်ဆင့်ရှေ့ဆက် သွားကြရပါလိမ့်မယ်။ အဲဒီအတွက် အရင်စစ်အာဏာရှင်တွေ နေရာချသွားတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့နေရာမှာ ပြည်သူတွေ တကယ် ရွေးကောက်တင်မြှောက်သူတွေနဲ့ ဖွဲ့စည်းနိုင်ဖို့ ကြိုးစားကြရပါမယ်။ ဒီအတွက် ၂၀၁၅ ရွေးကောက်ပွဲဟာ အလွန့်အလွန် အရေးကြီးသလို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍကလည်း အတော်အရေးပါလာပါတယ်။ ဒါပေမဲ့ လက်ရှိသမ္မတက ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို သမာသမတ်ကျကျ ကျင်းပပေးနိုင်ပါ့မလား၊ လုပ်သင့်တာတွေ တကယ်ပဲလုပ်နေရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။



ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ဧရာဝတီတိုင်း ဇလွန်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး လူ ၅,၀၀၀ လောက် ပါဝင်တဲ့ ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ပါတယ်။ ဆန္ဒထုတ်ဖော်ရတဲ့ အဓိက အကြောင်းဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ပုဒ်မ ၅၉(စ) မပြင်ရေးဆိုပေမယ့် တကယ့်လက်တွေ့ ပွဲလုပ်ဖို့ စည်းရုံးရာမှာတော့ ဘုရားဆင်းတုတော်တွေ မဲဖောက်ပေးမယ်လို့ ခေါ်ယူစည်းရုံးမှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ တကယ်လည်း ဘုရားဆင်းတုတော် အဆူ ၈၀၀ လောက် မဲဖောက်ပေးခဲ့တယ်လို့ မြို့နယ် ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ၀န်ခံပြောဆိုထားပါတယ်။ ဒါတင်မက ပါတီတစ်ခုက စုရုံးတဲ့ပွဲမှာ သာသနာ့အလံတွေသုံးတာ၊ ခွင့်ပြုချက်မရတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ် ကိုင်ဆောင်တာတွေလည်း ရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဇလွန်မြို့နယ် NLD က ရွေးကောက်ပွဲကော်မရှင်ဆီ မေလ ၂၆ ရက်နေ့က စာနဲ့ရေးသား တိုင်တန်းပါတယ်။ ဒါကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ကော်မရှင်နဲ့ မဆိုင်ဘူး၊ အုပ်ချုပ်ရေးနဲ့ ဆိုင်လို့ အုပ်ချုပ်ရေးဘက်ကို တိုင်သင့်တယ် ဆိုပြီးစာနယ်ဇင်းတွေကို ဖြေပါတယ်။



နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆(င)မှာ “ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုရ” လို့ ပြဋ္ဌာန်းထားပါတယ်။ တကယ်လို့ အဲဒီပုဒ်မကို ချိုးဖောက်ရင် ပါတီတစ်ခုအနေနဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ပိုင်ခွင့်မရှိစေရဆိုပြီး ပုဒ်မ ၁၂(က)မှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ညွှန်မှူးဟာ သူတို့ နဲ့ဆိုင်တဲ့ကိစ္စကို မဆိုင်ဘူးပြောပြီး ပြောင်ပဲ မျက်ကွယ်ပြုလိုက်တာပါ။ ဒီအတွက် မေလ ၁၂ ရက်က ဧရာဝတီတိုင်း ပုသိမ်မြို့ ကန်သာယာကွင်းမှာ ကျင်းပတဲ့ တောင်သူ လယ်သမားများပါတီ ညီလာခံစင်မြင့်မှာ “အမျိုးဘာသာ သာသနာအား ကာကွယ် စောင့်ရှောက်မည့် လယ်သမားပါတီလာပြီ” ဆိုတဲ့ စာတန်းကြီး အထင်အရှား ချိတ်ဆွဲ၊ ဟောပြောတဲ့ကိစ္စမျိုးကိုလည်း လျစ်လျူ ရှုထားမယ်ဆိုတာ သေချာနေပါပြီ။



ဒါပေမဲ့လည်း ပုဒ်မ ၄၃၆ ပြင်ရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေကိုတော့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်ထဲက ကျော်လွန်နေပြီ” ဆိုပြီး သတိပေးစာ ထုတ်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ သူတို့ကော်မရှင် အနေနဲ့ ပါတီတွေကို ကြီးကြပ်ဖို့ တာဝန်ရှိတယ်လို့ ဆိုလာပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲက ကျော်နေ၊ မကျော်နေ ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ ပြောရရင် ဒါက မဆိုင်တဲ့ ကိစ္စ တစ်ခုဝင်လုပ်တာပါ။



