ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့်နှင့် ပတ်သက်သော သဘောထားများကို NLD ပါတီမှ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား စာဖြင့်ရေးသား မေးမြန်းရာတွင် အမေးနှင့်အဖြေ ရှေ့နောက်မညီဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မေလ (၅)ရက်နေ့တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြား လိုက်သည်။
NLD ပါတီသည် ရွေးကောက်ပွဲကာလ မဲဆွယ်မှုနှင့် ပတ်သက်သော သဘောထားများကို ဧပြီလ ၂၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံ စာရေးသား မေးမြန်းခဲ့သည်။ကော်မရှင်မှလည်း ၎င်းတို့၏ သဘောထားများကို မတ်လ ၄ရက်၊ NLD ပါတီထံ ပြန်လည်ပေးပို့ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောစကားများနှင့် ယခုပြန်လည်ဖြေဆို ပေးပို့သော သဘောထားများ ရှေ့နောက် ညီညွတ်မှု မရှိခြင်းအပေါ် NLD ပါတီမှ ပြန် လည် ဝေ ဖန်ခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့် NLD မေးမြန်းမှုကို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြန်လည်ဖြေရှင်းခ
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1iuAsoV
Comments
Post a Comment