ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် အမျိုးသမီး တစ်ဦးကို တစ်ရပ်ကွက် တည်းနေသူ အမျိုးသမီးကြီး တစ်ဦးက တရုတ် နိုင်ငံသား နှင့် အဓမ္မ လက်ထပ် ထိမ်းမြားရန် တရုတ်ငွေ သုံးသောင်းဖြင့် ရောင်းစား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ် ၁၇ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေး အပ်ခဲ့သော လူကုန်ကူးခံ ရသူကို လားရှိုး အမှတ်(၁၆) လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ ရဲအုပ် ကြည်ထူး ဦးစီးတပ်ဖွဲ့ဝင် များက မေးမြန်း စစ်ဆေးခဲ့ရာ မလှကြည် ရပ်ကွက်(၂)၊ ကျောက်မဲမြို့ နေသူက ၄င်းကို မကြာခဏ လာရာက်၍ တရုတ်ပြည်တွင် အလုပ်လုပ်ပါက ဝင်ငွေများများ ရကြောင်း၊ ခေါက်ဆွဲဆိုင်တွင် အလုပ်လုပ် ရမည်ဖြစ်ကြောင်း စည်းရုံးပြောဆို သဖြင့် သဘောတူကာ မလှကြည် က စရိတ် အကုန်ကျခံပြီး ကျောက်မဲမြို့မှ တရုတ်နိုင်ငံ၊ လုံဆမ်းမြို့၊ လီခေါင်ရွာ သို့ ခေါ်ဆောင် လာခဲ့ပြီး ၄င်း ကျေးရွာနေသူ တရုတ်နိုင်ငံသား နှင့် အဓမ္မထိမ်းမြား လက်ထပ်ရန် တရုတ်ငွေ သုံးသောင်းဖြင့် ရောင်းစား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မလှကြည် (ဘ) ဦးညဏ၊ ရပ်ကွက်(၂)၊ ကျောက်မဲမြို့ နေသူကို ကျောက်မဲ မြို့မရဲစခန်း က ၆၆/၂ဝ၁၄၊ လူကုန်ကူး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ (၄ဝ၄)
#PyiChitThar
http://ift.tt/1wNeXGP
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wNf0Cl
Comments
Post a Comment