ဟောနောက် သိပ်မကြာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်းအဖွဲ့တွေရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုအရှိန်တက်လာနေချိန် မေလ ၂၂ ရက်မှာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကိုယ်တိုင် လက်မှတ်ထိုးပြီး လက်ရှိဖွဲ့စည်းထားပြီဖြစ်တဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီအတွက် ရုံးခန်းအဖြစ် အသုံးပြုဖို့ တိုက်ခန်း၊ အဆောက်အအုံ၊ မြေနေရာ တွေစီစဉ်ပေးဖို့၊ အခွန်ကင်း လွတ်ခွင့်ပေးပြီး ကား ငါးစီးစီ တင်သွင်းခွင့်ပေးဖို့ သမ္မတဆီ စာရေးတင်ပြပါတယ်။ ပြောရရင် ရွေးကောက်ပွဲကော်မရှင် ဟာ သူ့လုပ်ပိုင်ခွင့်ထဲ မပါတဲ့ ပြည်သူ့ဘဏ္ဍာ အသုံးပြုပြီး ပါတီထောင်ထားသူတွေကို လာဘ်ထိုး စည်းရုံးဖို့ ကြိုးစားလိုက်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံရေးပါတီတွေအတွက် အဲလို လိုအပ်ချက်တွေရှိတယ်ဆိုရင် လွှတ်တော်တင်၊ ဥပဒေပြဋ္ဌာန်းပြီး ပေးရမှာပါ။ အခုလုပ်သလို ကျေးဇူးရှင်ပုံစံမျိုးနဲ့ လုပ်ခွင့်မရှိပါဘူး။



လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် လုပ်ကိုင်ဆောင်ရွက်နေပုံတွေကို ကြည့်ရင် လုပ်သင့် လုပ်ထိုက်တာ မလုပ်ပါဘူး။ ကြီးကြပ်သင့်တဲ့ ပါတီတွေကို မကြီကြပ်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီ ဖြစ်နေလို့လား၊ မေးခွန်း ထုတ်စရာပါ။ မလုပ်သင့်တာတွေတော့ တစ်ခုပြီးတစ်ခု လုပ်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးပါတယ်။ အင်န်အယ်လ်ဒီဖြစ်နေလို့လား စဉ်းစားစရာပါ။ ကော်မရှင်က လုပ်ပိုင်ခွင့်မရှိတဲ့ နိုင်ငံရေးပါတီတွေကို ရုံးခန်းတွေ၊ ကားပါမစ်တွေပေးပြီး လာဘ်ထိုးဖို့ ကြိုးစားပါတယ်။ ဒီလိုဖြစ်ရတာ ကော်မရှင်ဥက္ကဋ္ဌဟာ အရင် စစ်အာဏာရှင်ခေတ်က ထိပ်ပိုင်း ခေါင်းဆောင် တာဝန်ယူခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက်ဖြစ်တာ၊ ပြည်ခိုင်ဖြိုး ခေါင်းဆောင် ဖြစ်ခဲ့တာကြောင့်လို့ ကောက်ချက် ချရမလို ဖြစ်နေပါတယ်။ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကိုလည်း စစ်ဗိုလ်ဟောင်းတွေနဲ့ စနစ်တကျ ဖွဲ့စည်းထားတာပါ။ ရွေးကောက်ပွဲတစ်ခုကို သမာသမတ်ကျကျ ကျင်းပပေးမယ့်အဖွဲ့ဆိုတာမျိုးထက် ကိုယ်လိုချင်တဲ့ရလဒ်တစ်ခုထွက်အောင် စစ်ဆင်ရေးတစ်ခုလုပ်သလို အကောင်အထည်ဖော်မယ့် အဖွဲ့ကြီးနဲ့ ပိုတူပါတယ်။ ဒီအဖွဲ့အနေနဲ့ ခုလိုပဲ လုပ်သင့်တာ မလုပ်၊ မလုပ်သင့်တာတွေ ဆက်လုပ်နေရင် ရွေးကောက်ပွဲကြီး နီးလာလေလေ တိုင်းပြည်မှာ မငြိမ်သက်မှုတွေ ပိုပြီးဖြစ်ပွားလာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1iK79v6

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...