Skip to main content

ဆက်သွယ်ရေးနည်းဥပဒေ ဇွန်လပထမပတ်အတွင်း အစိုးရအဖွဲ့ရုံးတင်နိုင်အောင် ဆောင်ရွက်မည်...



ဆက်သွယ်ရေးနည်းဥပဒေ ဇွန်လပထမပတ်အတွင်း အစိုးရအဖွဲ့ရုံးတင်နိုင်အောင် ဆောင်ရွက်မည်



နည်းပညာဆိုင်ရာ စကားလုံးရှုပ်ထွေးမှုကြောင့် နှောင့်နှေးနေခြင်းဖြစ်သည်ဟု ဆို



မောင်မန်း| တနင်္လာနေ့၊ ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။



ဆက်သွယ်ရေးနည်းဥပဒေကို ဇွန်လ ပထမပတ်အတွင်းတွင် အစိုးရအဖွဲ့ရုံးသို့တင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေဆိုင်ရာ အသုံးအနှုန်းများကို မြန်မာနိုင်ငံနှင့် ကိုက်ညီစေရန် ဆောင်ရွက်နေသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။



ဦးသန်းထွန်းအောင်က“နည်းဥပဒေမှာ နည်းပညာပိုင်းဆိုင်ရာ အရေးအသားပုံစံကို မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ပုံစံဖြစ်ဖို့အတွက် လုပ်ဆောင်နေပါတယ်”ဟု ဆိုသည်။



ဆက်သွယ်ရေးနည်းဥပဒေကို ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းပြီး ရက်ပေါင်း ၉၀ကျော်လာသည်အထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးဘဲ နည်းပညာရပ်များကို ဥပဒေအသုံးအနှုန်းများ ရေးသားရာတွင် ရှုပ်ထွေးမှုများ ရှိနေ သည်ကား အခြားနည်းဥပဒေများနှင့် မတူဘဲ နည်းဥပဒေ ငါးခုခန့် တင်သွင်းရပြီး အများနားလည်လက်ခံ နိုင် မည့် ပုံစံဖြစ်စေရန် အကြံပြုချက်များ ကောက်ခံခဲ့ရခြင်းကြောင့် ယခုကဲ့သို့ နှောင့်နှေးနေခြင်း ဖြစ်သည် ဟု ၎င်းက ပြောသည်။



၎င်းက“အများနားလည် လက်ခံနိုင်တဲ့ ပုံစံဖြစ်အောင် လုပ်ရတယ်။ အကြံပြုချက်တွေ ကောက်ခံတာတွေ လုပ်ရတယ်။ ဒါတွေကြောင့် မထွက်နိုင်သေးတာပါ”ဟု ဆိုသည်။



ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံတကာ အော်ပရေတာများ ၀င်ရောက်လုပ်ကိုင်မည် ဖြစ်သည့်အတွက် နည်းပညာပိုင်းဆိုင်ရာ စကားလုံးများကို မြန်မာဘာသာဖြင့် ဥပဒေပြုရာတွင် ရည်ရွယ်ရင်းအဓိပ်္ပာယ်နှင့် လွဲချော်ခြင်းမရှိစေရန် အချိန်ယူဆောင်ရွက်ရခြင်း ဖြစ်နိုင်သည်ဟု ဆက်သွယ်ရေး နည်းဥပဒေနှင့်ပတ် သက်ပြီး အကြံပြု ခဲ့သည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး၊ ဦးဇော်မင်းဦးက မဇ္ဈိမကို ပြောသည်။



နိုင်ငံတကာက နည်းဥပဒေကို မြန်မာနိုင်ငံနှင့် ကိုက်ညီအောင် ဥပဒေပြုရခြင်းဖြစ် ပြီး ယင်းဥပဒေကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရမည်ဟုလည်း ၎င်းက ဆိုသည်။ဦးဇော်မင်းဦးက““အကြံပြုချက်ကောက် ခံရတာတွေလည်း ရှိတဲ့အတွက် ကြာနေတာပါ” ဟု ဆိုသည်။



ဆက်သွယ်ရေးနည်းဥပဒေတွင် ဆက်သွယ်ရေးဝန်ဆောင်မှု ဈေးကွက်ယှဉ်ပြိုင်မှု (Competition)ဖြင့် ပါ ၀င်လာမည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအတွက် ယုံကြည်မှုရှိစေမည့် နည်းဥပဒေ အချက်အလက်များ ဆက်သွယ်ရေးဝန်ဆောင်မှုကို ကျေးလက်၊ မြို့ပြဒေသရှိ ပြည်သူများ အရည်အသွေး နှင့် ဈေးနှုန်းကို ရွေး ချယ်သုံးစွဲနိုင်ခွင့် ရရှိစေသည့် နည်းဥပဒေအချက်အလက်များ၊ နိုင်ငံတော်၏လေလှိုင်း Frequency နှင့် စပ် လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးများနှင့်အညီ အခွန်အခရရှိစေမည့် နည်းဥပဒေအချက်များ ပါဝင်မည် ဟု မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်၏ မူဝါဒ၊ ရည် မှန်းချက်နှင့် လုပ်ငန်းစဉ်များတွင် ထည့်သွင်းဖော်ပြထားသည်။



ယင်းအပြင် အခွန်အခ၊ နည်းဥပဒေ အချက်များ၊ Numbering (နံပါတ်) စနစ်ဆိုင်ရာ အခွန်ရရှိစေမည့် နည်းဥပဒေအချက်များ၊ အခြားအပြည်ပြည်ဆိုင်ရာတွင် ကျင့်သုံးသော နည်းဥပဒေဆိုင်ရာ အချက်များ၊ စာချုပ်ဖောက်ဖျက်ခြင်းအတွက် ဆောင်ရွက်နိုင်မည့် နည်းဥပဒေဆိုင်ရာ အချက်များ၊ နိုင်ငံတော်လုံခြုံရေး နှင့် နိုင်ငံတော်၏ ဆက်သွယ်ရေးကွန်ရက်လုံခြုံမှုကို ကာကွယ်ပေးနိုင်မည့် နည်းဥပဒေဆိုင်ရာ အချက်များ နှင့် အခြားလိုအပ်သော နည်းဥပဒေဆိုင်ရာအချက်များလည်း ပါဝင်မည် ဖြစ်သည်။ဆက်သွယ်ရေးဥပဒေ ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1rB5H7L

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...