Skip to main content

(မေလ ၉ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) လုပ်အားပြ...



(မေလ ၉ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)



လုပ်အားပြဿနာ



မြန်မာ့စီးပွားရေး ကွင်းဆင်းလေ့လာမှု စစ်တမ်းကို မကြာသေးမီက ထုတ်ပြန်ခဲ့ရာ ကျွမ်းကျင်လုပ်သား ရှားပါးခြင်းသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ရင်ဆိုင်ရသည့် အခက်အခဲကြီး ဖြစ်ကြောင်း ထောက်ပြထားသည်။



စီးပွားရေး လုပ်ငန်းတစ်ခု တည်ထောင်ရန်၊ အောင်အောင်မြင်မြင် လည်ပတ်ရန်အတွက် ငွေကြေး အရင်းအနှီး၊ တည်နေရာ အဆောက်အအုံတို့ ကဲ့သို့ပင် လူသားအရင်းအမြစ်သည် အရေးကြီးသော လိုအပ်ချက် ဖြစ်သည်။ လူကောင်းမရှိလျှင် မည်သည့် အလုပ်မျှ မလုပ်နိုင်။



တစ်ဖန် မြန်မာတို့သည် နိုင်ငံခြားလုပ်ငန်းများထက် အရင်းအနှီး နည်းပါးကာ ချေးငွေဖြင့် ရင်းနှီးရန်လည်း ဘဏ်များသည် အားမကောင်းသေးပါ။ ထို့ကြောင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများထက် အရင်းအနှီး နည်းသော ဝန်ဆောင်မှု လုပ်ငန်းများသည် မြန်မာတို့ ဝင်သင့်သော လုပ်ငန်းများ ဖြစ်သည်။ ဝန်ဆောင်မှု လုပ်ငန်းများသည် လူအားသုံးရသော လုပ်ငန်းများ ဖြစ်သည့်အတွက် လူသာမရလျှင် လုပ်ငန်းချောမွေ့စွာ လည်ပတ်နိုင်ရန် မဖြစ်နိုင်ပါ။ မြန်မာအသေးစားနှင့် အလတ်စား လုပ်ငန်းများသည် ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်ငန်းမဟူ အရင်းအနှီး နည်းပါးသည် ဖြစ်သောကြောင့် ကျွမ်းကျင်လုပ်သားများ ရှားပါးသောကြောင့် ဈေးကြီးလာသည်နှင့် အမျှ ခေါ်ယူနိုင်စွမ်းလည်း ပိုကျဆင်းလာမည်။ ထို့ကြောင့် ကျွမ်းကျင်လုပ်သား ရှားပါးသော အခက်အခဲသည် မြန်မာများထဲတွင်မှ ဝန်ဆောင်မှု လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများကို ပိုမိုထိခိုက်မည် ဖြစ်သည်။



ကျွမ်းကျင်လုပ်သား ရှားပါးခြင်းကြောင့် ပြည်တွင်းလုပ်ငန်းများ ရပ်တည်ရန်၊ ချဲ့ထွင်ရန် ခက်ခဲသည့် အချိန်တွင် ပြည်ပမှ ပြိုင်ဘက်များသည် မြန်မာပြည်တွင်း ဈေးကွက်ကို သွားရည်ယိုလာကာ ဝင်ရောက်လာမည် ဖြစ်သည့်အတွက် မြန်မာလုပ်ငန်းတို့သည် နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း အခက်အခဲ ရင်ဆိုင်နေရသည်။ ဈေးကွက်စီးပွားရေးတွင် အကြံ့ခိုင်ဆုံးသူသာ ရှင်သန် ကျန်ရစ်မည် ဖြစ်ရာ မြန်မာစီးပွားရေး လုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သား ရှားပါးမှုကို အမြန်ဖြေရှင်းရမည် ဖြစ်သည်။



မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သား ရှားပါးရသည့် အကြောင်းရင်းမှာ ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ပညာရေးစနစ် ယိုယွင်းခြင်းနှင့် ဆူလွယ်နပ်လွယ် စီးပွားရေး လုပ်ငန်းရှင်များ ကြီးပွားခြင်းတို့ကြောင့် ဖြစ်သည်။



