ဒီဆုနဲ့အတူ အမေရိကန်ဒေါ်လာ တထောင်ကိုလည်း ဆုကြေးအဖြစ် ရရှိပါတယ်။ ဘန်ကောက်မြို့လယ်က နေရာပေါင်း ၁၃ နေရာမှာ တပြိုင်တည်း ကျင်းပယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲမှာ မြန်မာရုပ်သေး အဖွဲ့ဟာ တော်ဝင်ဇာတ်ရုံမှာ ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်ပါတယ်။
ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က ပွဲမကခင်မှာ ပရိသတ်ကို မြန်မာနိုင်ငံတွင်း ရုပ်သေး ကပြပုံ ဓလေ့ကို ရှင်းပြပါတယ်။ အဲဒီနောက် ရိုးရိုးတိရစ္ဆာန်တွေနဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေရဲ့အကတွေ အပြင် သောတ္ထိသန သမ္ဗူလဇာတ်တော်ကြီးကို နာရီဝက်ကြာ ကပြ ဖျော်ဖြေခဲ့ပါတယ်။
ဟာမိုနီဝေါလ်လို့ နာမည်ပေးထားတဲ့ နိုင်ငံတကာ ရုပ်သေးပွဲတော်ကို နိုင်ငံပေါင်း ၇၀ ကျော်က ရုပ်သေးအဖွဲ့ပေါင်း ၁၆၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။
By ဒီဗွီဘီ
http://ift.tt/1pKS5XF
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1AYh12F
Comments
Post a Comment