Skip to main content

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်လိုကြောင်း ဗြိတိန်သံအမတ်ကြီး ပြောကြား ရ...



ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်လိုကြောင်း ဗြိတိန်သံအမတ်ကြီး ပြောကြား



ရန်ကုန်၊ မေ ၈



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးလိုပြီး ဆွေးနွေးရန် ဖိတ်ကြားလာပါက အသင့်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ အင်ဒရူးပက်ထရစ်က ပြောကြားလိုက်သည်။



တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို/ကေအိုင်အေ၏ ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က အပစ်ရပ် ဆွေးနွေးမှုများတွင် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်ကဲ့သို့သော နိုင်ငံကြီးများ ပါဝင်ရန် လိုအပ်ကြောင်း ပြောကြားမှုနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။



“ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဘယ်လို အခန်းကဏ္ဍပဲ ဖြစ်ဖြစ် ဗြိတိန်အနေနဲ့ ပါဝင်ဖို့ အသင့်ရှိပါတယ်။ ဒါပေမဲ့ အစိုးရ တိုင်းရင်းသား နှစ်ဖက်လုံးက သဘောတူ လက်ခံဖို့တော့ လိုတယ်” ဟု ဗြိတိန်သံအမတ်ကြီးက ဆိုသည်။



သို့သော် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကမူ ဗြိတိန် အပါအဝင် ပြည်ပနိုင်ငံကြီးများ၏ မြန်မာ့ငြိမ်းချမ်းရေးအတွက် အကြံဉာဏ်နှင့် ထောက်ပံ့ ကူညီမှုများကို ကြိုဆိုသော်လည်း စားပွဲဝိုင်းတွင် တိုက်ရိုက် ပါဝင်မှုကို လက်ခံမည် မဟုတ်ကြောင်း The Voice သို့ ပြောကြားသည်။

“သူတို့လည်း မြောက်အိုင်ယာလန်မှာ ငြိမ်းချမ်းရေး လုပ်ခဲ့တာ ဆိုတော့ အကြံဉာဏ်ပေးရင် လက်ခံမှာပါ။ စားပွဲဝိုင်းမှာပါပြီး ခင်ဗျားက ဒါ လိုက်လျောလိုက်၊ ခင်ဗျားက ဒါ လျှော့လိုက်လို့ အမိန့်ပေးမှာမျိုးတော့ လက်ခံနိုင်စရာ မရှိဘူး” ဟု ဦးရဲထွဋ်က မှတ်ချက်ပြုသည်။



အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်ကဲ့သို့သော အင်အားကြီးနိုင်ငံများက တစ်နည်းနည်းဖြင့် ကြားဝင် ညှိနှိုင်းစေလိုကြောင်း၊ အစိုးရက လက်မခံလျှင်လည်း နည်းလမ်းရှာ၍ ပါဝင်သင့်ကြောင်း ၂၀၁၄ ခုနှစ် ဧပြီလအတွင်း ဗိုလ်ချုပ်ဂွမ်မော်က တောင်းဆိုထားသည်။



၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင် ဖွဲ့စည်းထားသော နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအဖွဲ့ (NCCT) တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲများတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကုလသမဂ္ဂတို့မှ လေ့လာသူများ ပါဝင် တက်ရောက်ခဲ့သည်။



သို့သော် KNU နယ်မြေ လော်ခီးလာစခန်းတွင် ကျင်းပခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအဖွဲ့ NCCT နှင့် အစိုးရတို့ တွေ့ဆုံပွဲတွင် ပြည်ပအဖွဲ့အစည်းများ တက်ရောက်ခဲ့ခြင်း မရှိပေ။



ဧပြီလဆန်းပိုင်းတွင် သန်းခေါင်စာရင်း ကောက်ခံမှုကို အစပြု၍ဟု ဆိုကာ ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အခြေအနေမှာ တင်းမာနေဆဲ ဖြစ်ကြောင်း ကချင်လူမှုအဖွဲ့အစည်း အချို့က ပြောဆိုထားပြီး မေလ ၁၃ ရက်နေ့တွင် အစိုးရနှင့် ကေအိုင်အိုတို့ ပဋိပက္ခများအတွက် အဖြေရှာရန် မြစ်ကြီးနားတွင် ထပ်မံတွေ့ဆုံမည် ဖြစ်သည်။



တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုရန်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ဆွေးနွေးလျက် ရှိပြီး ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် သီးခြား အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုထားသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးနှင့်မူ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပေ။

from The Voice Weekly's Facebook Wall http://ift.tt/1nmUQM6

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...