Skip to main content

ရှမ်း (မြောက်) နှင့် ကချင်ရှိ စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေးဖောင်ဒေ...



ရှမ်း (မြောက်) နှင့် ကချင်ရှိ စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း သွားရောက်ဆေးကု



ရန်ကုန်၊ ဇွန် ၁



တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အချို့အကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ်အတွင်း ပျံ့နှံ့ ရောက်ရှိနေသော စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းက ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် သွားရောက် ဆေးကုသပေးနေကြောင်း ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ကြားသည်။



အဆိုပါ ဒေသများသို့ တတိယအကြိမ်အဖြစ် သွားရောက်သည့် ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း၏ ခရီးစဉ်တွင် နမ့်ခမ်းမြို့၌ အခြေပြု၍ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ရန်ကုန်မြို့မှ ပါမောက္ခ ဆရာဝန်ကြီးများ အပါအဝင် ဆရာဝန်ဦးရေ တစ်ရာကျော်၊ လုပ်အားဒါန အကူ ၃၀၀ ကျော်ဖြင့် အထွေထွေရောဂါများကို သွားရောက် ကုသပေးခြင်း ဖြစ်ကြောင်း ဆရာတော်က ထပ်လောင်း မိန့်ကြားသည်။



“ခွဲစိတ်ကုသဖို့လိုတဲ့ ဝေဒနာရှင်တွေကိုလည်း ချက်ချင်း ကုသပေးနိုင်အောင် စီစဉ်ထားတယ်။ အချို့ရောဂါကြီးရင်လည်း ဆက်ပြီးတော့ ကုသနိုင်ဖို့ စီစဉ်ပေးပါတယ်” ဟု ရွှေပါရမီဆရာတော်က ရှင်းပြသည်။



သုံးရက်ကြာ ကျန်းမာရေး စောင့်ရှောက်မှု ခရီးစဉ်အတွင်း နမ့်ခမ်းဒေသနှင့် စစ်ရှောင်ဒုက္ခသည် အများအပြားရှိရာ မန်းဝိန်းကြီးဒေသတို့မှ လူဦးရေ တစ်သောင်းဝန်းကျင် ဆေးကုသပေးရန် စီစဉ်ထားခြင်း ဖြစ်ပြီး အလုံးစုံအခမဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ယခင်က မူဆယ်နှင့် မြစ်ကြီးနား ဒေသများသို့ သွားရောက်ပြီး ခရီးစဉ်တစ်ခုလျှင် လူဦးရေ တစ်သောင်းဝန်းကျင် ဆေးကုသပေးနိုင်ခဲ့ကြောင်း ရွှေပါရမီဖောင်ဒေးရှင်းထံမှ သိရသည်။



အဆိုပါ ဒေသတွင် ပဋိပက္ခများ ဖြစ်ပွားနေဆဲ ဖြစ်၍ ဒုက္ခသည်စခန်းများသို့ တိုက်ရိုက်သွားရောက် ဆေးကုသမှုပေးရန် အခက်အခဲ ရှိသော်လည်း သက်ဆိုင်ရာ စခန်းများက ဆေးဝါး၊ အစားအစာ စသည့် လိုအပ်ချက်များ အကူအညီ တောင်းခံလာပါက ပေးအပ်မည်ဖြစ်ပြီး ကချင်ပြည်နယ် ဝိုင်းမော်ဒေသသို့လည်း သွားရောက်ရန် စီစဉ်နေကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ ထပ်မံသိရှိရသည်။



ရွှေပါရမီ ဖောင်ဒေးရှင်း၏ ယခုခရီးစဉ်ကို နမ့်ခမ်းမြို့ ဇေယျသုခ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် အခြေပြု ဆောင်ရွက်နေခြင်း ဖြစ်ပြီး အဆိုပါကျောင်းဝင်း အတွင်း၌ပင် သီတဂူစက္ခုဒါန မျက်စိဆေးရုံ တည်ထောင်ထားသည့် အတွက် ခွဲစိတ်ကုသမှုများကို အဆင်သင့် ပြုလုပ်နိုင်ကြောင်း၊ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း၏ နယ်လှည့်ကုသမှု အစီအစဉ်ကို အမှန်တကယ် ကျန်းမာရေး စောင့်ရှောက်မှု အလှမ်းဝေးသော ဒေသများ၌ လုပ်ဆောင်လိုပါက ဖောင်ဒေးရှင်းသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပြီး ဒေသလိုအပ်ချက်၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရများ၏ ခွင့်ပြုထောက်ပံ့မှုဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း ရွှေပါရမီ ဖောင်ဒေးရှင်းထံမှ သိရသည်။



ရွှေပါရမီဆရာတော်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဖောင်ဒေးရှင်းအပြင် မေတ္တာကုသိုလ်ဖြစ် အခမဲ့ဆေးခန်းများကို ပဲခူး၊ မြဝတီ၊ ချောက်စသည့် မြို့ကြီး ခုနစ်မြို့တွင် ဖွင့်လှစ်ထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1olgixU

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...