Skip to main content

ကျိုင်းတုံ အာရ်စီအက်စ်အက်စ် ဆက်ဆံရေးရုံးကို စရဖက အကြောင်းမကြားဘဲ ၀င်စစ် ဖနိဒါ|...



ကျိုင်းတုံ အာရ်စီအက်စ်အက်စ် ဆက်ဆံရေးရုံးကို စရဖက အကြောင်းမကြားဘဲ ၀င်စစ်



ဖနိဒါ| သောကြာနေ့၊ မေလ ၉ ရက် ၂၀၁၄ ခုနှစ်



ချင်းမိုင်၊ မေ ၈



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ရှမ်းပြည်တောင်ပိုင်းတပ်မတော် (ခေါ်) ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ဆက်ဆံရေးရုံးကို အစိုးရ၏ စရဖတပ်ဖွဲ့မှူး ဗိုလ်မှူးရဲနေလင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မေလ ၆ ရက် က အကြောင်းမကြားဘဲ လာရောက်ရှာဖွေစစ်ဆေးခဲ့သည်ဟု ဆက်ဆံရေးရုံးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ပြောသည်။



မေလ ၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)တပ်မှူး ဗိုလ်မှူးရဲနေလင်း၊ ပြည်နယ်ရဲမှူး၊SB အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အပါအ၀င် အင်အား ၂၀ ခန့်ကRCSSဆက်ဆံ ရေးရုံးကို တစ်နာရီခန့်ကြာ ရှာဖွေစစ်ဆေးခဲ့သော်လည်း ပစ်္စည်းတစ်စုံတစ်ရာ သိမ်းသွားခြင်းမရှိဟု ၎င်းက ပြောသည်။



“ခုထိ ဘာကြောင့် ၀င်စစ်တယ်ဆိုတာ မသိဘူး။ ဘာမှအကြောင်းမကြားဘူး။ သိချင်ရင် စရဖရုံးမှာ သွား မေးပါဆိုပြီးတော့ ပြောတယ်တဲ့။ စရဖတပ်မှူး ဗိုလ်မှူးရဲနေလင်းကိုယ်တိုင်လာတယ်။ တစ်နာရီလောက် ၀င်ရှာတယ်။ သူတို့ ဘာအကြောင်းနဲ့လာတယ်ဆိုတာ ကျွန်တော်လည်း မသိဘူး”ဟု ဒု-ဗိုလ်မှူးကြီး စိုင်းစိုး မိန်းက ပြောသည်။



RCSS ဆက်ဆံရေးရုံးသို့ လာရောက်ရှာဖွေခြင်း အကြောင်းအရင်းကို သိရှိရန် မေလ ၇ ရက် ည ၁၁ နာရီ အချိန်က စရဖမှ ဗိုလ်မှူးရဲနေလင်းအား ဒုဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်း ပိတ်ထားသဖြင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောသည်။ မေလ ၈ ရက်တွင် စရဖ ဗိုလ်မှူးရဲနေ လင်းကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း စက်ပိတ်ထားသဖြင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။



အစိုးရ၏ စရဖ အပါအ၀င် ဌာနဆိုင်ရာများ လာရောက် စစ်ဆေးနေချိန်တွင် RCSS/SSA ရုံး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး စိုင်းစိုးမိန်းသည် တြဂံတိုင်းစစ်ဌာနချုပ် G1 က ချိန်းဆိုသဖြင့် (စရဖ)ရုံးသို့ သွားရောက်နေချိန် တွင် ရုံးအား ၀င်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ပြောသည်။ သို့သော် စရဖ ရုံးတွင် မည်သူနှင့်မှ မတွေ့ဆုံခဲ့ကြောင်း ၎င်းက ဆိုသည်။



အစိုးရနှင့်RCSS/SSA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေးရုံးများသို့ ၀င်ရောက် မည်ဆိုပါက ကြိုတင်အသိပေးရန် သဘောတူထားသော်လည်း ယခုကဲ့သို့ အကြောင်းမကြားဘဲ ၀င်ရောက် ရှာဖွေခြင်းကြောင့် ယုံကြည်မှုမရှိတော့ဟု ၎င်းက ပြောသည်။



“ကျွန်တော်တို့ရုံးက ဆက်ဆံရေးရုံး တရားဝင်ဌာနဆိုင်ရာ ပေါင်းစုံနဲ့ ဘယ်သူပဲ ဖြစ်ဖြစ် လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း လာတယ်လေ။ ခုလို ၀င်လာတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်လေးစားမှု မရှိဘူးပေါ့နော်။ ရုံးကိုလာမယ့်အကြောင်း အကြောင်းကြားရမယ်လေ။ ကျွန်တော့်အနေနဲ့ ယုံကြည်မှု မရှိ ဘူးပေါ့”ဟု ဒု-ဗိုလ် မှူးကြီး စိုင်းစိုးမိန်းက ပြောသည်။



ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “ကျွန်တော်က မန္တလေးမှာရောက်နေတယ်။ အဲဒါနဲ့ပတ်သက်လို့ မသိရဘူး။ ဒီမနက်မှပဲ မီဒီယာတွေမေး လို့ သိတာ။ ကျွန်တော်ထင်ပါတယ်။ ဒါက သက်ဆိုင်ရာ၊ တာဝန်ရှိတဲ့လူတွေက ညွန်ကြားတာမဟုတ်ဘဲ အောက်ခြေမှာရှိတဲ့ သက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေ ဆန္ဒစောပြီးတော့ ဆောင်ရွက်တယ်လို့ပဲ ထင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။



ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက အစိုးရနှင့် ပထမဆုံး အပစ်အခတ်ရပ်စဲထားသောRCSS/ SSAသည် ရှမ်းပြည်နယ် တောင်ကြီး၊ ကျိုင်းတုံ၊ တာချီ လိတ်၊ မူဆယ် စသည့် မြို့များတွင် ဆက်ဆံရေးရုံး များ ဖွင့်လှစ်ခဲ့သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1l4sinc

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...