Skip to main content

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲတွင် ရဲတပ်ဖွဲ့ဝင်အချို့ နှောင့်ယှက်ဟု NLD ပါတ...



ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲတွင် ရဲတပ်ဖွဲ့ဝင်အချို့ နှောင့်ယှက်ဟု NLD ပါတီပြော



ကလေး၊ ဇွန် ၁



စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲ၌ ရဲတပ်ဖွဲ့ဝင်အချို့က စောင့်ကြည့်မှုနှင့် နှောင့်ယှက်မှုများ ရှိခဲ့ကြောင်း ဦးဆောင် ကျင်းပသည့် ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များက ပြောကြားသည်။



“မေလ ၂၈ ရက်နေ့က ရုံးမှာ လက်မှတ်လာထိုးတဲ့ သူတွေကို စောင့်ကြည့်မှုတွေ လုပ်တယ်။ နောက်ပြီး ရုံးမလာနိုင်တဲ့ သူတွေအတွက် စီစဉ်ပေးထားတဲ့ စာအုပ်တွေ ယူသွားတဲ့ သူတွေကိုလည်း စစ်ဆေး မေးမြန်းမှုတွေ လုပ်တယ်။ နန်းဖာလုံဈေးမှာ ဈေးရောင်းရင်း လက်မှတ်မထိုးရတဲ့ သူတွေ ထိုးဖို့ စာအုပ်ယူခဲ့တာ။ ရဲက ဈေးထဲမှာ အော်ကြီးဟစ်ကျယ် မေးမြန်းတာတွေ လုပ်တော့ လက်မှတ်ထိုးမယ့် သူအချို့ မထိုးရဲတော့ဘူး” ဟု နန်းဖာလုံဈေးတွင် ဈေးရောင်းချသည့် NLD ပါတီဝင်တစ်ဦးက ၎င်းကြုံတွေ့ရသည်ကို ပြောဆိုသည်။



ယင်းနေ့က ရပ်ကွက်အတွင်း လက်မှတ်ထိုးရန် စာအုပ် ယူဆောင်သွားသူ ၁၀ ဦးခန့်ရှိရာ ၎င်းတို့အားလုံး စစ်ဆေး မေးမြန်းမှုများနှင့် ကြုံခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။



ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရန်အတွက် လက်မှတ်ရေးထိုးပွဲကို တမူးမြို့တွင် မေလ ၂၈ ရက်နေ့က စတင်ပြုလုပ်ခဲ့ရာ ယင်းနေ့တွင် လက်မှတ်ရေးထိုးသူ ၃၀၀၀ ကျော်ခန့် ရှိကြောင်း၊ လက်မှတ်ရေးထိုးမည့် အစီအစဉ်ကို ဇူလိုင်လ ၂၉ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ရာ လက်မှတ်ရေးထိုးသူ အနည်းဆုံး ခုနစ်သောင်းကျော် ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း တမူးမြို့ NLD ပါတီထံမှ သိရသည်။



လက်မှတ်ရေးထိုးရာတွင် ရဲတပ်ဖွဲ့ဝင်အချို့၏ နှောင့်ယှက်မှုများနှင့် ကြုံခဲ့ရသည်ဟု တမူးမြို့နယ် NLD ပါတီဝင်များက ပြောဆိုသော်လည်း လက်မှတ်ထိုးချိန်နှင့် ထိုးပြီးချိန်ထိ မည်သည့် အနှောင့်အယှက်မျှ ကြုံတွေ့ရခြင်း မရှိဘဲ ပါတီဝင်များနှင့် ဒေသခံများ ဆန္ဒပြု လက်မှတ်ရေးထိုးခဲ့ကြကြောင်း တမူးမြို့ စော်ဘွားရပ်ကွက်တွင် နေသူတစ်ဦးက ပြောဆိုသည်။



တမူးမြို့နယ် ရဲတပ်ဖွဲ့အနေနှင့် NLD အပါအဝင် မည်သည့်ပါတီကိုမျှ စောင့်ကြည့်မှုမျိုး မပြုလုပ်ခဲ့ကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော် လက်မှတ်ရေးထိုးပွဲကို လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးခဲ့ကြောင်း၊ ယင်းလက်မှတ် ရေးထိုးရာ နေရာသို့ သတင်းရယူရန် အတွက်သာ သွားရောက်ခြင်း ဖြစ်ကြောင်း NLD ပါတီဝင်များ၏ ပြောဆိုမှုနှင့် ပတ်သက်၍ တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်သော်က ရှင်းလင်း ပြောဆိုသည်။







from The Voice Weekly's Facebook Wall http://ift.tt/1oMmhQ0

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...