ပညာရေးစနစ် ယိုယွင်းခြင်းကြောင့် အတတ်ပညာရှင်၊ အသိပညာရှင်များ နည်းပါးသည်။ ထိုသို့ နည်းလွန်းသော သူများသည် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသောကြောင့် ပြည်ပသို့ ထွက်ကြရာ ရှင်နည်းရာ အဂ္ဂလူထွက် ဖြစ်ပြန်သည်။ ပြည်တွင်း စီးပွားရေးကြီးများ သည်လည်း ကျွမ်းကျင်စရာမလို ဦးရာလူစနစ်ဖြင့် ပါမစ်ပုံစံ သွားကြရာ အရည်အသွေး ကောင်းရန် မလိုသဖြင့် အသိပညာရှင် အတတ်ပညာရှင်များ ခန့်ထားရန် မလိုသောကြောင့် တကယ်တတ်သူတို့ အလုပ်အကိုင် အခွင့်အလမ်း နည်းပြန်သည်။ အလုပ်အကိုင် အခွင့်အလမ်း နည်းခြင်း၊ ပညာတတ်ရန် မလိုခြင်းကြောင့် ပညာတတ်လိုစိတ် နည်းပါးကြပြန်သည်။ အလုပ်အကိုင် အခွင့်အလမ်း နည်းခြင်း၊ ပညာရေး ယိုယွင်းခြင်းနှင့် ဆူလွယ်နပ်လွယ် သမားတို့ ကြီးပွားခြင်းတို့သည် အချင်းချင်း အားပေးကာ ကျွမ်းကျင်လုပ်သား ရှားပါးခြင်းကို ပိုမိုဆိုးဝါးစေသည်။



ကျွမ်းကျင်လုပ်သား ရှားပါးမှုကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဖြေရှင်းရမည် ဖြစ်သလို ပြည်တွင်းနေများအား အရည်အချင်း မြှင့်ပေးခြင်းနှင့် ပြည်ပမှ ကျွမ်းကျင်သူများအား ခေါ်ယူခြင်း နည်းလမ်း နှစ်ရပ်လုံးကို အလျဉ်းသင့်သလို ဆောင်ရွက်သင့်သည်။



အရည်အချင်းမြှင့် သင်တန်းများ ဖွင့်လှစ်ခြင်း၊ တက္ကသိုလ်များတွင် တက်ရောက်နေသူတို့အား စာသင်ခန်းတွင်း သင်ကြားမှုအပြင် ပြင်ပလုပ်ငန်းခွင် အတွေ့အကြုံ မဖြစ်မနေ ရယူစေခြင်းတို့ဖြင့် ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်မည် ဖြစ်သည်။ အင်အားကြီး စီးပွားရေး လုပ်ငန်းများသည် နိုင်ငံခြားသားများအား ခေါ်ယူခြင်း၊ ပြည်ပရောက် မြန်မာတို့အား ခေါ်ယူခြင်းတို့ဖြင့် ကျွမ်းကျင်လုပ်သား လိုအပ်ချက်အား ဖြေရှင်းနိုင်ပြီး ထိုသူတို့အနားတွင် မြန်မာအရည်အချင်း ရှိများအား ဝိုင်းရံထားခြင်း ဖြင့် ပြည်ပကျွမ်းကျင်သူ၏ လုပ်အားသက်သက်သာမက သူ၏ပညာကိုပါ ရယူနိုင်အောင် စီမံထားသင့်သည်။



ကျွမ်းကျင်လုပ်သား ရှားပါးခြင်းသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၏ ရပ်တည်နိုင်စွမ်းနှင့် နိုင်ငံ့စီးပွားရေးကို ရှေ့သို့ သယ်ဆောင်နိုင်စွမ်းကို ကြီးမားစွာ ထိခိုက်စေသောကြောင့် အမြန်ဆုံး ထိရောက်စွာ ကိုင်တွယ်ရမည် ဖြစ်သည်။



အယ်ဒီတာ (၈.၅.၂၀၁၄)







from The Voice Weekly's Facebook Wall http://ift.tt/RsYC9f

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...